သျှမ်းပြည်နယ်အစိုးရကြီးကြပ်မှုဖြင့် လျှပ်စစ်မီတာများတင်ဒါခေါ်ယူရန် မိုင်းရှူးကျားခေါင်းအမတ်အဆိုကို ၀န်ကြီးမှ မေးခွန်းပြောင်းခိုင်း



ဒုတိယအကြိမ်သျှမ်းပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး၌သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်လျှပ်စစ်မီတာများတင်ဒါခေါ်ယူနိုင်ရန်ဟူသည့်အဆိုကိုလွှတ်တော်ကိုယ်စားလှယ်အမတ်ကတင်သွင်းရာ ၀န်ကြီးက အဆိုကိုမေးခွန်း အဖြစ်ပြောင်း လဲမေးခိုင်းကြောင်းသိရပါသည်။


ဒုတိယအကြိမ်သျှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တတိယနေ့ သြဂတ်စ် ၃၀ ရက်နေ့တွင် မိုင်းရှုးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဦးစိုင်းလင်းမြတ်မှ တင်သွင်းသည့် ၄င်းအဆိုကို မေးခွန်းအဖြစ် ပြောင်းလဲမေး သင့်ကြောင်းသျှမ်းပြည် နယ် အစိုးရအဖွဲ့ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာညီညီအောင် က လွှတ်တော်တွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ- SNLD ပါတီမိုင်းရှုးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဦးစိုင်းလင်းမြတ်
“၂၀၀၈ ဖွဲ့စည်းပုံမှာရှိတဲ့ ဇယားတွေမှာပါတဲ့ပုဒ်မတွေပြောပြီးေ တာ့ ဖြေသွားတယ်၊ ပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့် မရှိဘူးပေါ့နော်၊ ဒီအဆိုကပြည်သူလူထု အတွက်လုပ်တာဖြစ် တယ်။ ပြီးရင်ဒို့တာဝန် အရေးသုံး ပါးကိုလည်း ထိခိုက်တာ မဟုတ်ဘူး၊ ရန်ကုန်တိုင်းအစိုးရကနေကြီးကြပ်ပြီးတော့ ကားတွေကို တင်သွင်းခွင့် တွေလုပ်ပေးတာတွေရှိတယ်၊ သျှမ်းပြည်နယ်အစိုးရမှာလည်းလုပ်ပိုင်ခွင့်တွေရှိတယ်လုပ်ပေးလို့ရတယ်၊ ၂၀၀၈ဖွဲ့စည်းပုံအောက်အလုပ်လုပ်တာ မှန်တယ်ပြည်သူလူထုအဆင်ပြေဖို့ဆိုလို့ရှိရင်၂၀၀၈ကိုကိုင်ပြီးပြောနေလို့ရှိရင်ဘာမှလုပ်စရာမရှိတော့ဘူးလုပ်လို့မရတော့ဘူးအစိုးရအနေနဲ့လုပ်ပိုင်ခွင့်ရှိတယ်လုပ်လို့ရတယ်” ဟု အဆိုတင်သွင်းသူ ဦးစိုင်းလင်းမြတ် ကပြောသည်။


သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အများစုသည် ယခုချိန်ထိမီ တာေ ဘာက်စ် မသုံးစွဲရသေးသော မြို့နယ်များရှိကြောင်း ၄င်း ကပြောသည်။


“သျှမ်းပြည်နယ်တွက်သီးသန့်မီတာဘောက်စ်တွေလုံလုံလောက်လောက်ထုတ်ပေးဖို့တင်ဒါခေါ်တဲ့ပုံစံမျိုးဒါမှမဟုတ်ပြည်ပနိုင်ငံကဈေးနှုန်းချိုသာပြီးတော့အရည်အသွေးကောင်းတဲ့မီတာဘောက်စ် တွေကိုတင်ဒါခေါ်ယူဖို့ခေါ်ယူပြီးတော့ပြည်သူတွေ အဆင်ပြေအောင်ပြည်သူလူထုတွေစိတ်ချမ်းသာအောင်မလိုလားတဲ့အကျင့်ပျက်ခြစားမှုတွေမဖြစ်အောင်နောက်ပြီးတော့နိုင်ငံတော်ဘဏ္ဍလည်းလျှပ်စစ်တွေခိုးသုံးပြီးတော့ဒါနိုင်ငံတော်ဘဏ္ဍာလေလွင့်တယ်အဲ့လိုမဖြစ်အောင်ဆိုတဲ့အဆိုကိုတင်သွင်းတယ်အဲ့ရည်ရွယ်ချက်နဲ့တင်တာပေါ့နော်” ဟု ဦးစိုင်းလင်းမြတ် ကပြော သည်။


သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်လျှပ်စစ်မီတာများတင်ဒါခေါ်ယူနိုင်ရန် တင်သွင်းသည့် အဆိုသည် သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်စွမ်းအင် နှင့် စက်မှုဝန်ကြီး (ကိုယ်စား) သယံဇာတ နှင့် သဘာဝပတ်ဝတ်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာညီညီအောင် က အဆိုကိုမေးခွန်းအဖြစ် ပြောင်းလဲထားရှိရန် ဖြေကြားရာမှ ၄င်း နှင့် ပတ်သက်ပြီးလွှတ်တော်မှာမဲခွဲဆုံးဖြတ်ရာထောက်ခံမဲ ၃၀ ကျော် နှင့် အဆိုကိုမေးခွန်းအဖြစ်ပြောင်းလဲထားရန်ရှိ လွှတ်တော်က သဘောတူပြီး မေးခွန်းပြောင်းခဲ့ ကြောင်းသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates