မူဆယ်မိုဘိုင်း နဲ့ကုန်စည်စီးဆင်းမှု ပြည်သူများအတွက်အဆင်မပြေနိုင်



သို့-သျှမ်းသံတော်ဆင့်

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံနယ်မြေမှာ လောလောဆယ် နယ်စပ်ကုန်သွယ်ရေးအပါအဝင် အဖွဲ့ တော်တော်များများနဲ့ ဖွဲ့စည်းထားတဲ့ တရားမဝင်ကူးသန်းရောင်းဝယ်မှုပပျောက်ရေး (mobile team) စီမံကိန်းအဖွဲ့က စစ်ဆေး ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ကုန်စည်စီးဆင်းမှုမရှိသလောက် ရပ် ဆိုင်းသွားတယ်လို့သိရပါတယ်။

အခု ဒီလိုလုပ်တာက ပြည်သူတွေအတွက်ကောင်းကျိုးထက် ဆိုးကျိုးတွေပိုများလာနိုင်တယ် ဘာလို့ လဲဆိုတော့ ဒီလမ်းကြောင်းကအခုမှဖြစ်တာမဟုတ်ဘူး အရင်ကတည်းကဖြစ်လာတာကြာလှပြီ တကယ် တော့ကုန်သည်ကြီးတွေကနေတော့ အောက်ဆုံးတနိုင်တပိုင် ကုန်သည်လေးတွေအထိက ကုန်ပစ္စည်း ရောင်းရင် ၀ယ်ရင် (ဂျူတီ) အခွန်ဆောင်ရမယ်ဆိုတာကို မသိတာမဟုတ်ပါဘူး။  သိကြပါတယ်။ ဒါပေမဲ့ သူတို့ဆီက မြန်ဆန်မှုမရှိတာတွေ ကန့်သတ်ချက်ပိတ်ပင်ချက်များတာတွေကြောင့် အဆင်ပြေသလို သွားလာတင်ပို့ကြရလို့ ကယ်ရီ လမ်းကြောင်းဖြစ်လာရတာ။  တကယ်ဆိုရင် မူးယစ်ဆေးနဲ့လက်နက်
ကလွဲလို့ကျန်တဲ့ပစ္စည်း လူသုံးကုန်တွေကိုပိတ်ပင်တာတွေမများသင့်ဘူး။ ကျသင့်တာကိုဆောင်ခိုင်းရင် ဘယ်သူမဆိုဆောင်ကြမှာပါ။ အခုကဒီလိုမဟုတ်ပဲနဲ့ အခွန်ဆောင်ဖို့ခက်တာတွေလချီပြီး ကြာမှရတာ တွေ နောက်ပြီးတော့ဝန်ထမ်းတွေကိုယ်တိုင်ကတောင်မှ ဘယ်ပစ္စည်းက အခွန် ဘယ်လောက်ရှိတယ် ဘယ်လိုဆောင်ရတယ် ဥပမာအရေအတွက်နဲ့ဆောင်ရတာလား အလေးချိန်နဲ့ဆောင်ရတာလားထုထည် နဲ့လားဆိုတာ ကိုအားလုံးမသိကြတာတွေ့ရတယ် နောက်ပြီးနည်းရင်ဆောင်ဖို့ခက်တယ်။ ဒါတွေ ကြောင့် ပါ တကယ်ဖြစ်သင့်တာက ပစ္စည်းသယ်လာ မယ်ဆိုရင် အခုဆောင်အခုထွက် (ဆိုက်ရောက်ဂျူတီ)ပေါ့။ မခက်ခဲ မကြန့်ကြာအောင်လုပ်ပေးသင့်တယ်။  နေပြည်တော်ကိုစောင့်ရတာတွေ ၀န်ထမ်းတွေစည်းဝေး နေတာနဲ့ကြာတဲ့အချိန်တွေ မရှိရင် ကယ်ရီ ပျောက်ပါတယ် ။ စစ်ဆေးသင့်တာကိုစစ်ဆေး အမှန် အကန်ဖြစ်အောင် မြန်ဆန်မှုရှိအောင် လုပ်ပေးလိုက်ရင် ဖြစ်ပါတယ်။ အခုလို ၁၀၅ မိုင်ကကျော်ပြီးတော့ တောထဲ ဘယ်နေရာကမဆို ဖမ်းဆီးစစ်ဆေးနေယုံနဲ့တော့မရနိုင်ဘူး။ နောက်ပြီးတော့ လွှတ်တဲ့ လူက လွှတ် ဖမ်းတဲ့လူကဖမ်း မညီညွတ်တာတွေလည်း မရှိသင့်ဘူးပေါ့။ ဒီလို  စည်းကမ်းပျက် တာတွေ က လည်း ၀န်ထမ်းတွေမှာ တာဝန်ရှိတာပဲ ကျနော်ထင်တယ်။ အခုလိုလုပ်လိုက်တဲ့ အတွက်ကောင်း တာ တွေဖြစ်လာမှာထက် ပစ္စည်းစီးဆင်းမှု နှေးကွေး ပြတ်တောက်သွားရင် ကုန်ပစ္စည်းဈေးနှုန်း  သေချာ ပေါက်တက်လာမယ်။ သုံးစွဲသူ ၀ယ်ယူစားသုံးသူတွေဖက်ကို ၀န်ထုပ်ဝန်ပိုးတွေပိုလာမယ်လို့ပဲ ထင်တယ်  - လို့အရောင်းအဝယ် လောကမှာ ကျွမ်းကျင်တဲ့ကုန်သည်ကြီးတစ်ယောက်က ပြောပြ ပါတယ်။

 မူဆယ်မိုဘိုင်း 




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates