လားရှိုးမြို့နယ် အရှေ့ပိုင်းကျေးရွာများတွင် ကျွဲနွားများ ဒေါင့်သန်းရောဂါဖြစ် ရာဂဏန်းသေဆုံး



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက်ရှိ မိုင်းယော်၊ မိုင်းကြတ်ဒေသတွင် ရာသီဥတု ပူပြင်းမှုကြောင့် ကျွဲနွားများကပ်ရောဂါကျကာ ရာဂဏန်း သေဆုံးခဲ့ကြောင်းသိရသည်။


နွေဥတုအတွင်း အပူချိန်မြင့်မားမှုကြောင့် သံလွင်မြစ်ဘေးရှိ မိုင်းယော်၊ မိုင်းဟက်၊ မိုင်းကြတ် နှင့် မန်မတ်ကျေးရွာအုပ်စုများဘက်တွင် ကျွဲနွားကပ်ရောဂါကျကာ ၂၁၀၇ မေ လ နှောင်းပိုင်း နှင့် ဂျွန်လဆန်းအတွင်း ကျွဲ နွားများ ရာဂဏန်းသေဆုံးနေကြောင်း၊ မိုင်းကြတ်၊ နောင်အော် ကျေးရွာ တခုတည်းပြင် ကျွဲ ၁၃၆ ကျော် နွားက ၉ ကောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိုင်းကြတ်ဒေသခံ စိုင်းလုံက ပြောသည်။


“ ဂျွန်လ ၁၁ ရက်နေ့ကစာရင်းကောက်ယူတာ။နောင်အော့ရွာမှာစဖြစ်တာ။ ကျွဲနွားတွေက အုပ်လိုက် မွေး တော့ တချို့အိမ်တွေဆိုရင် ၈ ကောင်၊ တခြားအိမ်ဆို ၉ ကောင်၊ တချို့အိမ်ဆို ၅ ကောင် အဲလိုတွေ သေတာ။ ဒီ ၆ လပိုင်း  ၈ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းအရ ရာဂဏန်းရှိတယ်။ ၀မ့်လုံမိုင်းကြတ် အပိုင်းမှာ လဲများတယ်။  အရမ်းပူတော့ မိုင်းကြတ် မှာတောင်မထားရဲဘူးကျနော်တို့ကျွဲနွားတွေကို။ တခြား ကိုပို့ထားရတယ်။ ဒါမယ့်ကာကွယ်ဆေးတွေဘာတွေမထိုးရရင် အခြေအနေက စိတ်မချရ ဘူးလေနော် ” - ဟု စိုင်းလုံကပြောသည်။


မိုးဦးကျချိန်တွင်ကျွဲနွား တိရစ္ဆာန်များ ရောဂါကျကာ နှစ်စဉ်သေဆုံးမှုများရှိခဲ့သည်။ သို့သော်ယခင်နှစ်များက ယခုကဲ့သို့ အစုအပြုံလိုက် သေခြင်းမျိုးမရှိခဲ့ဖူးသဖြင့် ရွာသားများစိုးရိမ်ထိတ်လှန့်မှုဖြစ်ခဲ့ရကြောင်း မိုင်းယော် ဒေသခံ နန်းမွန်းက လည်းပြောဆိုပါသည်။


သူ့ရာသီကြောင့်သေတယ်ဆိုပေမယ့်   ကျန်းမာရေးဌာနက လာရောက်ကြည့်ရှုဆေးကုပေးတာမရှိဘူး။ ကိုယ့်ဟာကိုဘဲ ရိုးရာနည်းနဲ့ဘဲ ဆေးကုပေးတယ်။ တိရစ္ဆာန်ဆရာဝန်တွေလည်းမလာဘူး၊ ဒီရွာတွေဘက် မှာ မရှိဘူးလေ - ဟု စိုင်းလုံက ဆက် လက်ပြောပြသည်။
ကျွဲနွားများသည် ညပိုင်း ညဦးပိုင်းတွင် သေဆုံးမှုများပြားကြောင်း၊ ကျွဲနွားများ သေဆုံးမှုလက္ခဏာမှာ အသက်ပြင်းပြင်းရှူခြင်း၊ လူးလိမ့်ခြင်းခေါင်းခါယမ်းခြင်းတို့ပြုလုပ်ပြီး  စမြုံ့ပြန်ကာ လဲကျသေဆုံးသွား ကြောင်းဆိုပါသည်။


ယမန်နှစ်က ကျွဲနွားကပ်ရောဂါ သို့မဟုတ် ဒေါင့်သန်းရောဂါ (ဒေသအခေါ် ကာလရောဂါ) ကို သျှမ်းပြည် အလယ်ပိုင်း ပင်လုံ ၊ လဲချား ၊ မိုင်းကိုင် ၊ ကျေးသီး ၊ မိုင်းရှူး ၊ သီပေါ ၊ မိုင်းရယ် နှင့် တန့်ယန်း မြို့နယ် ဒေသများတွင်အဖြစ်များပါသည်။


ကျွဲ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ် သည့်ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူ များမှာ အရေပြား အနာများဖြစ်ကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည် ဟု သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates