လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များလက်တွဲရေးနဲ့ ၂၁ ရာစုပင်လုံအလားအလာ



၂၁ ရာစုပင်လုံညီလာခံဒုတိယအကြိမ်အကြိုပြင်ဆင်ရေးအခြေအနေမှာအပစ်ရပ် NCA စာချုပ်လက်မှတ်ထားတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ၊ မထိုးသေးသည့် တပ်ဖွဲ့တွေမတ်ခ်ျ ၆ ရက်နေ့ က ချင်းမိုင်မြို့မှာတွေ့ဆုံဆွေးနွေးကြတယ်လို့ သိရပါတယ်။ လက်တွဲဖေါ်ဆောင်မှုတွေ ဘယ်လိုရှိပါသလဲ။ ၂၁ ရာစုပင်လုံညီလာခံဒုတိယအကြိမ် ကျင်းပရေးနဲ့ မျှော်လင့်ချက် အလင်းတန်းတွေကိုသျှမ်းသံတော်ဆင့်ကနေ သျှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှကိုဆက်သွယ်မေးမြန်းထားပါတယ်။


မေး။ ။ပြီးခဲ့တဲ့မတ်လ၅ရက်နေ့ကနိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့DPN နဲ့ညှိနှိုင်းရေးအဖွဲ့ CT တို့တွေ့ဆုံကြတယ်လို့ကြားသိရပါတယ်။ဘာတွေဆွေးနွေးခဲ့ရသလဲခင်ဗျ။


ဖြေ။ ။သူတို့တွေအစိုးရဘက်ကနိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ်UPDJC ခေါင်းဆောင်လည်းဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့သွားပြီးတွေ့ဆုံလာတယ်။NRPC နဲ့ပေါ့။တပ်ကိုယ်စားလှယ်တွေလည်းပါတယ်။သူတို့သွားပြီးတွေ့ဆုံလာတဲ့အကြောင်း၊ပန်ဆန်းကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ညီလာခံအကြောင်းတွေကိုပြန်ပြီးရှင်းလင်းကြတာဖြစ်ပါတယ်။


မေး။ ။ UNFC ကနေတောင်းဆိုထားတဲ့ အချက်တွေကိုအစိုးရဘက်ကလက်ခံတယ်လို့ပြောတယ်။ အဲဒီတော့ NCA လက်ထပ်ထိုးလာဖို့ အခြေအနေအပေါ် ဘယ်လိုသုံးသပ်လို့ရလဲ။


ဖြေ။ ။UNFCဆွေးနွေးချက်၉ချက်ကတော့မူအရအစိုးရကသဘောတူတယ်လို့ပြောတယ်။ဆိုလိုတာကပြန်ပြီးဆွေးနွေးရဦးမှာပေါ့။ဆွေးနွေးချက်၉ချက်ဆိုတာကလည်းပြန်ပြီးဆွေးနွေးဖို့ဆိုတာတွေချည်းပါဘဲ။


မေး။ ။ဒါဆို NCA လက်မှတ်ထိုးတဲ့ အဖွဲ့ နဲ့ မထိုးသေးတဲ့အဖွဲ့ ဘာတွေပူးပေါင်းဆောင်ရွက်ဖို့ဘာတွေဆွေးနွေးနိုင်ခဲ့ပါသလဲ။


ဖြေ။ ။၂ဘက်သဘောတူချက်အရဆိုရင်ထပ်ပြီးပူးပေါင်းရမှာကနိုင်ငံရေးဆွေးနွေးရေးမူဘောင်ကိုပြန်ပြီးဆွေးနွေးရမယ်။ပြန်ပြီးသုံးသပ်ရမယ်။သူတို့ဘက်ကအဆင်သင့်ဖြစ်ပြီလားမသိ။ဒါပေမယ့်ကျနော်တို့ဘက်နဲ့အစိုးရဘက်အရင်တုန်းကတွေ့ဆုံပြီးတော့နိုင်ငံရေးဆွေးနွေးရေးမူဘောင်ပြန်ပြီးဆွေးနွေးသုံးသပ်မှုတွေလုပ်ခဲ့ပါတယ်။အခုလည်း၉ချက်ထဲမှာဂျေအမ်စီမူကိုကိုပြန်ပြီးဆန်းစစ်ရမယ်လို့ပါတယ်။အစိုးရကလည်းဒါကိုမူအရသဘောတူတယ်လို့ပြောတယ်။ဒါမယ့်ပြန်ပြီးဆွေးနွေးရမယ်လေ။


မေး။ KNU ညီလာခံကြောင့်ဆွေးနွေးပွဲမလုပ်ဖြစ်သေးဆိုတာတွေကြားနေရတယ်။ဘယ်လိုအခက်အခဲရှိနေပါသလဲ။


ဖြေ။ ။ဟုတ်ပါတယ်KNUကလည်းသူတို့ညီလာခံကိုရွှေ့ပေးရတာအခါခါရှိပြီ။ဒီတခေါက်တော့သူတို့ရွှေ့ပေးဖို့ခက်ခဲလိမ့်မယ်ကြားတယ်။သူတို့ညီလာခံကိုမတ်လလယ်မှာလုပ်မယ်လို့ကြားတယ်။ဒါကြောင့်ဧပြီလလယ်အထိတော့မလုပ်ဖြစ်သေးဘူးထင်တာဘဲ။အစိုးရဘက်ကအသင့်ဖြစ်ပြီဆိုပေမယ့်KNUဘက်ကအသင့်မဖြစ်သေးတာတွေရှိနေတော့မှန်းကြည့်ရင်တော့ရက်မဆုံးဖြတ်နိုင်သေးဘူး။တဖက်ကလည်း PPST နဲ့ PPWT တွေ့ဆုံရာမှာလည်းကျနော်တို့လက်နက်ကိုင်အဖွဲ့၈ဖွဲ့ကအခက်အခဲတွေတွေ့တယ်။အရေးကြီးဆုံးကတော့ပြသနာဖြစ်တာများလာရင်ဖြေရှင်းဖို့အတွက်အစိုးရနဲ့လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေဖွဲ့စည်းထားတဲ့JICM မူဘောင်။ဒီဆွေးနွေးပွဲကမလုပ်ဖြစ်တာကြာပြီ။တဘက်ကအားရင်တဘက်ကမအားဘူး။ဒါကြောင့်ဒီတခေါက်ဆွေးနွေးပွဲကျရင်JICM ဆွေးနွေးပွဲပုံမှန်ပြန်လုပ်ဖို့တောင်းဆိုမယ်။ဒါမှပြသနာတွေကိုဖြေရှင်းနိုင်ပြီးတော့၂၁ရာစုပင်လုံညီလာခံကြီးအတွက်စဉ်းစားနိုင်မှာဖြစ်တယ်။


မေး။ ။သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက်ကကောခင်ဗျား။


ဖြေ။ ။သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက်လည်းPPST မှာတောင်းဆိုမယ်။ကျင်းပခွင့်ရအောင်ပေါ့။သျှမ်းနဲ့ရခိုင်ပေါ့။ကျနော်တို့သျှမ်းတော့လုပ်ခွင့်ရတယ်။ဒါမယ့်နေရာရွေးချယ်ရာမှာသဘောတူညီမှုမရနိုင်လို့လေ။ဒါမယ့်ရခိုင်မှာတော့လုံးဝကိုလုပ်ခွင့်မရတာလေ။အဲတာကြောင့်သူတို့လည်းPPST ကိုတင်ပြပေးဖို့အားကိုးတာ။


မေး။ ။လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးဘာဆက်ပြောချင်ပါသေးသလဲ။


ဖြေ။ ။အခုတော့ငြိမ်းချမ်းရေးအတွက်နိုင်ငံရေးကိုနိုင်ငံရေးနဲ့ဖြေရှင်းဖို့အးလုံးကသဘောတူတယ်။ကျနော်တို့တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတော့နိုင်ငံရေးမှာဆွေးနွေးဖို့ခွင့်မရှိသေးဘူး။ဒါကြောင့်၂၁ရာစုပင်လုံဒုတိယအကြိမ်ကိုရက်တောင်မသတ်မှတ်ရသေး။ရက်သတ်မှတ်ပြီဆိုရင်တောင်မှကျနော်တို့တင်ပြဖို့အချက်အလက်ရှိမှာမဟုတ်ဘူး။ကျနော်တို့ညီလာခံ၂ခါဝင်လာပြီဘာမှမယ်မယ်ရရမတင်ပြရသေးဘူး။အခုလည်းပြည်သူလူထုရဲ့အသံမပါဘဲနဲ့ကျနော်တို့ဘာတွေသွားတင်ပြရမလဲစဉ်းစားရခက်နေတယ်။ပြီးတော့လည်းသျှမ်းပြည်အတွက်သျှမ်းလူထုအတွက်ပေါ်လစီဖြစ်လာနိုင်မှာမဟုတ်ဘူး။ဒါကြောင့်လူထုတရပ်လုံးကပါဝင်လာနိုင်အောင်ပြောခွင့်ရလာအောင်လူထု ဆန္ဒတင်ပြနိုင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates