သျှမ်းပြည်နယ်လွှတ်တော်မှာ အမျိုးသမီး ၃၀ ရ်ာခိုင်နှုန်းရှိရင် အလုပ်ပိုသွက်မယ်။ အခုလက်ရှိ သျှမ်းပြည်နယ်လွှတ်တော်မှာ အမျိုးသမီး ၈ ယောက်ဘဲရှိတယ် .....
![]() |
| သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီ၏ ကမ္ဘာ့အမျိုးသမီးများနေ့အမြင်သဘောထား |
အခု ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသမီးအရေအတွက် ၁၁ ရာခိုင်နှုန်းဘဲရှိပါတယ်။ အဲတာကို ၃၀ ရာခိုင်နှုန်းအထိရှိစေချင်ပါတယ်။ အဲလောက်ရှိမှ လွှတ်တော်ထဲမှာကျမတို့အမျိုးသမီးတွေရဲ့အသံ ပိုပြီးအားရှိလာမှာဖြစ်ပါတယ်။ သျှမ်းပြည်နယ်လွှတ်တော်မှာလည်း အမျိုးသမီးနေရာရမှုအရမ်းနည်းနေပါတယ်။ ၈ ဦးဘဲရှိပါတယ်။ ကျားခေါင်းပါတီက ၅ ဦး၊ NLD က ၂ ဦးနဲ့ စစ်တပ်ရဲ့ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီက ၁ ဦးပါ ။
နောက်တခုက စစ်မြေပြင်မှာ စစ်ဘေးစစ်ဒဏ်ခံနေရတာတွေဟာ အမျိုးသမီးနဲ့ခလေးတွေဖြစ်ပါတယ်။ အနီးစပ်ဆုံး မနေ့က လောက်ကိုင်မှာဖြစ်တဲ့တိုက်ပွဲမှာဘဲကြည့်ပါ။ ကျောင်းဆရာမ ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ သူ့မှာ လသားခလေးလေးရှိပါတယ်။ ဒါကြောင့် စစ်ဘေးသင့်ရင် အရင်ဆုံး ထိခိုက်ရတာက အမျိုးသမီးတွေဖြစ်ပါတယ် ။
နောက်တခု သံလွင်မြစ်ပေါ်မှာဆည်တည်ဆောက်မယ်ဆိုရင် မြစ်ဘေးကရွာတွေအသိမ်းခံရမယ်။ အစိုးရတပ်မတော်ကနေ နယ်မြေရှင်းလင်းရေးတွေလုပ်မယ်။ အဲလိုဆိုရင် အားနွဲ့တဲ့အမျိုးသမီးနဲ့ခလေးတွေ အရင်ဆုံး ထိခိုက်ရပါမယ်။ ဒါကြောင့် စီမံကိန်းစမယ်ဆိုကတည်းက အရင်ဆုံးထွက်ပြေးရမှာက အမျိုးသမီးနဲ့ခလေးတွေဖြစ်ပါတယ် ။
ဒီအမျိုးသမီးတွေအတွက်အမျိုးမျိုးသောဘေးရန်ကိုကာကွယ်ပေးနိုင်ဖို့ ကျမတို့အမျိုးသမီးတွေ လွှတ်တော်ထဲမှာနေရာများများရယူမှဖြစ်မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ နေရာများများရမှ အမျိုးသမီးထုတခုလုံးကိုအကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ် ။
နောက်ဆုံးအနေနဲ့ NGO-CSO တွေကိုတောင်းဆိုချင်တာက ကျမတို့အမျိုးသမီးတွေကိုနိုင်ငံရေးမှာ သိရှိနားလည်လာအောင်၊ နိုင်ငံရေးကို စိတ်ဝင်စားလာအောင် ကူညီပေးကြပါ။ အမျိုးသမီးတွေကို ထပ်ပြီးစွမ်းရည်မြင့်တင်ပေးပါ - လို့ ။
Tags: Opinion


