ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် ကျားခေါင်းပါတီတွေ့မည်



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်  RCSS/SSA   နှင့် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD  ကျားခေါင်းပါတီ တို့ တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။


စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန် ရန်ကုန်မြို့ရှိ ကန်တော်ကြီးဟော်တယ်၌ တွေ့ဆုံမည်ဖြစ် ပါသည်။


“အဓိက CSSU အဖွဲ့အစည်း တွေနဲ့ အခက်ခဲတွေ့ထားတဲ့ ပြသနာ ရှိတယ်၊ ဂျူလိုင် ၂၀ ကနေ ၂၂ ရက်နေ့ အထိ  ချင်းမိုင်မှာ လုပ်မယ့် CSSU အစည်းအဝေး မလုပ်ဖြစ်ဘူး မလုပ်လိုက်ရဘူး ၊ အဲ့နောက်ပိုင်းမှာ CSSU ဥက္ကဌအနေနဲ့ NRPC ဥက္ကဌ ထံကို စာရေးပြီးတော့မှ အကျိုးအကြောင်း သိရအောင်မေးမြန်းထားတာတွေ ရှိတယ်၊ အဲ့ဒါ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ခဲ့ပြီဆိုတော့  ဘာတွေများ ထူးခြားမှုရှိမလဲပေါ့၊ အဲ့ဒါနဲ့ ဆက်စပ်ပြီး တော့မှ တခြားဘာတွေ လုပ်နိုင်မလဲဆိုတာတော့ တွေ့ပြီးတော့မှပဲ ဆုံးဖြတ်လို့ရမှာ” ဟု ကျားခေါင်းပါတီ ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် ကပြောသည်။


သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ ၂၀၁၇-၂၀၁၈ ခုနှစ် ဥက္ကဌ ရာထူးအား တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ တာဝန်ယူထားသည်။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA  ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  စက်တင်ဘာ ၁၁ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊  နိုင်ငံတော် အစိုးရကိုယ်စားလှယ်အဖွဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ် တို့အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates