အရည်အချင်းပေါ်မူတည်တယ် ၊ အရည်အချင်းရှိရင်လုပ်နိုင်တယ်၊ အရည်အချင်းမရှိရင် မဖြစ်နိုင်ဘူး....
![]() |
| သျှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN၏ အတိုင်ပင်ခံ ဆရာမဟန်နွန်း ၏ ကမ္ဘာ့အမျိုးသမီးများနေ့ အမြင်သဘောထား |
အမျိုးသမီးအဖွဲ့တွေဆိုလည်း မြို့နယ်တိုင်း လိုလို ရှိကြပြီ၊ စာပေယဉ်ကျေးမှုမှာကော၊ နိုင်ငံရေးမှာကော၊ လူမှုအဖွဲ့အစည်းတွေမှာကော၊ သူတို့တွေ အများကြီး ပါဝင်လှုပ်ရှားလာတာတွေ တွေ့ရတယ်။ အမျိုးသမီးတွေကို အားပေးစကား ပြောချင်တာကတော့ - ကျမတို့ သျှမ်းအမျိုးသမီးတိုင်းဟာ အရင်တုန်းကလို မျက်စိပိတ် နှားပိတ်ပြီး အရင်လိုနေလို့မရတော့ဘူး။ ကျမတို့တွေ လှုပ်ရှားရမယ် ၊ လေ့လာရမယ်။ ကမ္ဘာ့အဆင့်မှီအောင် ကြိုးစားရမယ်။ ဗဟုသုတတွေ သင်ယူရမယ်။ အမျိုးသားရေးတွေမှာ ပါဝင်လာအောင် ဆုံးဖြတ်နိုင်အောင်ပေါ့ ။
Tags: Opinion


