မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီစည်းရုံးရေးမှူးအား ပြည်ခိုင်ဖြိုးပါတီမှ ရိုက် နှက်ခြိမ်းခြောက်



သျှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဖြတ်မြို့နယ် ၊ အင်ပါဟုန်ရွာ ကျားဖြူပါတီ စည်းရုံး ရေးမှူးအား မိုင်းဖြတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုး ရေး ပါတီဥက္ကဌမှ ရိုက်နှက်ခြိမ်းခြောက်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံတိုင်ကြားထားသည်ဟု သိရသည် ။


အင်ပါဟုန်ရွာသူကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ကျားဖြူပါတီ မိုင်းဖြတ်မြို့နယ်၏စည်းရုံးရေးမှူး ဦးပူပါအိုက်ဆိုသူအား မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးထွန်းရွှေမှ အောက်တိုဘာလ (၁၉) ရက်နေ့ ကရုံးသို့ ဆင့်ခေါ်ကာ ရိုက်နှက်ခြိမ်းခြောက်ခဲ့သည်ဟု မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီမှ ဦးစိုင်းခမ်းကျန် ကပြော သည် ။ 


“ မြို့နယ်ကော်မရှင်က အကြာင်းပြန်လာတယ် ။ ဒါဟာကော်မရှင်နဲ့မဆိုင်ဘူး ။ ပါတီ နဲ့မဆိုင်ဘူးတဲ့ ။ ပုဂ္ဂိုလ်ရေး သာဖြစ်တဲ့အတွက် ရဲစခန်းမှာပဲအမှုဖွင့်ဖို့ ညွန်ကြားတယ် ။ ကျနော်တို့ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေတယ်  ” ဟု ၄င်းက ဆက်ပြောသည်  ။


ကျားဖြူပါတီ၏တိုင်ကြားစာတွင် - မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌက  အင်ပါဟုန် ရွာသူ / သားများအား “ ကျားဖြူ ပါတီအား မဲပေးပါက ရွာမှနှင်ထုတ်မည်ဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြားများအားလုံးကိုပါ သိမ်းဆည်း မည်ဖြစ်ကြောင်း ၊ ရွာသူရွာသားများ လုပ်ကိုင်စားသောက်လျှက် ရှိသော လယ်ယာမြေများအားလုံးကိုပါ  သိမ်း  ဆည်းမည်ဖြစ်ကြောင်း ” ပြောဆိုသည်ဟု - ပါရှိသည် ။


ယင်းတိုင်ကြားစာကို မိုင်းဖြတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူး ၊ မိုင်းဖြတ်မြို့နယ် နှင့်သျှမ်း တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ရုံးချုပ် တောင်ကြီးသို့ မိတ္တူပေးပို့  ထားကြောင်းသိရှိရပါသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates