စစ်ဘေးစစ်ဒဏ်သင့် သိန္နီမြို့နယ်နှင့် နမ့်တူမြို့နယ် ကျေးလက်ဒေသခံ ၁၀၀၀ ကျော်နေရပ်ပြန်



သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်နှင့်နမ့်တူမြို့နယ်သို့ရောက်ရှိနေသော ကျေးလက်ဒေသမှ စစ်ဘေးရှောင် ၁၀၀၀ ကျော်နေရပ်အသီးသီးပြန်ကြပြီဖြစ်ကြောင်းသိရသည်။


ဂျူလိုင်လ ၁၉ ရက်နေ့က  လားရှိုးခရိုင် သိန္နီမြို့နယ်  ကျောင်းဆိုင်ကျောင်းတိုက်သို့ရောက်ရှိ လာ သော စစ်ဘေးဒဏ်သင့် ခမ်းတိန်းအုပ်စု ကောင်းလန်းရွာ၊ ကုန်းမုန့်ရွာ၊ ၀မ့်စော့ရွာ၊ ၀မ့်ဟိုနားရွာ၊ နောင်ဟိုင်ရွာ နှင့်နောင်ကားရွာတို့မှ ဒေသခံ လူထု ရ၀၀ ကျော်၊ တိုက်ပွဲကြောင့်ကြောင့် နမ့်တူမြို့ ပေါ်ရောက် ဒေသခံ ၃၀၀ ကျော်မှာ လယ်ယာလုပ်ငန်းခွင်ဝင်ရန်အတွက် နေရပ်သို့ပြန်သွားပြီ ဖြစ်ကြောင်းဆိုပါသည်။

ဓါတ်ပုံ- နမ့်တူမြို့ရောက်နေသည့် စစ်ဘေးရှောင်များ နေရပ်ပြန်ပို့ရန် ကော်မတီက စီစဉ်ပေးနေစဉ်
စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးကော်မတီတွင်ပါဝင်သည့် စိုင်းအွမ်လိုင်းဝမ်းက-“ အခြေ အနေ ငြိမ်သွားလို့လေ။ တဘက်ကလဲ ဒီချိန်က စိုက်ပျိုးရာသီဆိုတော့ စစ်ဘေးစစ်ဒဏ် စိုးရိမ်နေ ရပေမယ့် တားမရ တော့ဘူး ပြန်နေကြပြီ။ ကျနော်တို့ကူညီရေးကော်မတီကနေ စစ်ဘေးရှောင်တွေကို  ၂၁ ရက်နေ့မှာ ၄၀၀ ၊ ၂၂ ရက်နေ့မှာ  ၂၀၀ ၊ ၂၃ ရက်နေ့မှာ ၁၀၀ နေရပ်ပြန်ပို့ပေးလိုက်ပြီ။ အဲတာ ကြောင့်အခု သိန္နီမှာ စစ်ဘေးရှောင်တွေမရှိတော့ဘူး” - ဟုသျှမ်းသံတော်ဆင့်အားပြောပြသည်။


အလားတူ ဂျူလိုင်လဆန်း ၄ ရက်နှင့် ၅ ရက်နေ့က အစိုးရတပ်မတော် နှင့် TNLA (ပလောင် တပ်ဖွဲ့) ၊ သျှမ်း ပြည်တပ်မတော် RCSS/SSA နှင့် TNLA (ပလောင်တပ်ဖွဲ့) တို့ တိုက်ပွဲဖြစ်ပွါး မှုများကြောင့် ကျောက်မဲခရိုင် နမ့်တူမြို့နယ် လွယ်ပေးအုပ်စု မှ ဗုဗ္ဗာရုံကျောင်းတိုက်သို့ ရောက် ရှိနေသော စစ်ဘေးရှောင်များလည်း ဂျူ လိုင်လ ၂၄ ရက်နေ့က နေရပ်သို့ ပြန်သွားကြပြီဖြစ် ကြောင်း နမ့်တူမြို့စစ်ရှောင်ကူညီရေး ကော်မတီက ပြောသည်။


“၂၄ ရက်နေ့မှာ တကြိမ် ၂၁ ရက်နေ့မှာတကြိမ် ကျနော်တို့ ပို့ပေးတယ်။ ကား ၃ စီးနဲ့။ ဒါမယ့် သူတို့ရွာဆီ ကိုကားလမ်းမပေါက်တော့ ရွာမတိုင်ခင် ၂ မိုင်အလိုမှာ ချပေးလိုက်တယ်။ ဆိုတော့ ဒီအဖွဲ့က နမ့်တူမှာ ရက် ၂၀ လောက် ကြာသွားတယ်ပေါ့။” - ဟု နမ့်တူမြို့စစ်ရှောင် ကူညီရေး ကော်မတီဝင် စိုင်းဘဉာဏ် က ပြောသည်။


၂၀၁၆ နှစ်လယ်ပိုင်းက မန်တုံမြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် TNLA (ပလောင်တပ်ဖွဲ့) ၊ သျှမ်း ပြည်တပ်မတော် RCSS/SSA နှင့် TNLA (ပလောင်တပ်ဖွဲ့) တို့အကြား ဖြစ်ပွားသောတိုက်ပွဲကြောင့် နမ့်တူမြို့ လီဆူးခရစ်ယာန်ဘုရားကျောင်းနှင့် ကျူဆော့ရွာ သို့ စစ်ရှောင်ရောက်ရှိ ခိုလှုံလာသည့် စစ်ရှောင်အယောက် ၅၀၀ ခန့်မှာမူ ဒေသအတွင်းလုံ ခြုံမှုမရှိသေးသည့်အတွက် နေရပ်မပြန်နိုင်သေးကြောင်းသိရှိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates