ကျေးသီး ၊ မိုင်းရှူးမြို့နယ် နှစ်ခုလုံး ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟု UEC ထုတ်ပြန်
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ်နှစ်ခု လုံး ၊ ဟိုပန် နှင့် တန့်ယန်း မြို့နယ် တို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၂၇ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်သည် ။
အဆိုပါ ထုတ်ပြန်မှုတွင် မိုင်းရှူးမြို့နယ် တခုလုံး ၊ ကျေးသီးမြို့နယ် တခုလုံး ၊ တန့် ယန်းမြို့နယ် ၈ အုပ်စု နှင့် ဟိုပန်မြို့နယ် ၄၂ အုပ်စု တို့မှာ လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ကိုယ် တိုင်လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည် ။
၎င်းနှင့် ပတ်သက်ပြီး SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦး က - “ ကျနော်တို့ကို NLD နဲ့ ပေါင်းမှာ စိုးပြီး လုပ်လိုက်တယ်လို့ဘဲ ထင်တယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ကော်မရှင်က ဘက်လိုက်နေပြီ ။ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ ရှိမရှိကိုတော့ ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ တိုင်ပင်ရဦးမယ် ” - ဟု ပြောသည် ။
တောင်ကြီးမြို့ SNLD ပါတီရုံးမှ အတွင်းရေးမှူးလည်းဖြစ် ၊ တောင်ကြီးပြည် နယ်လွှတ်တော် ကိုယ်စား လှယ် လောင်းလည်းဖြစ်သည့် နန်းမြဦးကမူ - “ တောင်ကြီးက သျှမ်းတိုင်းရင်းသား တွေစုပေါင်း ဆန္ဒပြဖို့ စီစဉ်နေပါ တယ် ။ ပြည်သူလူထု သဘော မပါပဲ အစိုးရရဲ့ အစွယ်အပွား ပါတီ တစ်ခုရဲ့ တင်ပြချက်ပေါ် မူတည်ပြီး ဒီလို ဆုံးဖြတ်လိုက်တာဟာ သျှမ်းလူထုအတွက် နစ်နာတယ် ။ ဆန္ဒပြဖို့ရှိပါတယ် ။” - ဟု ပြောသည် ။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၄င်းနှင့်ပတ်သက် သည့်ကြေငြာချက် တစောင် ကို အောက်တိုဘာလ ၂၇ ရက်စွဲဖြင့်ပင် ထုတ်ပြန် ခဲ့သည် ။
ကြေငြာချက်တွင် - ယခုကဲ့သို့ သျှမ်းပြည်တွင်း ၄ မြို့နယ် အား ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ် ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ၏ကြေငြာမှုသည် လူထုဆန္ဒအစစ် အမှန်ကို ကွင်းဆင်း လေ့လာ စစ်တမ်းကောက်ယူခြင်းမပြုဘဲ တဖက်သတ်လုပ် ဆောင်ခြင်း ဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိုပိုမိုနှောင့်နှေး ခက်ခဲစေရန်ကြံရွယ် လုပ်ဆောင် ရာ ရောက်ကြောင်း ၊ ပြည်သူ့ ဆန္ဒအရ ရွေးချယ်တင်မြောက် သည့်အရပ်သား အစိုး ရပေါ်ပေါက်ရေးကို ဟန့်တားရာရောက် ကြောင်း စသည်တို့ပါဝင်သော အချက် ၅ ချက်ပါရှိပါသည် ။
မိုင်းရှူးမြို့နယ် ၊ ကျေးသီးမြို့နယ် နှင့် တန့်ယန်းမြို့နယ် အချို့အတွင်းအရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများ အောက်တိုဘာ ၆ ရက်နေ့ မှ စ၍ အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက် နေသည့် ဒေသဖြစ်သည် ။ ဟိုပန်မြို့နယ် နမ့်တစ်မြို့ ၄၂ အုပ်စုမှာမူ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ချုပ်ကိုင်ထားသည့် ဒေသဖြစ်သည် ။
Tags: News, politic