ဒေသအတွင်းဖွံ့ဖြိုးမှုနောက်ကျရသည်မှာ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA ကြောင့်ဟု အရှေ့အလယ်ပိုင်းတိုင်းမှူးပြော
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ်အား ဖိတ်ခေါ်တွေ့ဆုံစဉ် သျှမ်းပြည်အလယ်ပိုင်း ကျေးသီး - မိုင်းနောင် အတွင်း ဒေသဖွံ့ ဖြိုးမှု နောက်ကျရသည်မှာ သျှမ်းလက်နက်ကိုင်တပ်များဖြစ်ကြသည့် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ကြောင့် ဖြစ်သည်ဟု ပြောကြားလိုက်သည်။
![]() |
| ဓါတ်ပုံ- ယခင်က ရလခ တိုင်းမှူးနှင့် SSPP/SSA ကိုယ်စားလှယ်တို့တွေ့ဆုံပွဲ |
သျှမ်းပြည်တွင် သျှမ်းလူမျိုး သိပ်မရှိတော့ဘဲ အခြား လူမျိုးများ အများအ
ပြားလာရောက်နေထိုင် သောကြောင့် သျှမ်းပြည်ဟုပင် မခေါ်ဆိုသင့်တော့ကြောင်း၊ ယခင်က သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ ပုံပါကျင်ဘက်တွင် သျှမ်းလူမျိုးအများအပြားရှိကြောင်း၊ ယခုတွင် တရုတ်စာများသာတွေ့မြင် နေရ ကြောင်း၊ သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင် - ကျေးသီး ဖွံ့ဖြိုးမှု နောက်ကျရသည်မှာလည်း သျှမ်းလက် ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် RCSS/SSA နှင့် SSPP/SSA တို့ကြောင့် ဖြစ်ကြောင်း တိုင်းမှူးက ပြောကြား သည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အရာရှိတဦးက “ တိုင်းမှူးကြီးပြော ဆို ဆက်ဆံပုံက သံတမန် မဆန်ဘူး။ တဘက်သားကို ပြစ်တင်ပြောဆိုတယ်၊ နှိမ်ပြီး ဆက်ဆံတယ်။ တိုင်းမှူးကြီးက ကျနော်တို့ကို -ဘိန်းခင်း တိုက်ဖျက်တဲ့ တပ်မတော် စစ်ကြောင်းကို တိုက်ခိုက်တယ်၊ သူတို့လူတွေကို ဖမ်းဆီး ရိုက်တယ် - ဆိုပြီး လုံးဝမကျေနပ်ဘူးတဲ့။ အဲဒီ့ကိစ္စကို ကျနော်တို့ တာဝန် ယူရမယ်တဲ့။ အမှန်တော့ ဘိန်းခင်း အကြောင်းပြပြီးကျနော်တို့တပ်ကို သာ သူတို့လာတိုက်တာ။ အမှန်တော့ကျနော်တို့စစ်ကြောင်း လှုပ်ရှားမှုကို လူလွှတ်စုံစမ်း လာလို့ သူတို့လူအဖမ်းခံရတာလေ” - ဟု ပြောသည်။
နှစ်ဘက်တွေ့ဆုံမှုတွင် ရလခ တိုင်းမှူး နှင့်အတူ ဗိုလ်မှူးကြီး ဆန်းညွှန့်ဇော်၊ ဂျီဝမ်း ဗိုလ်မှူး ထင်လင်း ကျော် တို့ ပါဝင်ပြီး သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်တွင်မူ ဒုတိယ ဗိုလ်မှူးကြီး ခေးမောဝ်း က ဦးဆောင် သည်ဟု သိရသည်။
Tags: General, News


