ရွေးကောက်ပွဲအထူးအစီအစဉ် သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်းက မဲဆန္ဒရှင်များ၏ ရင်ဖွင့်သံ
နောင်ချိုမြို့
နာမည်စာရင်းမပါလို့မဲမထည့်ရ
စိုင်းထွန်းအောင် ။ ။ နောင်ချိုမြို့နယ်ထဲမှာ ခုံးနမ့်ရွာ၊ တန်းခွယ့် (လမ်းဆုံ) ရွာ ၊ ဆေးထိုးရွာနဲ့ လွယ်ပန်းရွာ ၄ ရွာက လူ ၁၀၀ နီးပါးဟာ မဲမပေးလိုက်ရဘဲ ပြန်သွားရတယ်လို့ သိရပါတယ် ။ ခုံးနမ့်ရွာက တရွာလုံးနီးပါး လူဦးရေ ၄၀ ကျော်ဟာ မဲပေးခွင့်ရှိသူများစာရင်းမှာ နာမည်စာရင်းမပါ လို့ပြန် သွားရတယ် ။ ကျန်တဲ့ရွာသုံးရွာကတော့ ၁ ရွာကို လူ ၅ ယောက်ကနေ ၁၀ ယောက် အထိ ရှိတယ် ။ မဲမပေးရဘဲ ပြန်သွားရတဲ့သူတွေပေါ့ ။ သူတို့တွေမှာ မှတ်ပုံတင်တော့ရှိ တယ် ။ အမည်စာရင်းမပါလို့ ။
တန့်ယန်းမြို့
ကြံ့ခိုင်ရေးကိုသာတံဆိပ်တုံးရိုက်ဖို့ပြော
စိုင်းမောင်ပွင့် ။ ။ တန့်ယန်းမြို့နယ် ရပ်ကွက် ၁၀ မဲရုံတွင် မဲရုံစောင့် ကြံ့ခိုင်ရေးပါတီက မဲလာပေးသူကို ကြံ့ခိုင်ရေးပါတီ အကွက်တွင် တံဆိပ်တုံးနှိပ်ရန် ပြော ။ ကျားခေါင်းပါတီ မဲရုံတာဝန်ရှိပုဂ္ဂိုလ် က မလုပ်ဖို့သတိပေး ။ လက်ရှိတွင်အထူး စောင့်ကြည့်နေရ ။
လင်းခေးမြို့
ကျားခေါင်းကိုဘဲမဲပေးတယ်
နန်းပီး ။ ။ ကျမတို့မနက်စောစော ကတည်းက မဲသွားပေးလာတယ် ။ တိုးတော့တိုးဝှေ့ရတယ် ။ အရင် ရောက်တဲ့သူ မဲအရင်ထည့်ဘဲ ။ ကျမတို့ရွာက တော်တော်များများတော့ ကျားခေါင်း ပါတီ ထည့်လာတယ် ပြောတယ် ။ နိုင်ငံရေး ကောင်းလာမယ်လို့ ယုံကြည်ကြလို့ပါ ။ ကျားဖြူပါတီ ထည့် တဲ့လူလည်းရှိပါတယ် ။
ကျားခေါင်းကိုယ်စားလှယ်က ကျနော့်ကိုမဆွဲဆောင်နိုင်ဘူး
စိုင်းစွမ်ဖှ ။ ။ လင်းခေးမှာတော့ ကျနော်ယုံကြည်ရတဲ့ ကိုယ်စားလှယ်တွေက ကျားဖြူမှာ ဆက်ရှိနေတယ် ။ ပြီးခဲ့တဲ့ ၄ ၅ နှစ်အတွင်းမှာလည်း သူတို့ တာဝန်ကျေခဲ့တယ် ။ လုံးစိုင်းအိုက်ပေါင်း ကောင်းတာမကောင်းတာ ခနထားလိုက်ပါ ။ ဒီကိုယ်စားလှယ်တွေကတော့ တကယ်အလုပ်လုပ်ပါတယ် ။ SNLD ရဲ့မူဝါဒတွေကိုလဲကြိုက်ပါတယ် ။ ဒါပေမယ့် လက်ရှိ SNLD ကိုယ် စားလှယ်တွေက ကျနော့ကို မဆွဲဆောင်နိုင်ဘူး ။ လင်းခေးမြို့နယ်အတွက် ပြောတာ နော် ။
နိုင်ငံရေးကေင်းမှ ဝမ်းစာရှာရလွယ်မယ်
စိုင်းလုံ ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ထည့်ပေးတယ် ။ ကျားခေါင်းကိုလည်း ထည့်ပေးတယ် ။ နိုင်ငံရေးတိုးတက် ကောင်းမွန်လာအောင်ပေါ့ ။ နိုင်ငံရေးကောင်းမှ ဝမ်းစာရှာစားရလွယ်ကူမယ်လေ ။ အစောင့်အကြပ်တွေများတာကလွဲလို့ ကျနော်တို့ရပ်ကွက်မဲရုံမှာ အေးဆေးဘဲ ။
လင်းခေးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင် မှာကတော့ ကျားဖြူပါတီ ကျားခေါင်းပါတီ ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ပါတယ် ။ မဲရုံ ၃၅ ရုံရှိပြီးတော့ မဲပေးပိုင်ခွင့်ရှိသူ ၄၀၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ် ။
မိုးနဲမြို့
မိုးနဲမှာ ကျားဖြူအားကောင်း
နန်းလီ ။ ။ ကျမကိုယ်တိုင်ကတော့ ကျမသဘောကျတဲ့ ပေါ်လစီလက်ကိုင်ထားတဲ့ ပါတီကို ကျမရွေး ချယ်မဲ ပေးခဲ့ပါတယ် ။ ကျားခေါင်းပါတီပါ ။ အချို့က ပါတီကိုမကြိုက်ပေမဲ့ အမတ်လောင်းက ကိုကြိုက်ကြတယ် ။ ကျားဖြူခေါင်းဆောင်မကြိုက်ပေမဲ့ မိုးနဲက ကျားဖြူအမတ်လောင်းက မိုးနဲအတွက်အများကြီး လုပ်ပေးခဲ့တယ် ။ ဒါကြောင့် သူ့အတွက်ပေးတယ်ပေါ့နော် ။ ကျားခေါင်း ပါတီက ကောင်းပေမဲ့ ကျားခေါင်းအမတ်လောင်း ဆိုတာက ခုမဲပေးခါနီးမှ ဘာမှမလုပ်ပေးဖူးပဲ ခုမှဘယ်ကနေထွက်လာမှန်းမသိလို့ မပေးဘူး ဒါမျိုးတွေ ရှိကြ တယ်ပေါ့နော် ။ မိုးနဲမှာ ပါတီကိုမကြည့်ပဲ အမတ်လောင်း ကိုကြည့်တဲ့သူတွေ တော်တော်များပါတယ် ။ မဲပေးတာကလဲ ဘေးကလူတွေ မေးကြည့်ပါတယ် ။ ကျားဖြူအားကောင်းပါတယ် မိုးနဲမှာ ။
ကြံ့ခိုင်ရေးကတော့ သူ့ဝန်ထမ်းတွေကလွဲရင် ဘယ်သူမှ မထည့်ကြပါဘူး ။ လူထုက တော့ NLD SNLD ကျားဖြူ ကိုဘဲ မဲပေးကြပါတယ် ။
ထူးခြားတာတခုက မိုးနဲမှာ ပြည်သူ့လွတ်တော်မဲ NLD မပါဘူး ။ အမတ်လောင်း က မြန်မာမှတ်ပုံတင်ကိုင်ပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းဖြုတ် လိုက်တာပါ အဖိုးက ကုလားစပ်လို့ လို့ပြောပါတယ် ။ သူ့ကို Internet နဲ့စစ်တဲ့ application တစ်ခုမှာ စစ်ပြီး အဲလိုထွက်လာလို့ ဆိုဘဲ ။
နမ့်စန်မြို့
နမ့်စန်မှာ လူထု ၂ သောင်းကျော် မဲပေးခွင့်ဆုံးရှုံး
နမ့်စန်မြို့နယ် လွယ်ချိုရွာမှာ မဲပေးဖို့မနက်စောစောကတည်းက သွားစောင့်တဲ့ ရွာသားတွေကို မဲပြားဝေပေးမှု နှောင့်နှေးတာကြောင့် ရွာသားတွေ မဲမထည့်ဘဲ ပြန်သွားကြတာရှိတယ်လို့ သိရပါတယ် ။
စိုင်းဆန်း ။ ။ မိုးမလင်းခင်ကတည်းကလာတာ ။ မြန်မြန်မဲထည့်ပြီး အိမ်ပြန် ကျွဲနွားကျောင်း လယ်ယာအလုပ် ပြန်လုပ်ရမယ်လေ ။ အဲတာကိုမိုးလင်း နေမြင့်တဲ့ချိန်အထိ မဲပြားမဝေပေးဘူး ။ စိတ်မရှည်တော့မဲမပေးဘဲ ပြန်လာတာ ။
စိုင်းကျော်ဝင်း ။ ။ ဟုတ်တယ် ကျနော်တို့လည်း ကြားရတယ် ။ ဝမ့်လွယ်ချိုရွာသားတွေ မဲမပေးဘဲ ပြန်သွားကြတာ အများကြီးဘဲ ။ ကျနော်တို့သွားပြောမယ်ဆိုရင်လည်း မမှီနိုင်တော့ဘူးလေ ။ မြို့နဲ့ဝေးတော့ ။ နမ့်စန်မှာ ခိုလမ်အပါအဝင်ပေါ့နော် မဲပေးပိုင်ခွင့်ဆုံးရှုံးသူ ၂၀၀၀၀ လောက်ရှိပါတယ် ။
နမ့်စန်မြို့မှာ မဲပေးခွင့်ရှိသူ ၈၀၀၀၀ ကျော်ရှိပါတယ် ။ မဲရုံစုစုပေါင်း ၁၀၀ ကျော်ရှိပါတယ် ။ အင်အားကြီးပါတီကြီး ၄ ခုအပြင် တစည ပါတီလည်း ယှဉ်ပြိုင်တယ်လို့ သိရပါတယ် ။
Tags: Election, News