သျှမ်းရိုးရာဆီမီးပူဇော်ပွဲတော်အား ဗျူဟာမှူးရုံးအရာရှိ ပွဲဖျက်




သံလွင်အရှေ့ပိုင်းခြမ်း မိုင်းတုံ မြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ဆီမီးပူဇော်ပွဲ၌ ဗမာသီချင်းမဆိုရ သဖြင့်   ဗျူဟာရုံးအရာရှိက ပွဲလန့်အောင်လုပ်၍  ပွဲဖျက်လိုက်ကြောင်း ဒေသခံများက ပြောပါသည်။
002-
“မနေ့ကဆီမီးပူဇော်ပွဲ  စတဲ့နေ့ပေါ့။  ဗမာသီချင်းဆိုချင်တာကို တီးဝိုင်းကမတီးပေးလို့ဆိုပြီး စတိတ် စင်ပေါ်ပျောက်အိုးဖေါက်ပြီး ဆက်တိုက်ပစ်တင်လိုက်တယ်။ ပုံပါကျင်ဗျူဟာရုံးက ဗိုလ်ကြီးမျိုးဇော်ဝင်း ပေါ့။ သူပွဲဖျက်လိုက်လို့ ဒီနေ့ပွဲ တော် နောက်ဆုံးရက် မကျင်းပတော့ဘူးလို့ ကော်တီတွေက ကြေငြာ တယ်။ ဒါပေမယ့် မျိုးဇော်ဝင်းက ရပ်ရွာသူကြီးကို ဒီမနက်လာတောင်းပန်တော့ ပွဲဆက်ကျင်းပမယ်လို့ ပြောတယ်” - ဟု ပုံပါကျင် ဒေသခံ လူငယ်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပွဲဖျက်သည့် အဆိုပါ ဗျူဟာရုံးအရာရှိကို ပွဲဖြစ်မြောက်ရေးကော်မတီက ပြောဆိုသတိပေးခြင်း တစုံ တရာမရှိ၊ ပွဲဆက်ကျင်းပရန်လည်းမရှိ။  ၎င်းမှလာရောက်တောင်းပန်ခြင်းမပြုက လွှတ်တော် အတွင်း တင်ပြရန် စီစဉ်သွားမည်ဖြစ်ကြောင်း အဆိုပါလူငယ်ကဆက်လက်ပြောပြသည်။

“အဲဒီဗိုလ်ကြီးက ဒီကိုရောက်တာကြာပါပြီ။ အရင်တုန်းက သျှမ်းဘောင်းဘီဝတ်ပြီး သျှမ်းပွဲလာလေ့ရှိ တယ်။ ပြဿနာမရှာဘူး။ ဒီတခေါက်အရက်သောက်ထားတာလဲပါတယ်။ ကောင်မလေးတယောက်က ဗမာသီချင်းဆိုသွားလို့ သူလဲသီချင်းဆိုချင်စိတ်ပေါက်လာပြီး မဆိုရတော့ စိတ်ရိုင်းဝင်သွားတာနေမှာ” - ဟု ဖြစ်မြောက်ရေး၌ ပါဝင်သူ တဦးကလည်းပြောပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျားဖြူပါတီအသိုင်းအဝိုင်းကလည်း အဆိုပါတပ်ရေးဗိုလ်ကြီးက ကိုယ်တိုင် လာရောက်တောင်းပန်ကြောင်း ယနေ့ ဆီမီးပူဇော်ပွဲဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ပြောပါသည်။

ဆီမီးပူဇော်ပွဲအား သီတင်းကျွတ်လ၌နှစ်စဉ်ကျင်းပလျှက်ရှိပြီး ထိုကဲ့သို့ ပြဿနာများပေါ် ပေါက်လေ့မရှိ၊ ဒေသခံလူငယ်များခိုက်ရန်ဖြစ်ပွားခြင်းလည်းမရှိဖူးကြောင်း၊ မြန်မာ့အရာရှိလည်းထိုကဲ့သို့လုပ်မည်မထင် ထားကြောင်း - အဆိုပါလူငယ်ကဆက်လက်ပြောပြသည်။








 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates