စိတ်မနှံ့သူမှပစ်ခတ်မှုကြောင့် မိုးနဲသျှမ်းလူငယ်ခေါင်းဆောင် ၂ ဦး ဒဏ်ရာရ



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက်၌ မိုးနဲ သျှမ်းလူငယ်ခေါင်းဆောင်တစ်ဦး တူးမီးသေနတ် ပစ်ခတ်ခံရကြောင်း သိရသည်။


တူမီးသေနတ် နှင့် ပစ်ခတ်ခံရသူမှာ မိုးနဲ သျှမ်းလူငယ် TYO အဖွဲ့ ခေါင်းဆောင် စိုင်းထွန်းဦး ဆိုသူဖြစ်ပြီး ပစ်ခတ်သူမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူ အသက် ၄၀ ၀န်းကျင်ရှိ အိန္တချိန့်ဆိုသူဖြစ်ကြောင်း၊ ဂျွန်လ ၂ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိုးနဲဒေသခံများက ဆိုသည်။

ဓါတ်ပုံ- စိတ်မနှံ့သူ၏အိမ်အား ရပ်ကွက်လူထုနှင့်အာဏာပိုင်များဝန်းရံပြီး
 ဖမ်းဆီးနိုင်ရန်ကြိုးစားနေစဉ် (Mong Naoi News)
“ သူတို့က အိမ်နီးချင်းတွေလေ။ ပေ ၂၀ လောက်ဘဲ ကွာတယ်၊ အုပ်ချုပ်ရေး နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ပြီး အရေးယူထားတယ်။ အခင်းဖြစ်တဲ့နေရာမှာ တရားခံရှိပေမယ့် ဖမ်းဆီးဖို့အရမ်းခက်တယ်။ သူက တူမီးသေနတ်နဲ့ ခုခံတာလေ။ ဒီည ၁၀ နာရီကျော်အထိ ဖမ်းလို့မရသေးဘူး ” ဟု ဒေသခံ တစ်ဦး ကပြောသည်။


မိုးနဲ သျှမ်းလူငယ်ခေါင်းဆောင် စိုင်းထွန်းဦး ကို ယနေ့မနက် ၅ နာရီခွဲ ခန့်က လွိုင်လင်ဆေးရုံမှ တဆင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံနေရကြောင်း သိရသည်။


“ တရားခံ က အိမ်ကနေ အပြင်မထွက်ဘူး၊ သူ့အိမ်က နှစ်ထပ်အိမ် တံခါးတွေ ပိတ်ပြီးတော့ နေတယ်၊ ကျတော်တို့ ခဲ တွေ နဲ့ သူ့အိမ်ကို ထုတယ်ပေါ့ဗျာ ၊ ရေပိုက်ကြီးနဲ့ ရေဖြန်းတယ်။ မထွက်လာဘူး။ အဲ့တော့ အတတ်နိုင်ဆုံး သူ့ကို အရှင် ဖမ်းဆီးရဖို့အတွက် ကြိုးစားရတယ် ၊ အရင်တုန်းက မိသားစု နဲ့ ။ အခုတော့ မိသားစုတွေ ထွက်ပြေးပြီလို့ပြောတယ်”ဟု မိုးနဲမြို့မ ရဲစခန်း ဒုမြို့နယ်မှူး ကပြောသည်။


ယနေ့ ဂျွန် ၃ ရက် ညပိုင်း အထိ တရားခံကို ဖမ်းဆီးရမိဖို့ လူငယ်များ ကြိုးပမ်း ခဲ့ရကြောင်း စိုင်းထွန်းဦးအပြင် အသက် ၂၂ နှစ် အရွယ် စိုင်းစွမ်ဆိုင် က ပုခုံးထိမှန်ခဲ့ပြီး မစိုးရိမ်ရ ကြောင်း ဒေသခံ တစ်ဦး ကပြောသည်။ မိုးနဲမြို့မရဲစခန်းမှ တရားဥပဒေ ပုဒ်မ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၆/၃၀၇ အမှုဖွင့်ထားကြောင်း ဒုမြို့နယ်မှူး ကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates