လားရှိုး မောက်တောင်းအုပ်စုမှာ ကျားခေါင်းပါတီမဲသာ
လားရှိုးမြို့နယ် မောက်တောင်းအုပ်စုမှာ မဲရေတွက်ရာမှာ ကျားခေါင်းပါတီ SNLD က မဲအများဆုံးရရှိနေပါတယ် ။
“ မဲပေးခွင့်ရှိသူ ၉၀၇ ယောက်မှာ မဲပေးခဲ့ရသူ ၄၈၂ ယောက်ဘဲ ရှိတယ်။ ဒါပေမယ့် ကျနော် တို့ ကျားခေါင်းပါတီက မဲသာပါတယ် ။ အားလုံးသာ မဲပေးခွင့်ရခဲ့ရင်တော့ ကျနော်တို့ မဲဒီထက်ပိုရမှာ ” လို့ လားရှိုးအမျိုးသားလွှတ် တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ပြောပါတယ် ။
နေ့ခင်းပိုင်းတုန်းက မဲရုံကို မောက်တောင်းအုပ်စုကနေ ကားလမ်းဘေးက ဝမ့်ကုန်းပေါင်း ကို အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့လိုက်တာကြောင့် လိုက်မသွားနိုင်သူ လိုက်မသွားရဲ တဲ့သူ ဒေသခံတဝက်ကျော် မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရတယ်လို့ စိုင်းဝမ်းလျန်းခမ်းက ပြောပါတယ် ။
မောက်တောင်းအုပ်စုမှာ ညနေ ၄ နာရီအချိန်ကမဲများကိုရေတွက်ပြီးစီးပြီဖြစ်ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မှာ ကျားခေါင်း ပါတီ စိုင်းစိုးမြင့်က ၄၁၁ မဲ ၊ ကျားဖြူပါတီက ၂၀ ၊ ကိုးကန့်ပါတီက ၉ ၊ ဦးဒေါင်လွမ်း တသီးပုဂ္ဂလ ၁ ၊ ကြံ့ခိုင်ရေးက ၇ ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က ၂ နဲ့ ပယ်မဲ ၃၁ မဲ ရရှိတယ်လို့ စိုင်းဝမ်းလျန်းခမ်းက ပြောပါတယ် ။
အမျိုးသားလွှတ်တော်မှာကျတော့ ကျားခေါင်းပါတီက ၄၁၀ မဲ ၊ ကျားဖြူက ၂၁ မဲ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ မဲ ၊ တသီးပုဂ္ဂလ ၁ မဲ ၊ ကြံ့ခိုင်ရေးက ၉ မဲနဲ့ ပျောက်မဲ ၁ မဲ ရရှိပါတယ် ။
ပြည်နယ်လွှတ်တော်က ကျားခေါင်းပါတီ ၄၂၁ မဲ ၊ ကျားဖြူက ၂၀ မဲ ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃ မဲ ၊ တသီးပုဂ္ဂလ ၁ မဲ ၊ ကြံ့ခိုင်ရေးက ၁၀ မဲနဲ့ ပယ်မဲ ၂၂ မဲ ရှိပါတယ် ။
ဒါကြောင့်လက်ရှိ မောက်တောင်းအုပ်စုမှာ ကျားခေါင်းပါတီက အမှတ်အများဆုံး ရရှိနေ တယ်လို့သိရပါတယ် ။
Tags: Election, News