သို့- သျှမ်းသံတော်ဆင့်
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်ရဲစခန်းပိုင် နားကောင်းမူးရဲကင်းတွင် ရဲတပ်သားမျိုးထိုက် သည် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ် သေကြောင်းကြံခဲ့ပါသည်။
အကြောင်းကတော့ ---- ဖခင်ကွယ်လွန်ပြီးကတည်းက ကျန်ရစ်ခဲ့သောမိခင်၊ ညီ၊ ညီမလေးတို့ထံ တစ်ခါ လောက်တောင်မပြန်နိုင်ခဲ့ပါ။ မိုင်းတုံမြို့နယ်သို့တာဝန်ကျသည်မှာ (၆) နှစ် ကြာပြီဖြစ်သော်လည်း ငွေကြေး အဆင် မပြေသဖြင့် မပြန်ဖြစ်ခဲ့။ ယခုအခါညီမလေး နေမကောင်းကြောင်းသိရသည်နှင့် ၄င်းပိုင်ဆိုင်ကယ်ကို ရောင်းပြီး အိမ်ပြန်ရန် ခံစားခွင့် (တစ်နှစ် တွင် တစ်လရသောခွင့်) တင်ရာ ရဲကင်း ၊ ပုံပါကျင်ရဲစခန်းတို့က လက်ခံပြီးမိုင်းတုံ မြို့သို့ ဆက်တင်ပေးခဲ့သည်။
သို့သော် မြို့နယ်ကပယ်ချခဲ့ပါတယ်။ လမ်းစရိတ်မှ အပိုချန်ထားသောငွေ များကို ကြွေးကျန်များ လိုက်ဆပ်ရင်းမိတ်ဆွေများကိုနုတ်ဆက်ရင်း အိမ်သားများအတွက် လက်ဆောင်တွေ ဝယ်ခဲ့တယ်လို့ သိရပါတယ်။
ဒီမှာ အနေကြာတဲ့ဝန်ထမ်းတွေကို ပြောင်းပေးမယ်လို့ စာရင်းလာကောက်ခဲ့ဖူးပါတယ်။ အနေကြာဝန်ထမ်း တွေလဲ အမည်စာရင်းပေးလိုက်ပါတယ်။ ဒါပေမယ့် ငွေပေး လာဘ်ထိုးနိုင်တဲ့လူတွေဘဲ ပြောင်းခွင့်ရခဲ့ပါ တယ်။ (၁၀)နှစ်ကျော်ကြာနေတဲ့ ရဲတွေ ငွေမပေးနိုင်လို့ မပြောင်းရဘဲ ပုံပါကျင်ရဲစခန်းမှာ အရက်သမားဘ၀နဲ့ ကျန်နေခဲ့တာအများကြီးတွေ့ရပါလိမ့်မယ်။ ငွေပေးနိုင်တဲ့ မော်တော်ပီကယ်ရဲတွေ ကတော့ ခွင့်တောင်းစရာ မလိုဘဲ မြန်မာပြည်မကို သူ့သမီးဘော်ဒါသွားထားလို့ရတယ် ။ အပြန်ကျတော့မြို့နယ်မှူး ကတော်ကြီးကို ၀င်ခေါ်ခဲ့လို့အချိန်ကြာသွားတယ် ဆိုပြီး ဆင်ခြေပေးတော့ ဘာမှမကြားလိုက်ရတော့ဘူး။
ကျနော်တို့လိုမုဆိုးမသား ရဲငမွဲတွေအတွက်တော့ ပြောင်းလည်းမပြောင်းရ ကိုယ်ခံစား ခွင့်တောင် မရပါဘူး။
ညနေပိုင်းမှာတော့ အဆိုပါ ရဲတပ်သားမျိုးထိုက်ဟာ သူ့အိမ်အတွက် ၀ယ်ထားတဲ့လက် ဆောင်တွေကို မီးရှို့ ပစ်လိုက်တယ်။ သူ့ကိုယ်သူလဲ ကင်းချိန်မှာ သေနတ်နဲ့ အဆုံးစီရင်သွားလိုက်တယ်လို့ တခြားရဲတပ်ဖွဲ့ဝင် တစ်ယောက်က ပြန်ပြောပြပါတယ်။
အထူးစိတ်မကောင်း ဖြစ်မိပါတယ်။ ကိုမျိုးထိုက် နားကောင်းမူး စရောက်ချိန် ကတည်းက ခုချိန်ထိ ဘယ်သူ့ကိုမဆို သူက ကူညီတယ်။ တွေ့ရခဲတဲ့ အနေအေး ရဲတပ်ဖွဲ့ ၀င်တစ်ယောက်ဖြစ် တယ်။ နောက်နောင် ၄င်းကဲ့သို့ဖြစ်ရပ် မျိုး ထပ်မဖြစ်စေရန်ရည်ရွယ်ပြီး သျှမ်းသံတော်ဆင့်ကနေတဆင့် သက်ဆိုင်ရာလူကြီးမင်းများသိစေအပ်ပါတယ်။
တပ်ဖွဲ့ဝင်များအပေါ်အဂတိကင်းစွာဖြင့်စီမံဆောင်ရွက်ပေးနိုင်ပါစေလို့လဲ ဆန္ဒပြုဆုတောင်း လိုက်ပါတယ်။ ဖြစ်သင့်တာကို အသက်ပေး ပြသသွားတဲ့ ကိုမျိုးထိုက်(သူငယ်ချင်း)တစ်ယောက်ကျေနပ်နိုင်ပါစေ။ နောင်ဘ၀တွေမှာ ယခုလိုအဖြစ်ဆိုးက ကင်းလွတ်နိုင်ပါစေ။
သူငယ်ချင်းများ (နားကောင်းမူး )
Tags: Letter to Editor