ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပနေချိန် မိုင်းနောင်မြို့၌ ရွာသားနှစ်ဦးအား မြန်မာ့တပ်မတော်ပစ်ခတ်
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ မြောက်ဘက် ဝိန်းကောဝ် အခြေစိုက် တပ်ရင်းဌာနချုပ်တခုက လယ်တောရှင်းသည့် ကျေးလက်ရွာသားများအား သေနတ်ဖြင့်ပစ် ခတ်သောကြောင့် နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသည်ဟု သိရသည် ။
ပစ်ခတ်ခံရသည့် ဒေါ်ပါတင့်နှင့် စိုင်းမွန်းပန် |
“ ပစ်ခတ်ခံရတဲ့ ရွာသားအုပ်စု ထဲက နှစ်ဦးက ထိမှန်သွားတာ ။ (ဒေါ်) ပါတင့် ၅၅ နှစ် ၊ စိုင်းမွန်းပန် ၁၅ နှစ်က လည်ချောင်းမှာ ထိသွားတယ် ။ အဒေါ်ကြီးက အခု လွယ်လင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေတယ် ။ စိုင်းမွန်းပန်က ဒဏ်ရာပြင်းတယ် ။ တအားစိတ်ပူရတယ် ။ သတိကိုမရတော့ဘူး ” - ဟု မိုင်းနောင်ဒေသခံ ဦးစိုင်းရှဲန်န ကပြောသည် ။
တိုက်ပွဲကာလ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား မြန်မာအစိုးရ တပ် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှု မရှိသေးသော်လည်း ယမန့်ညနေပိုင်းက ခိုလမ်မှ မိုင်းနောင် သို့ သံချပ်ကာကား ၄ စီး ၊ လုံခြုံရေးယူပေးသည့် စစ်ကား နှစ်စီး ထပ်ရောက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများ အထူးစိုးရိမ်နေသည်ဟု ဒေသခံများက ပြောသည် ။
မိုင်းနောင်မြို့မြောက်ဘက် ဝိန်းကောဝ် ရှိ အစိုးရတပ် တပ်ရင်းဌာနချုပ် သည် အောက်တိုဘာ ၆ ရက် သျှမ်းပြည်တပ်မတော်အား စတင် တိုက်ခိုက်သည့်နောက်ပိုင်း တိုက်ပွဲအတု အကြိမ်ကြိမ် ဆင်နွဲခဲ့သည် ။ ပစ်ခတ်သည့် လက်နက်ကြီးများလည်း ရွာသားများ၏နေအိမ် နှင့် ဘုန်းတော် ကြီးကျောင်းဝန်းအတွင်း ကျရောက်သောကြောင့် မိုင်းနောင်ဒေသခံ အများအပြား ထိပ်လန့်ကာ အခြားမြို့သို့ တိမ်းရှောင်ခိုလှုံမှုများကြောင်း ဒေသခံများပြောပြ ချက်အရသိရသည် ။
အောက်တိုဘာ ၆ ရက် သျှမ်းပြည်တပ်မတော်အား စတင် တိုက်ခိုက်သည့်ချိန်မှ စ၍ ယနေ့ အထိ ကျေးသီး ၊ မိုင်းနောင် ၊ မိုင်းစံ နှင့် မိုင်းရှူးမြို့ နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ ကျော် နေရပ်မှ တိမ်းရှောင်ရသည် ။
Tags: Crime, News