လာဘ်စား ခြစားနေတာများကို ရှင်းလင်းပေးစေချင်
သျှမ်းသံတော်ဆင့်မှတဆင့် ပြည်ထောင်စုအစိုးရဆီသို့
သျှမ်းမြောက် မူဆယ်မြို့နယ်မှ ဖွံ့ဖြိုးရေး အစီအစဉ်တွေ အများကြီးရှိနေပါတယ်၊ လိုအပ်တာတွေရော မလိုအပ်တာတွေ ရော ။ ဟိုရှေးကတည်းကလိုအပ်နေတဲ့အရာတွေအများကြီး ရောပေါ့၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ပုံလုပ်နည်းတွေကတော့ အရင်အတိုင်းပါပဲ၊ စီမံချက်တွေ စီမံကိန်းတွေ ဆိုတာ လူကြားကောင်းအောင် ဘောင်ဝင်အောင် တင်ဒါလိုလို လေလံလိုလို ခေါ်လိုက်ပါတယ်၊ ပြီးရင် ပေးချင်တဲ့လူကိုပေးလိုက်တာပါပဲ၊ အဓိကကတော့ လက်ရှိတာဝန်ယူထားတဲ့ တာဝန်ရှိလူကြီးမင်း များနဲ့ စီမံကိန်းရလိုက်တဲ့ကုမ္မဏီက လက်ဝါးရိုက်ပြီး ကြေငြာထားတဲ့စီမံကိန်းကို လက်သိပ်ထိုးပေး လိုက်တာမျိုးပါ၊ ဥပမာ အားဖြင့် မူဆယ်မြို့ ဟိုမွန်ရပ်ရှိ ရဟတ်ယာဉ်ကွင်း။ လေယာဉ်ကွင်းလမ်းတဖက်ထိပ်ရှိ ကားလေးကွင်းလို စီမံကိန်းမျိုးပါ၊ လေလံတင်ဒါ ခေါ်တော့ လုပ်ချင်တဲ့အဖွဲ့ (၈)ဖွဲ့လောက်ရှိတယ်၊ ငွေပင်ငွေရင်းအပြ သိန်းလေးထောင်ပြခိုင်းတယ်၊ ဆိုလို တာက လိုအပ်တဲ့အချက်အလက်တွေ ပြခိုင်း ပြင်ဆင်ခိုင်းတယ်၊ ကားလေးကွင်းသစ်ရဲက ပုံစံတွေ လိုချင်တဲ့အရာပြတယ်၊ တင်ဒါလေလံအဖွဲ့ပေးတဲ့ပုံစံမပြင်ရ လို့ပြောတယ်၊ နောက်တော့ လူမသိ သူမသိ သိန်းသန်းချီကုမ္မဏီ က ရသွားတယ်တဲ့၊ ရသွားကြောင်းကို သိန်းသန်းချီ ကုမ္မဏီက အဆောက်အဦး(၃)ထပ်ပါ မြေတကွက်ကို သိန်း (၈၀၀) ခေါ်တော့မှ တခြား အဖွဲ့တွေက အဲဒီ စီမံချက် သိန်းသန်းချီက ရသွားကြောင်း သိရတာပါ၊ စာချုပ်ကတော့ ပြည်နယ်အစိုးရရုံးမှာ စာချုပ်ချုပ် မယ်လို့ဆိုပါတယ်၊ အစ ကတည်းက လေလံတင်ဒါမခေါ်ပဲ ဒဲ့ဒိုးပေးလိုက်ရင် ပြီးရောပေါ့၊ အလုပ်ရှုပ်ခံပြီးတော့ သတင်းစာ ကနေ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ် ဘာညာနဲ့ပြောပြီး သက်ဆိုင်ရာအသီးသီးရဲ့ အိမ်နောက်ဖေးများကို တံစိုးလာဘ်လာဘ တွေ ခွဲတမ်းပေးသလို ပေးပြီး(မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့်) စီမံကိန်းကို သိန်းသန်းချီပေးလိုက်တာပါ၊ ပေးထားတဲ့ စီမံချက်ပုံစံကိုလည်း သိန်းသန်းချီကုမ္မဏီက မပြင်ရ ဆိုတာကို ပြင်လိုက်တယ်လိုကြားပါတယ်၊ ခုလိုပုံစံမျိုးတွေ လုပ်ပုံ လုပ် နည်းတွေက ရှေးယခင်ကတည်းက လုပ်လာကြတာပါ၊ ခု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခေတ် ရောက်လည်း လုပ်နေ တုန်းပါပဲ၊ ဆိုလိုတာက မူဆယ်မြို့ အတွက်ကတော့ တရားမျှတမ၍ ဆိုတာ ဘယ်တော့အခါမှရောက်မှာ မဟုတ်ဘူး ဆိုတာ ပါပဲ၊ လာဘ်ထိုးတာ လက်ဦးတဲ့လူ လက်သာတဲ့လူ ယူချင်ရာယူ ဆိုတဲ့သဘောမျိုးပါပဲ၊ မြို့ထဲက၊ မြို့ကနားနီး စပ်တဲ့ မြေ ကွက်ကြီးတွေ ဆိုလည်း အကွက်ရိုက် လက်သိပ်ထိုး ရောင်းစားလိုက်ကြတာပါပဲ၊ ခုတော့ လေယာဉ်ကွင်းသစ်တဲ့ ။ ဟိုတယ် ဇုန်တဲ့ ၊ ကားလေးကွင်းတဲ့ ။ အဆင့်မြင့်မြို့ ပတ်လမ်းတဲ့ အမျိုးမျိုး အမည်နာမတပ်ပြီးတော့ ရိုက်စားလုပ်ကြတော့မယ်၊ အဲဒီအကြောင်းအရာတွေလည်း ခုချိန်ထိ စီမံကိန်းစရင်တာ စသွားလိုက်မယ်၊ ဘာမှထင်သာမြင်သာ ပွင့်ပွင့်လင်းလင်း ရှိမယ်မထင်ဘူး၊ သူဌေး ခရိုနီတွေ ၊ စီမံချက်မုဆိုးတွေ ၊ လက်သိပ်ထိုး ရိုက်စားသူဌေးတွေ ။ တာဝန်ယူထားတဲ့ မြို့နယ် ခရိုင် ပြည်နယ် ပြည်ထောင်စုအမည်ခံတာဝန်ရှိသူတွေရဲ့ လက်သပ်မွေးထားတဲ့ သူဌေးတွေ သူတို့တွေပဲ ဘာစီမံကိန်းရှိရှိ ဘာစီမံချက်ရှိရှိ အကုန်ရိုက်စားလုပ်သွားကြမှာပဲ၊ခုလောလောဆယ်တော့ ရိုက်စား ပထမရသွားတဲ့ သိန်းသန်းချီ ကုမ္မဏီ အကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ သမ္မတကြီး ကို သိစေချင်ပါတယ်၊ တရားမျှတမှု ပြန်ရအောင်လုပ်ပေး စေချင်ပါတယ်၊ ထင်သာ မြင်သာ ပွင့်လင်းပြီး မျှတစေချင်ပါတယ်၊ နောက်တခုက လာဘ်စား ခြစားနေတာများကို ရှင်းလင်းပေးစေချင်ပါတယ်ခင်ဗျား၊ ကျေးဇူးတင်ပါသည်။
ဘက်စုံ ကောင်းမွန်စေချင်သူတစ်ဦး
ဦးမောင်မောင်(မူဆယ်သား)
Tags: Letter to Editor