ဗိုလ်ချုပ်တံတားအဖြစ် သတ်မှတ်ရန် NLD လွှတ်တော် ဆုံးဖြတ်မှုမှာ တိုင်းရင်းသား လူနည်းစုများအား ဒီမိုကရေစီအရ အနိုင်ကျင့်မှုဟု ခွန်ထွန်းဦးဝေဖန်



သံလွင်တံတား ချောင်းဆုံအား ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် သတ်မှတ်ရန် NLD အများစု ဦးဆောင်သည့် လွှတ်တော်မှ ဆုံးဖြတ်ခဲ့မှုမှာ တိုင်းရင်းသား လူနည်းစုများအား ဒီမိုကရေစီအရ အနိုင်ကျင့်မှုဖြစ်သည်ဟု သျှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးက ဝေဖန် ပြောဆိုလိုက်သည်။


ရဟန်းသံဃာတော်များအပါဝင် ဒေသခံ ပြည်သူများက ကန့်ကွက်မှုများ ရှိနေသည့်အကြားမှ NLD အမတ် အများစုရှိသည့် ပြည်သူ့လွှတ်တော်တွင် ဗိုလ်ချုပ်တံတားအဖြစ် သတ်မှတ်ရေးအဆိုကို ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ် သည်။


' ဒါဟာ လူနည်းစုရဲ့ ဆန္ဒကို ငါတို့က အများစုဆိုတဲ့ သဘောနဲ့ အနိုင်ကျင့် တာဖြစ် တယ်။ ဒီလို မဂျော်ရတီက လူများစုဆိုတဲ့ ပြုမှု ဆုံးဖြတ်မှုတွေကြောင့် ပင်လုံ ကတိကဝတ် သွေဖီမှုတွေနဲ့အတူ နှစ် ရ၀ နီးပါး ကြာနေပြီဖြစ်တဲ့ ပြည် တွင်းစစ် ဖြစ်နေရတာဖြစ်တယ်။ အတော်ကိုတုန်လှုပ်စရာ ကိစ္စပါ။ ဒီလိုပုံစံနဲ့ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ဖို့ ခက်လိမ့်မယ်။' ဟု သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦးက သျှမ်းသံတော်ဆင့်သို့ မတ်လ ၁၅ ရက်နေ့တွင် ပြောသည်။


ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ရှိခဲ့သည့် ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်တွင် တိုင်းရင်းသားများအား လူများစုမှ အနိုင်မကျင့်စေရန်အတွက် အကာကွယ်ပေးရေးအချက်များပါဝင်သလို တိုင်းရင်းသားများအား  ကျွန်ပြုမခံရအောင် ဆိုသည့် ကတိမှာ အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေခဲ့သည်။


ဒေသခံများ ကန့်ကွက်နေသည့် အကြားမှ NLD အများစုဖြစ်သည့် လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ခဲ့ မှုအပေါ် လူမျိုးကြီးဝါဒ ကျင့်သုံးမှုနှင့် ဒီမိုကရေစီ အရ လူနည်းစုအပေါ် အနိုင်ကျင့်မှုအဖြစ်လည်း တိုင်းရင်းသား အသိုင်းအဝိုင်း တွင်သာမက ပြည်မရှိ ဒီမိုကရေစီ အင်အားစုအချို့ကလည်း ဝေဖန်မှု များ လည်း ရှိနေသည်။ NLD အစိုးရလက်ထက်တွင် တိုင်း ရင်းသားဒေသများ တွင် တပ်မတော်မှ ထိုးစစ်များဆင်သော်လည်း အစိုးရမှ နှုတ်ဆိတ် နေခဲ့ခြင်း ၊ ဗိုလ် ချုပ်ကြေးရုပ်များသာ တိုင်းရင်း သား ဒေသများတွင် လိုက်ထားနေပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပင်လုံစာချုပ်အပေါ် အရေးမပါ သယောင်ပြော ဆိုမှုများလည်းရှိခဲ့သည်ဟု လူငယ်များကြားဝေဖန်မှုများရှိခဲ့ သည်။


ယင်းအပြင် နိုင်ငံရေးအရ မရေရာ မသေချာပဲ ၂၁ ပင်လုံဟူသော အမည်ဖြင့်ေ ဆွးနွေးပွဲများ ကျင်းပရန် ရည်ရွယ်နေရာ အကောင်ထည်ဖော်ရန် ပျက်ကွက်ခဲ့ေ သာ ၁၉၄၇ ခုနစ်ပင်လုံ ပဋိဉာဉ်အား ပယ်ဖျက်အစားထိုးရန် ကြံစည်ခြင်းလော ဟူသည့် စိုးရိမ်မှုများမှာ တိုင်းရင်းသား အသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေပါသည်။


“တိုင်းရင်းသားတွေက ဗိုလ်ချုပ်ကို မလေးစားလို့ ဖြစ်နေတာမဟုတ်ဘူး။ အခုကဇွတ်ကော အတင်းကော ဆို တဲ့ကိစ္စတွေက မကောင်းဘူး။ တိုင်းရင်း သားတွေ ဘက်က တစ်ချိန်မှာ အမျိုးသားရေးပြင်းထန်သူတွေနေရာရရလာပြီး ဗိုလ်ချုပ်ရုပ်တုတွေ ဆိုင်းဘုတ်တွေကို ပြန်ဖျက်တာတွေဖြစ်လာနိုင်တဲ့အထိပါ စဉ်းစားထားဖို့လိုတယ်။ ပြည်တွင်းစစ်မရပ်ခြင်းရဲ့ အရင်းခံက တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ လူများစုအကြား ၊ အစိုးရအကြား ယုံကြည်မှု မတည်ေ ဆာက်နို င် မှုအပေါ် မူတည်တယ်။ ” ဟု ခွန်ထွန်းဦးက ပြောသည်။


မွန်ဒေသခံများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအမည်မပေးပဲ ဒေသနှင့် ကိုက်ညီ သည့် မွန်နာမည်ဖြစ်စေ အခြား မွန် သူရဲကောင်းနာမည်ဖြင့် ဖြစ်စေ ပေးရန် ယခင်က ဆန္ဒပြတောင်းဆိုခဲ့ဖူးပြီး လာမည့် မတ်လ ၁၉ ရက်နေ့တွင်လည်း လူထုဆန္ဒပြပွဲ ပြုလုပ်ဦးမည်ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates