ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မိုင်းနောင်မြို့နယ်ခွဲတွင် နာမည်ကြီးအဆိုတော်များ ဂီတဖျော်ဖြေပွဲကျင်းပ
လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ပါတီက စည်းရုံးရေးလှုပ်ရှားမှုအဖြစ် နာမည်ကျော် သျှမ်းအဆိုတော်များ၏ မဲဆွယ်စည်းရုံးဖျော်ဖြေမှုကို မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက မိုင်းနောင်မြို့တွင် ကျင်းပခဲ့သည်။
ကျေးသီးမြို့နယ် မဲဆန္ဒနယ်အတွက် ပြည်နယ် အမှတ် (၂) လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့အတွက် မိုင်းနောင်ဒေသခံများမှ မဲပေးရွေးချယ်ရမည်ဖြစ်သောကြောင့် နာမည်ကျော် သျှမ်းအဆိုတော်များအနေဖြင့် မိုင်းနောင်တွင် လာရောက်ဖျော်ဖြေခဲ့ခြင်းဖြစ် သည်။
မနက် ၉ နာရီအချိန် မိုင်းနောင်မြို့ မှ မိုင်းရှူးမြို့ဘက်အထွက် ဘုန်းတော်ကြီးကျောင်းဘေး ကွင်းပြင်တွင် ကျင်းပသည့် တေးဂီတ ဖျော်ဖြေမှုနှင့် မဲဆွယ်စည်းရုံးမှုကို ဒေသခံ အမြောက်အမြားက ကျားခေါင်းပါတီ SNLD အလံများ ဝှေ့ယမ်းကာ လာရောက်အားပေး ခဲ့သည်။
သျှမ်းအဆိုတော်များဖြစ်သည့် စိုင်းအောင်ထီးခမ်း ၊ စိုင်းဆိုင်စွမ်ဖှ၊စိုင်းလိတ် တို့အပြင် စိုင်းဆိုင်ဖွန်၊ ၀ါရင့်တေးရေးဆရာ စိုင်းလောဝ်ဆိုင်၊ စိုင်းထဲန်လျောဝ်း ၊ စိုင်းဖွန်းမောဝ်း ၊ နန်းလောဝ်နွမ်ဟွမ် ၊ ယိင်းယိင်းခေးစသည့် အဆိုကျော်များက ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။
သီဆိုဖျော်ဖြေမှုများတွင် နာမည်ကျော် သျှမ်းသီချင်းများသာမကအမျိုးသားရေး ဇာတိမာန်တက်ကြွစေသည့် အမျိုးသားရေးသီချင်းများပါဖျော်ဖြေခဲ့ကြသည်။
Tags: General, News



