ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ပြည်နယ်လွှတ်တော်အမတ်သစ်များ ကျမ်းသစ္စာပြု



ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့တွင် ကတိသစ္စာမပြုရသေး သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော် သား ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း နှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ ခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


၂၀၁၇ ဧပြီ ၁ ရက်နေ့က ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်အတွင်း အနိုင်ရ ရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦး နှင့် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦး စုစုပေါင်း ၉ ဦးတို့   ယနေ့ကျင်းပသော သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင်  ကတိသစ္စာ ဆိုခဲ့ကြခြင်းဖြစ်သည်။


“သစ္စာပြုမှုထဲမှာ တချို့ဟာတွေမနှစ်သက်တာတွေလည်း ရှိတယ်။ ဒါပေမယ့် မနှစ်သက်ပေမယ့် လုပ်ရမှာ ဘဲ။ ကိုယ့်တိုင်းပြည်တိုးတက်ဖို့ ဘာကြောင့် လည်းဆိုတော့ လွှတ်တော်အမတ် တစ်ယောက် အနေနဲ့ ကတိသစ္စာပြုမှုက ခံယူရမယ် ဥပဒေလည်း ရှိထားတယ်” ဟု မိုင်းရှုးမြို့နယ် ပြည်နယ် ၂ မှ သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ် သစ် နန်းကောင်ခမ်း က သျှမ်းသံတော်ဆင့်အား ပြောသည်။


 ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့အား  ဂျွန်လ ၆ ရက်နေ့က တောင်ကြီးမြို့ သျှမ်းပြည်နယ်လွှတ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။


“ ဒီနေ့ လွှတ်တော် ပထမဆုံးရက်၊ အတွေ့အကြုံအရတော့ ကောင်းတာတွေလည်း ရှိတယ်၊ ကိုယ့်ပြည်နယ် အတွက် သူတို့မေးသွားတဲ့ မေးခွန်းတွေ ကောင်းပါတယ်၊ တစ်ချို့လည်း မေးခွန်းက အပိုအလုပ်တွေ တ ကယ် တမ်း ကျမအမြင်ကတော့ လွှတ်တော်အမတ် တစ်ယောက်ဟာ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေ တွေ ဖယ်ထုတ်ရမယ်၊ ပြည်သူပေါ်ကောင်းမယ့် ဥပဒေတွ ထောက်ပံ့ရမယ်လို့ …. ”ဟု ၄င်းကဆက်ပြောသည်။


သျှမ်းပြည်နယ် လွှတ်တော်အမတ် စုစုပေါင်း ၁၄၁ ဦး ရှိသည့်အနက် ယနေ့ အစည်းအဝေးတွင် ၁၃၁ ဦး တက်ရောက်သည်။  “လွှတ်တော်ထဲကို ပထမဆုံးရောက်တဲ့ အတွေ့အကြုံက ဘာမှ တခြားထွေထွေ ထူးထူးခံစားချက်တော့ မရှိပါဘူး၊ ပထမဦးဆုံးဆိုတော့ လေ့လာတဲ့ သဘောပေါ့ ၊ သူများပြောတာတွေ နားထောင်တယ် ၊ လွှတ်တော်အခြေနေဘယ်လိုရှိသလဲပေါ့၊ ဒီနေ့တော့ ပထမဆုံးရက်ဆိုတော့ လေ့လာသင်ယူတာပေါ့ ။ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်ကို လော့လာတာပေါ့ ” ဟု မိုင်းရှုး မဲဆန္ဒနယ် (၁) စိုင်းလင်းမြတ် ကပြောသည်။


၂၀၁၇ ဧပြီ ၁ ရက်နေ့က ကျင်းပပြုလုပ်သော ရွေးကောက်ပွဲမှာ သျှမ်းပြည်တွင်း လစ်လပ်မဲဆန္ဒနယ် ၈ နေရာ ရှိသည့် အနက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ SNLD ကျားခေါင်းပါတီ မှ မိုင်းရှုးမြို့နယ်၊ နှင့် ကျေးသီးမြို့နယ်တို့မှာ လွှတ်တော်အမတ် ၆ နေရာ အနိုင်ရခဲ့သည်။ကျန်သည့် နှစ်နေရာတွင် ပြည်ခိုင်ဖြိုးပါတီ တနေရာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနေရာ တို့ အသီးသီးအနိုင်ရရှိသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates