စစ်အာဏာသုံးပြီးပြည်သူလူထုကိုအနိုင်ကျင့်တဲ့နမ့်ခမ်းမြို့က သျှမ်းစစ်ဗိုလ်တစ်ဦး သို့ ၊





နိုင်ငံတော်သမ္မတကြီးခင်ဗျား။
နိုဝင်ဘာ ၈ရက်။

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊မိုခမ်းရပ်ကွက် တွင်နေထိုင်သော စ၀်လွိုင်မောဝ် (သျှမ်းပြည်သူ့စစ်) အဖွဲ့ လက်အောက်ခံ စ၀်သန်းဌေး ဆိုသူ ၏သားသည် ၆.၁၀.၁၂ နေလည် ၂း၃၀ နာရီအချိန်ခန့်တွင် ပေါက် တိုက်ရပ်ကွက် (ဗလီကျောင်းအနီး) ဗန်းမော်လမ်းမ တွင် ၅ဂ/၃၅၅၈ နံပါတ်တပ်ဆင်ထားသော (SURF  ကားအမျိုးအစား) ကား အရှိန်ပြင်းစွာ  မောင်းနှင်လာရာ    ကချင်ပြည်နယ် မန့်ဝိန်းကြီး ကျေး ရွာ အုပ် စုနေ အဘ-ဦးလှမောင်အေး ၏သား စိုင်းပြည့်ဖြိုးအောင် မောင်းနှင်လာသည့် ဆိုင်ကယ်အား တိုက်မိရာ လူလည်းထိခိုက်ဒဏ်ရာရ ဆိုင်ကယ်လည်း တစီးလုံးရစရာ မရှိ အောင် ပျက်စီးသွားခဲ့သည်။ အဆိုပါတိုက်ခံရသူ၏မိခင် ၈.၁၀.၁၂ ရက်နေ့က စ၀်သန်းဌေး အိမ် သို့သွားပြီး ဆေးကုသခ နှင့်ဆိုင်ကယ် ပြင်ဆင်ခ သွားတောင်းရာ မပေးသည့်အပြင် ခြိမ်းခြောက်ပြီး မောင်းထုတ် ခဲ့သေးသည်။ စ၀်သန်းဌေးက -  “ မင်းတို့ ကို ငါတို့ကား ပျက်တာတောင် မပြင်ခိုင်းတာ ကံကောင်းနေပြီမှတ် ၊ မင်းတို့ဘယ်နေရာသွားတိုင် တိုင် မကြောက်ဘူး၊ ကြိုက်တဲ့နေရာသွား တိုင်၊ ငါရဲ့ကားက ခု ပြင်နေတာ သိန်း၂၀ ကျပ်တောင် ကျနေပြီ” ဟုပြောဆိုပြီး ၊စ၀်သန်းဌေး ၏ မယား နန်းခင် ကလည်း ဒီလိုခြိမ်းခြောက် ပြောဆိုလိုက်သေး တယ်၊ “မင်းတို့ သူ့ဓါတ်ပုံ ကိုကြည့်လေ သူက သျှမ်းစစ်သား ဗိုလ်ပဲ မင်းတို့ဘယ်မှာ တိုင်တိုင် နိုင်မှာမဟုတ်ဘူး ”ဟု ပြောဆိုလာခဲ့ကြောင်း စိုင်းပြည့်ဖြိုးအောင် ၏မိခင်က  ငိုယိုစွာနဲ့ ပြောပြသည်။

စ၀်သန်းဌေးဆိုသူသည်  နမ့်ခမ်းမြို့အာဏာပိုင်နှင့်ဝင်ဆန့်နိုင်သူဖြစ်သလို သျှမ်းပြည်သူစစ်အဖွဲ့၏ အရာရှိ တစ်ဦး လည်းဖြစ်သည်။ အထက်ပါ သျှမ်းစစ်ဗိုလ် မိသားစုတစု ၏ စစ်အာဏာသုံးပြီး ပြည်သူလူထုကို အနိုင်ကျင့်နေသည့် အကြောင်း ကို အထက်ကနိုင်ငံတော်သမ္မတ ကြီး နှင့် သက်ဆိုင်ရာလူကြီးမင်းများသိ သာစေရန်၊ တရားမျှတစွာ ဆောင်ရွက်ပေးကြပါရန် သျှမ်းသံတော်ဆင့်ကနေတဆင့်တင်ပြလိုက်ပါတယ်ရှင်။
မှ။ နန်းနန်း(မန့်ဝိန်းကြီး)





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates