လွှတ်တော် အတွင်းလွတ်လပ်စွာသတင်းရ ယူခွင့်ရရှိရေးတောင်ကြီးသတင်းသမားများ အသင်း ဆန္ဒ ဖော်ထုတ်တောင်းဆို
သျှမ်းပြည်နယ် လွှတ်တော် အတွင်းလွတ်လပ်စွာသတင်းရ ယူခွင့်ရရှိရေး နှင့် ပုဒ်မ ၆၆ (ဃ) ပယ်ဖျက်ရေး အတွက် တောင်ကြီးသတင်းသမားများ အသင်း (TJA)မှ ယမန်နေ့က တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံ ရှေ့တွင် ဆန္ဒ ဖော်ထုတ်တောင်းဆို ခဲ့ကြသည် ။
" အဓိကကတော့ သျှမ်းလွှတ်တော် မှာ သတင်းရယူခွင့်အတွက် တော်တော် ခက်ခက်ခဲခဲဖြစ်နေတဲ့ ကိစ္စ ၊ အရင်အစိုးရ ရော အခုအစိုးရလက်ထက်မှာပါ သ တင်း လွတ် လပ်ခွင့်နဲ့ ပက်သက်ပြီး မပြောင်းလဲသေး ပါဘူး " ဟု တောင်ကြီးသတင်းသမားများ အသင်း (TJA) မှ ပြန်ကြားရေး တာဝန် ခံ ကိုနေလင်းသိုက် ကပြောသည် ။
သတင်းမီဒီယာသမားများ သာမက အများပြည်သူတို့ ၏ လွှတ်လပ်စွာထုတ်ဖော်ပြော ဆိုရေးသားခွင့် အတွက် ခြိမ်းခြောက်ကန့်သတ် နေသော ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ရန် (သို့မဟုတ်)ဖျက်သိမ်း ပေးရန် နှင့်သျှမ်းပြည်နယ် လွှတ်တော် အတွင်းသတင်း သမား များ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရန် အတွက် တောင်ကြီးသတင်းသမားများ အသင်း (TJA) အနေ ဖြင့် ဂျွန်လ ၁၅ ရက်နေ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းကပြောသည် ။
ပုဒ်မ ၆၆(ဃ) အားပြင်ဆင်ရန် (သို့မဟုတ်)ဖျက်သိမ်း ပေးရန် အတွက် တစ်နိုင်ငံလုံးနီးပါး သတင်းသမား များက တောင်းဆိုနေကြကြောင်းသိရှိရပါသည် ။
Tags: Human Right, News


