မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် အဘက်ဘက်မှ ပူးပေါင်းလက်တွဲမှုလိုအပ်ဟု SSPP/SSA ပြော



ဂျွန်လ ၂၆  ရက်နေ့ တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးစားမှု နှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးအထိမ်းအမှတ်နေ့တွင်  သျှမ်းပြည်တိုးတက် ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ၀မ်ဟိုင်း တွင်  မူးယစ်ဆေးဝါး များအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား ကျင်းပခဲ့ သည် ။


SSPP/SSA မူးယစ်ဆေးဝါး တိုက်ဖျက်တားဆီးရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍  “ စိန်ခေါ်မှု တွေက တော့ နယ်မြေဒေသအေးချမ်းမှုမရှိပဲ တိုက်ပွဲတွေဖြစ် နေတာရယ်  ၊ ဘတ်ဂျက်မရှိတာရယ် ၊ ဘက်စုံ ပူးတွဲဆောင်ရွက်ရေးမရှိသေးတာရယ်က အဓိကစိန်ခေါ်မှု တွေဖြစ်တယ်” ဟု ၄င်းက ဆိုသည် ။


SSPP/SSA မှ မူးယစ်ဆေးဝါးများဖမ်းဆီးရာတွင် အဘက်ဘက်ကပူးပေါင်းဆောင် ရွက်မှုရှိစေရန် ပြည်သူ့စစ်အဖွဲ့ အစည်းများ နှင့် ငြိမ်း ချမ်းရေးရရှိပြီးသားအဖွဲ့ များ ၊ ငြိမ်းချမ်းရေးမရသေး သည့်အဖွဲ့ များထံ စာထုတ်၍ တိုက်ရိုက် အကူအညီတောင်းခံခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဗိုလ်မှူး ကြီး စိုင်းဆု ကပြောသည် ။


ယနေ့ကျင်းပသော အခမ်းအနားတွင် မီးရှို့ဖျက်ဆီး ခဲ့သောမူးယစ် ဆေးဝါးများ၏ တန်ဖိုးငွေကျပ် ပမာဏသိန်းနှစ်ထောင်ခန့်ရှိပြီး SSPP/SSA လှုပ်ရှားသောနယ်မြေဒေသများဖြစ်သည့် သျှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ ၊ သီပေါ ၊ သိန္နီ ၊ မိုးမိတ် ၊ မိုင်းလုံ ၊ နမ့်ဟူး ၊ မူဆယ် ၊ နမ့်ခမ်း ၊ စသည့်ဒေသများတွင်ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး များ ဖြစ်သည်ဟု SSPP/SSA မှပြောရေး ဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးစိုင်းဆု ကပြောသည် ။


အဆိုပါ အခမ်းအနားတွင် ဒေသခံလူထု ၊ ကျောင်းသား/သူများ ၊ သျှမ်းပါတီများနှင့် အမျိုးသမီးအဖွဲ့များ စုစုပေါင်းတက်ရောက်သူဦးရေ  ၁၉၀၀ ကျော် ခန့်တက်ရောက်ရှိသည် ဟု သိရှိရပါသည် ။


သျှမ်းပြည်နယ်တောင်ကြီးမြို့တွင်လည်း သျှမ်း-ကယားအဆင့် တစ်နှစ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ  ၁၄၃  သန်းကျော် မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို အဝေရာ မီးပုံးပျံ ကွင်းတွင်ကျင်းပခဲ့ သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates