သို့- သျှမ်းသံတော်ဆင့် မှတဆင့်
ပြည်ထောင်စုဝန်ကြီး(ပြည်ထဲရေး၊ပြန်ကြားရေး) ကြားသိစေချင်
အကြောင်းအရာ။ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီနှင့် ပတ်သက်၍ ဆက်လက်ပေးပို့ တိုင်ကြားခြင်း
၁။ သျှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတွင် ဖွဲ့စည်ထားသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီနှင့် ပတ်သက်၍ တိုင်ကြားမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးမှ ၂၉.၉.၂၀၁၂ ရက်နေ့ တွင် မော်တော်ယာဉ်ဂိတ်မှူးများ၊ မထသ အဖွဲ့ဝင်များ၊ ယာဉ်မောင်းများအား ခေါ်ယူ၍ အစည်းဝေးပြုလုပ်ခဲ့ပြီး မထသ ဥက္ကဌ သစ် ရွေးချယ်မှုပြုလုပ်ခဲ့ ပါသည်။
၂။ ရွေးချယ်ရာတွင် ယခင်အတွင်းရေးမှူး ဦးဟန်သင်း အား ဥက္ကဌ ၊ အတွင်းရေးမှူး ဦးခင်မောင်တင့် (ယာဉ်ကြီးအသင်း အတွင်းရေးမှူး)၊အဖွဲ့ဝင် ဦးသိန်းထိုက် (ယာဉ်ကြီးအသင်း ဥက္ကဌ) ဖြင့် မထသ ကော်မတီအား ပြန်လည်ရွေးချယ်ခဲ့ပြီး ဥက္ကဌဟောင်း ဦးစိန်လှိုင်အား မထသ အသင်း နာယက အဖြင့် ခန့်ထားခဲ့ပါသည်။ ဦးစိန်လှိုင် နှစ်ပေါင်းများစွာ လိမ်လည်လုပ်ကိုင် ငွေများအနက် ငွေစာရင်း သိန်း (၉၀၀) ကိုလည်း တစ်ပါတည်းလွှဲပြောင်းပေးခဲ့ပါသည်။
၃။ အဆိုပါရွေးချယ်မှုတွင် ဥက္ကဌနေရာတွင် ကျွန်တော်တို့ ယာဉ်မောင်း များမှကျေနပ်မှုရှိကြသော်လည်း အတွင်းရေးမှူးအဖြင့် ဦးခင်မောင်တင့် (ယာဉ်ကြီးအသင်း) အားခန့်ထားသည်မှာ ကျေနပ်မှုမရှိပါကြောင်း၊ ဦးခင်မောင်တင့်သည် (ပေါ်တော်မူ၊ လောင်းကစားပွဲစား၊ မဟုတ်မှုမှန်သမျှ ပွဲစားပြုလုပ်သူ၊ ခရိုနီ၊ မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် ပတ်သက်မှုဖြင့် ကျိုင်းတုံ (စရဖ)တွင် နှစ်လ ချုပ်ထားခြင်းခံရပြီး တိုင်းမှူးမှ ကယ်တင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သူ) အား အတွင်းရေးမှူး ခန့်ထားခဲ့သဖြင့် ကျေနပ်မှုမရှိကြကြောင်း၊ ကျိုင်းတုံ (မထသ) တွင် စတင်ဖွဲ့စည်းကတည်းက ပါဝင်လာခဲ့သည် အဖွဲ့ဝင်များမှာလည်း ဦးခင်မောင်တင့် ပါဝင်လာမှုကြောင့် နှုတ်ထွက်သွားခဲ့ရသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးအား လာဒ်ငွေထိုးပြီး အတွင်းရေးမှူးတာဝန်အား ရယူခဲ့သည့်အပေါ် စီစစ် ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်။
ကျိုင်းတုံမြို့မှယာဉ်မောင်းများ
Tags: Letter to Editor