သျှမ်း နှင့် ကရင်နီ ခိုလှုံနေသည့် မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းမီးလောင် ဒုက္ခသည် ၃၀၀ ခန့် မီးဘေးသင့်
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် အတွင်း တည်ရှိသည့် နားဆွယ် ဒုက္ခသည် စခန်း မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၃၀ ကျော် လူဦးရေ ၃၀၀ ခန့် မီးဘေးသင့်သည်ဟု သိရသည်။
ဂျူလိုင် လ ၅ ရက် ည ၁၀ နာရီကျော်မှ ည သန်းခေါင် အထိ မယ်ဟောင်ဆောင် နားဆွယ် ရပ်ကွက် ၅ ဒုက္ခသည် စခန်းမီး လောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အိမ်ခြေ ၃၃ လုံး၊ လူဦးရေ ၃၀၀ ခန့် မီးဘေးသင့်ရကြောင်း၊ ယနေ့အထိ မိုးကာ နှင့် အစားအသောက် ကူညီမှုမှအပ တခြားထောက်ပံ့မှု မရသေး ကြောင်း မီးဘေးသင့်သူ အသက် ၅၀ အရွယ် ဦးရှားရယ်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။
![]() |
| Photo by Khu Oo Kayah |
မယ်ဟောင်ဆောင် ဒုက္ခသည် စခန်းတွင် ၂၀၁၀ နောက်ပိုင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ဖူးသည်။
“အခု မီးလောင်ဒါက သေတဲ့သူမရှိဘူး။ ကံကောင်းတယ်ပြောရမယ်။ မီးဆို ဒီကလူတွေစိတ်ထိခိုက် နေပြီ။ မီးသတ်ကားလဲမလာနိုင်ဘူး။ မယ်ဟောင်ဆောင်နဲ့ ဝေးတယ်။ တနာရီကျော်ကြာလာရတာ” - ဟု ဒုက္ခသည် စခန်းက ဒေါ် မောမြာက ပြောသည်။
၂၀၁၃ ကလည်း ဒုက္ခသည်စခန်း အမှတ် ၂ ရပ်ကွက် မီးလောင်မှုဖြစ်ပွါးရာ အိမ်ခြေ ၄၀၀ ကျော် မီးထဲပါသွားပြီး ဒုက္ခသည် ၄၀ ကျော် သေဆုံးခဲ့ပါသည်။
Tags: General, News







