နိုင်ငံရေးမတည်ငြိမ်သေးတာကြောင့်အခွင့်အလမ်းမရသေးတဲ့ လူငယ်တွေအများကြီးရှိနေသေးတယ်။ လူငယ်တွေကို လူမှုရေးမှာ စိတ်ပါဝင်စားလာစေလိုတယ်...ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ခိုင်မြဲလက်တွဲပြီးဖြတ်ကျော်စေလိုတယ်...



သျှမ်းအမျိုးသားလူငယ်များကျောင်း SSSNY
 ဒါရိုက်တာ နန်းချမ်တောင်း၏
ကမ္ဘာ့အမျိုးသမီးများနေ့ အမြင်သဘောထား
 
အဓိကကတော့ ကျမတို့ သျှမ်းလူငယ်တွေ ဒီကျောင်းကနေ ပြီးသွားရင် မိမိရပ်ရွာမှာ ပြန်ပြီးအထောက် အကူပြုလုပ်ငန်းတွေလုပ်စေချင်တဲ့ဆန်ဒနဲ့ ဒီကျောင်းကိုတည်ထောင်ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ လူငယ်တွေနိုင်ငံရေးမှာစိတ်ဝင်စားလာအောင်၊ အမျိုးသားရေးလုပ်ငန်းမှာ ပိုပြီးနားလည်မှုရှိလာအောင် ရည်ရွယ်ပါတယ်။ ဒါမှ အနာဂတ်မှာလူငယ်တွေ ဦးဆောင်မှုအပိုင်းမှာတာဝန်ယူ တတ်လာအောင်ပေါ့။ တကယ်တော့ ကျားမ မရွေးလူငယ်တိုင်းကို မြို့ရွာနဲ့ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးမှာ ပူးပေါင်းလုပ်ဆောင်စေလိုပါတယ်။  နိုင်ငံရေး စစ်ရေး မတည်ငြိမ်မှုကြောင့် အခွင့်အလမ်းရလိုတဲ့ လူငယ်တွေအများကြီး ရှိနေပါသေးတယ်။  


အဲဒီအတွက်ကျမတို့အခက်အခဲအများကြီးရှိပါတယ်။ တနှစ်မှာ ကျောင်းတက်ဖို့ လျှောက်လွှာတင်လာကြတာ ၁၃၀ ထက်မနည်းရှိတယ်။ တကယ်တမ်း ကျမတို့ လက်ခံနိုင်တာက ၃၀ လောက်ဘဲ။ ဖြစ်နိုင်ရင်တော့ အဲထက်ပိုပြီးလက်ခံချင်တာပေါ့။ ဒါမယ့် ကျမတို့ သင်တန်းကျောင်းဖွင့်လာတဲ့ ၁၆ နှစ်တာကာလ ကိုပြန်ကြည့်ရင်တော့ အားရကျေနပ်မှုရရှိ ခဲ့ပါတယ်။ မိမိကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တော်တော်များများသွားပြီး ကူညီကြပါတယ်။


 ဒါကြောင့် ကမ္ဘာ့အမျိုးသမီးများနေ့မှာ တိုင်းရင်းသားလူငယ်တွေကိုမှာချင်တာကတော့ ရင်ဆိုင်ရမယ့်အခက်အခဲတွေကို ဖြတ်ကျော်နိုင်ဖို့ ကျမတို့လူငယ်တွေကို ခိုင်မြဲလက်တွဲ စည်းလုံးညီညွတ်မှုရှိကြပါလို့တိုက်တွန်းလိုတယ်။ ရပ်ရွာရေး လူမှုရေးလုပ်ငန်းမှာ နားလည်မှုရှိရှိနဲ့ ကူညီလုပ်ဆောင်သွားကြပါ။ လူကြီးတွေခင်းထားပေးတဲ့လမ်းကနေ စိတ်ဝမ်းမကွဲဘဲနဲ့ အောင်မြင်အောင်ဖြတ်ကျော်သွားကြပါလို့တိုက်တွန်းလိုပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates