သျှမ်းပြည်စိမ်းလန်းစိုပြေရေးအတွက် လားရှိုးခရိုင်အတွင်း သျှမ်းလူငယ်များ လက်တွဲကာ သစ်ပင်ပျိုးပင် ထောင်ဂဏန်းစိုက်ပျိုး



သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ် ဇိန်နွံ သျှမ်းလူငယ်မှဦးဆောင်သည့် ဒေသအသီးသီးမှ သျှမ်းလူငယ်အဖွဲ့တို့စုပေါင်းကာ သျှမ်းပြည်နယ်စိမ်းလန်း စိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုများ မပြတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။


စက်တင်ဘာ ၂ ရက် ၂၀၁၇ ခု စနေနေ့က လားရှိုးခရိုင် မိုင်းရယ်မြို့နယ်အတွင်း သျှမ်းလူငယ်အဖွဲ့ ၈ ဖွဲ့ထက်မနည်း စုပေါင်းကာ ရပ်ရွာအတွင်း၊ ဘုရားကျောင်း ကန် အတွင်း သစ်ပင်များ စိုက်ပျိုးကြသည်ဟု ဦးဆောင်လူငယ်တဦးက ပြော သည်။

ဟိုယအုပ်စု ဟိုယဘုန်းကြီးကျောင်းတွင် ချယ်ရီနှင့်သစ်မာပင်အမျိုး အစားေ ပါင်း ၃၀၀ ကျော်ကို သျှမ်းလူငယ်အဖွဲ့ စိုက်ပျိုး နေကြပုံ

“ မိုင်းရယ်မြို့နယ်ဟိုယအုပ်စုမှာ ကျမတို့ လားရှိုးဇိန်နွံ၊ မိုင်းရယ်၊ ဟိုယ ၊ ပန်နျု၊ လားရှိုးလူငယ်တွေအပြင် ကချင် ပြည်နယ် ထဲက သျှမ်းလူငယ်တွေလာရောက် ပူးပေါင်းပြီးသစ်ပင်စိုက်ပျိုးပါတယ် ။ သျှမ်းပြည်တွင်းသစ်ပင် သစ်တောပြုန်းတီး မှုကို ပြန်လည်ကုစားနိုင်ဖို့နဲ့ ပျောက်ကွယ်လုနီးပါး သျှမ်းပြည်ရဲ့အမှတ်အသား ချယ်ရီ တွေပြန် လည်ဝေဆာဖို့ အတွက်ရည် ရွယ်ပြီး လားရှိုးခရိုင် ထဲမှာလှည့် လည် စိုက်ပျိုးနေတာဖြစ်ပါတယ်။ ဒါပြီးရင် ကျမတို့ ကိုဖိတ်ထားတာ ၈ နေရာရှိပါ တယ်။ စုပေါင်းပြီးသွားစိုက်ပျိုးပေး မှာဖြစ်ပါတယ် ” - ဟု သစ်ပင်စိုက်ပျိုးသည့် လူငယ် အဖွဲ့မှ နန်းဖူးစာက သျှမ်းသံတော်ဆင့် အားပြောပြသည်။


ဟိုယအုပ်စု ဟိုယဘုန်းကြီးကျောင်းတွင် ချယ်ရီနှင့်သစ်မာပင်အမျိုးအစားပေါင်း ၃၀၀ ကျော်စိုက်ပျိုး ခဲ့ကြခြင်း ဖြစ်ပြီး လူငယ်များ ရင်းနှီးကျွမ်းဝင်မှုရရှိရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေး၊ ရိုင်းပင်းကူညီတတ်ရေးအတွက် ရည်ရွယ်ကြောင်း ဆိုပါသည်။


“ကျမတို့လှုပ်ရှားမှုကို တခြားဒေသက လူငယ်အဖွဲ့အစည်းတွေလည်းစိတ် ပါဝင်စား လာကြတယ်။ ဒါကြောင့် သစ်ပင်က သိပ်ပြီးမများပေမယ့် လူငယ် အဖွဲ့အစည်းတွေချိတ်ဆက်အလုပ်လုပ်နိုင်အောင်အဓိကထားတာမို့ အခုလို ဆက်တိုက် သစ်ပင်စိုက်ပျိုးမှုတွေလုပ်လာရတာဖြစ်ပါတယ် ” - ဟုလည်း ၄င်းကပြောသည်။


သျှမ်းလူငယ်အဖွဲ့ စိုက်ပျိုးနေသည့် ချယ်ရီပင်၊ ခရေပင်၊ ထင်းရှူးပင် အမျိုးအစား သစ်ပင်ပျိုးပင်များကို သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ လွယ်တင်ခမ်းနှင့် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှလူငယ်များပေးပို့လာခြင်းဖြစ်ကြောင်း၊ ယခု ၂၀၁၇ ခုနှစ်အတွင်း ဇိန်နွံလူငယ်အဖွဲ့နှင့်လားရှိုးမြို့တွင်းလူငယ်များ စုပေါင်းစိုက်ပျိုးပြီးစီးသည့်အပင်ပေါင်း ၃၀၀၀ ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates