ထိုင်း-မြန်မာနယ်စပ်၊ တာချိလိတ်မြို့ရှိ ဆေးဆိုင်များသက်ဆိုင်ရာမှစစ်ဆေးပေးစေလို
သို့- သျှမ်းသံတော်ဆင့်မှတဆင့် သက်ဆိုင်ရာ ကျန်းမာရေးဌာန နှင့် ဆေးဝါးထိန်းချုပ်ရေးဌာနသိရှိစေရန်။
၀၀၃ သက်တမ်းကုန်ဆေးကဒ် (ဓါတ်ပုံ -ခရီးသွား)
ကျနော်သည် ခရီးသွားတယောက်ပါ။ ထိုင်းနယ်စပ် တာချိလိတ်မြို့သို့ ၃.၁၁.၁၂ နေ့ ရောက်ရှိ လာပါတယ်။ မကာဟိုခမ်းရပ်ကွက်ရှိ တည်းခိုခန်းတခုတွင်တည်းခိုနေချိန် ရုတ်တရက် ဗိုက်အောင့်လာ သဖြင့် တည်းခိုခန်းအနီး ရှိ ဆေးရောင်းဆိုင်တဆိုင် ကို ဗိုက်အောင့်ပျောက်ဆေး တမျိုး ၀ယ်ပြီး တည်းခိုခန်း ကိုပြန်လာခဲ့ပါတယ်။ တည်းခိုခန်းရောက်လို့ သောက်ပြီးမှ ဆေးရက်စွဲ သက်တမ်းကုန်နေ တာတွေ့ရတယ် ။ ဆေးသက်တမ်းကိုဖတ်ကြည့် လိုက် တော့ စထုတ်သည့်နေ့က 12/03/09 ဖြစ်ပြီး ကုန်ဆုံးနေ့က 12/03/12 ဖြစ်နေပါတယ်။ ဆေးသက်တမ်းကုန် လွန်တာ ၈ လ ကျော် ရှိနေ ပါပြီ။ အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများအား သိစေရန်နှင့် အများပြည်သူများ ကျနော်ခရီးသွားတယောက်လို ကုန်ဆုံးရက် လွန်နေသည့် ဆေးမျိုး ၀ယ်မသောက်မိစေရန် သျှမ်းသံတော်ဆင့် သတင်းဌာန ကနေတဆင့် တင်ပြလိုက် ပါတယ်ခင်ဗျား။
၀၀၃ သက်တမ်းကုန်ဆေးကဒ် (ဓါတ်ပုံ -ခရီးသွား)
ခရီးသွားတယောက်(၄.၁၁.၁၂)
Tags: Letter to Editor