ခေမာရဠ်တိုင်း ကျိုင်းတုံမှာ သျှမ်းပါတီ အနိုင်ရဖို့ ဘာလုပ်သင့်လဲ …. (ကျားခေါင်း၏ ကျိုင်းတုံမြို့နယ် ဥက္ကဌ အားဆက်သွယ်မေးမြန်းချက်)
![]() |
| ကျားခေါင်း၏ ကျိုင်းတုံမြို့နယ် ဥက္ကဌ စိုင်းထွန်း |
မေး။ ။ ဘာကြောင့် ကျိုင်းတုံမြို့ကြားဖြတ်ရွေးကောက်ပွဲမှာ SNLD ပါတီမအောင်နိုင်တာလဲ။
ဖြေ။ ။ ရှုံးနိမ့်ရတဲ့အကြောင်းရင်းကတော့ ကျနော်တို့ သျှမ်းပြည်သူလူထု နိုင်ငံရေးမှာစိတ်ဝင်စား မှုနည်းပြီး မဲလာထည့်တဲ့သူလည်းအရမ်းနည်းတာကြောင့်ဖြစ်တယ်။ ကျနော်တို့ကျိုင်းတုံက အလုပ်အမှုဆောင်ကော်မတီဘက်ကလည်း အားနည်းချက်တချို့ရှိရင်ရှိပါလိမ့်မယ်။
မေး။ ။ အခုလိုရှုံးနိမ့်သွားတော့ နောက်နောင်အကြိမ်မှာ ထပ်မရှုံးနိမ့်အောင်ဘယ်လိုလုပ်ရမလဲ။
ဖြေ။ ။ ပါတီဝင်တွေ တခြားဒေသကလာကူတဲ့သူတွေကတော့ အင်တိုက်အားတိုက်ရှိပါရဲ့။ ကျနော်တို့ကျိုင်းတုံမြို့ခံတွေရဲ့အားနည်းချက်ပေါ့။ ဒီလိုထပ်မဖြစ်အောင် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးတော့အဖြေရှာသွားပါမယ်။ ကျနော်တို့ဘယ်အပိုင်း မှာအားနည်းသလဲ။ ဘယ်အပိုင်းမှာ ဘာလိုအပ်သလဲဆိုတာကို ကွင်းဆင်းပြီး ပြင်ဆင်ဖြည့်စွက် သွားပါမယ်။
မေး။ ။ အောင်နိုင်ရေးအတွက် ဗဟိုက နေပံ့ပိုးမှုကော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော်တို့မြို့နယ်အတွက် လူအင်အား နည်းပညာအင်အား အစစအရာရာ ကူညီမှုပေးတဲ့ ဗဟိုကိုကျေးဇူးအထူးတင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ ဥက္ကဌကြီးကိုယ်တိုင် ပင်ပမ်းခံပြီး ကျိုင်းတုံ အထိကြွရောက်အားပေးတဲ့အပေါ် ကျေးဇူးတင်တယ်။ ကျနော်တို့ ကျိုင်းတုံမှာ ဒီတခေါက် ရှုံးနိမ့်ခဲ့ပေမယ့် ဗဟိုရဲ့အားပေးမှုကြောင့် အားရှိပါတယ်။ နောက်နောင်အခါရွေးကောက်ပွဲမှာ အောင်နိုင်အောင်ကျနော်တို့ကြိုးစားပါမယ်လို့ပြောချင်ပါတယ်။
မေး။ ။ ရှေ့ဆက်မှာ ကျားခေါင်းပါတီ ဘာဆက်လုပ်ဖို့အစီအစဉ်ရှိပါသလဲ။
ဖြေ။ ။ လောလောဆယ်တော့ စည်းရုံးရေးခရီးမှာ အားဖြည့်ကူညီပေးတဲ့ ညီကိုမောင်နှမတွေကို ပို့ဆောင်ပေးပြီးခါစမို့ဘာမှမလုပ်ရသေးပါဘူး။ အလုပ်တွေရှင်းလင်းပြီးမှဘဲ အစည်းအဝေးထိုင်ပြီး အစီအစဉ်ချသွားပါမယ် ဘာဆက်လုပ်မလဲဆိုတာ။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျိုင်းတုံမြို့က လစ်လပ်တဲ့ ပြည်နယ် ၂ ကိုယ်စားလှယ် နေရာ မှာ သျှမ်းပါတီ ၂ ခု ၊ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ အခါပါတီ၊ လားဟူပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင်ပေမယ့် စစ်တပ်ပါတီလို့ လူသိများတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ USDP ကို အနိုင်မရခဲ့ပါဘူး။
Tags: Interview


