လူငယ့်ကံကြမ္မာ လူငယ့်လက်ထဲမှာရှိလာအောင်
လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး ပွင့်လင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတွက် သျှမ်းပြည်အနှံ့က လူငယ်တွေကို ရွေးကောက်ပွဲစောင့်ကြည့်ပေးဖို့ သျှမ်းလူငယ်ကွန်ရက်ကနေ တိုက် တွန်း လိုက်ပါတယ် ။ အဲဒီအတွက် ဘယ်လိုပြင်ဆင်ထားရပါမလဲ ။ ဒီအကြောင်းအသေးစိတ်ကို သျှမ်းလူငယ်ကွန်ရက်အဖွဲ့က ပြောခွင့်ရ စိုင်းဆိုင်မိန်းကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းထား ပါတယ် ။
ဖြေ ။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အရင်ဆုံး ပြောချင်တာက - နိုင်ငံသားတဦးဟာ နိုင်ငံရေးကိုစိတ်ဝင်စား သည်ဖြစ်စေ စိတ်မဝင်စားသည်ဖြစ်စေ ၊ နိုင်ငံရေးမှာ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ၊ နိုင်ငံရေးကို နားလည် သည်ဖြစ်စေ မလည်သည်ဖြစ်စေ ရွေးကောက်ပွဲတော့ ၀င်ရမှာဘဲ ။ ဆန္ဒမဲပေးရမှာဘဲ ။ ဆန္ဒမဲပေးမှုဟာ နိုင်ငံသား တဦးရဲ့ တာဝန်ပါ ။ နိုင်ငံရေးကိုလုပ်မယ့် သူကိုရွေးချယ်တာဖြစ်တယ် ။ အဲဒီလူကနေ သက်ဆိုင်ရာမိမိအမျိုးသားရဲ့ အရေး ကိုဆောင်ရွက်ပေးမယ် ။ အကာအကွယ်ပေးမယ် ။ ဒါကြောင့် ကြည့်လိုက်ရင် နိုင်ငံရေးရော အမျိုးသား ရေးရော အရေးပါတယ် ။ ငွေဒင်္ဂါးပြားလိုဘဲ ၂ ဖက်လုံးကတန်ဖိုးရှိပါတယ် ။ ဒါကြောင့် လူငယ်တွေကို နိုင်ငံရေးကို စိတ်ဝင်စားဖို့ လေ့လာဖို့ တိုက်တွန်း ချင်ပါတယ် ။
မေး ။ ။ ရွေးကောက်ပွဲအတွက် လူငယ်တွေ ဘယ်လိုပြင်ဆင်သင့် သလဲ ။
ဖြေ ။ ။ နိုင်ငံသားတိုင်းလူငယ်တိုင်း ရွေးကောက်ပွဲကို လွတ်လပ်စွာ မဲပေးခွင့်ရှိလား ၊ ကြောက်ရွံ့ မှုမရှိဘဲ မဲပေးခွင့်ရှိလား ၊ လွယ်လွယ်ကူကူမဲပေးခဲ့ရလား ဆိုတာတွေကို လူငယ်တွေကို စောင့်ကြည့်စေချင်တယ် ။ ကျနော်တို့ Tai Youth Network TYN က နိုင်ငံရေးမလုပ်ဘူး ။ အမျိုးသားရေးကိုအခြေခံပြီး နိုင်ငံရေး ကိုစောင့်ကြည့်တယ် ။ စတင် ဖွဲ့စည်းကတည်းကဘဲ အမျိုးသားရေးဘက်ကိုရပ်တည်မယ်လို့ ဆန္ဒပြုထားတယ် ။ ဒါပေမယ့် နိုင်ငံရေးဟာ အမျိုးသား ရေးအတွက် လွန်စွာအရေးကြီးပါတယ် ။ လူငယ်တိုင်းကို ရွေးကောက်ပွဲမှာ မဲပေးဖို့ တိုက်တွန်း တယ် ။ မဲပေးပြီးရင် ချက်ချင်းအိမ်မပြန်နဲ့ ။ လွတ်လပ်မှုရှိလား ခြိမ်းခြောက်မှုရှိလား ဆိုတာမဲရုံမှာ စောင့်ကြည့်ပေး ဖို့တိုက်တွန်းချင်ပါတယ် ။
မေး ။ ။ လူငယ်တွေကို ရွေးကောက်ပွဲ စောင့်ကြည့်ရေးအတွက် နည်းလမ်းတွေဘာတွေ သင်တန်းပေးထားသလား ခင်ဗျ ။
ဖြေ ။ ။ ၁ - ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ။ ၆ နာရီကတည်းကစပြီး မဲထည့်ခွင့်ရလား ။ ၂ - မဲထည့်နေစဉ် ဘေးကလာပြီး ဟိုဟာဒီဟာထည့်ဖို့ ဖိအားလာပေးလား ခြိမ်းခြောက်တာတွေရှိ သလား ။ ၃ - ရပ်ရွာလူထုမဲလာပေးကြသလား ။ များလား ။ မဲရုံမှူးတွေကနေ မဲလာပေးတဲ့ ရွာသားတွေကို နည်းလမ်းညွန်ပြပေးလား ။ ၄ - မဲရုံကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားလား ။ စည်းကမ်းအတိုင်းလိုက်နာလား ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ မဲရုံထဲမှာ ၀င်ပြီး ရှုပ်နေလား။ အပြင်ကနေစည်းရုံးနေတဲ့အဖွဲ့ ရှိနေလား ။ ကြည့်ပေးဖို့ပါ ။
မေး ။ ။ မဲမရှုံးအောင် ။ လူထုက တွေဝေမှုမရှိအောင်ကော ဘယ်လိုလုပ်ရမလဲ ။
ဖြေ ။ ။ TYN ကနေ လူငယ်တွေကို တောင်းဆိုချင်တာကတော့ - ကိုယ်မဲထည့်မယ့်မဲပြားမှာ ဘာမှမစဉ်းဘဲ မဲထည့်ပေးသွားမယ်ဆို ရင်တော့ အဲတာ စက္ကူဘဲပေါ့ ။ စဉ်းစားတွေးတောပြီးမှ ထည့်မယ်ဆိုရင် ဒါကျနော် တို့အတွက်အင်အားတခုပေါ့ ။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၆၀ အတွင်းမှာ ပြုပြင်ပြောင်းလည်းရေး လွတ်လပ် ရေး ကိုယ်ပိုင်အုပ်ချုပ်ရေဘာအခွင့်အရေးမှ မရှိဘူး ။
ဒါကြောင့်ဒီ ရွေးကောက်ပွဲကနေ ကျနော်တို့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင် မလား။ သို့မဟုတ်ကျနော်တို့ရဲ့အိပ်မက်ကို သယ်ဆောင်လာပေးနိုင်မလားဆိုတဲ့မျှော် လင့်ချက်နဲ့ပါ ။
ကျနော်တို့ရဲ့ အမြင့်ဆုံးရည်မှန်းချက်ကတော့ လူငယ်တွေရဲ့ကံကြမ္မာ လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်ဆိုတာဘဲ ။ ကျန်ာတို့က ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုလိုလားတယ် ။ အခွင့်အရေးကို လိုလားတယ် ။ ရှေ့ဆက်ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်ပြီးအမျိုးသားရေးကို လုပ်ချင်တယ် ။ ဒါကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်သွားရမှာက အဓိကပါဘဲ ။ ဒါကြောင့် မိဘပြည်သူတွေကိုမဲထည့်တဲ့နေရာမှာ သေချာစဉ်းစားပြီးမှဖြည့်ပေးပါလို့ တိုက်တွန်းချင်တယ် ။
မေး ။ ။ မိုင်းရှူး အပါအဝင် ၄ မြို့နယ်ကို ယူအီးစီးက ရွေးကောက်ပွဲမကျင်းပတဲ့နေရာ ကြေငြာထားတယ် ။
ဖြေ ။ ။ လွတ်လပ်စွာလုပ်ပိုင်ခွင့်နဲ့ တရားမျှတမှု ကိုကျနော်တို့လိုလားတယ် ။ ကျနော်တို့ စိတ်မကောင်း ၀မ်းနည်းခံစားရပါတယ် ။ သျှမ်းပြည်သား မြန်မာပြည်သား နိုင်ငံခြားရောက်နေသူ အားလုံး မဲထည့်ရတယ်လေ ။ ဒီလုပ်ရပ်ကြောင့်ကျနော်တို့က ကိုယ့်အမျိုးသားရေးအတွက်လုပ်ပေးမယ့် သူကိုရွေးချယ်ဖို့အခွင့် ဆုံးရှုံးသွားတာ တော့ မဖြစ်စေချင်ဘူး ။ ကျနော်တို့လူငယ်တွေအနေနဲ့ ဒီလုပ်ရပ်ဟာ အခွင့်အရေးကို ခွဲခြားပေးတာဘဲလို့ မြင် တယ် ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ဘာတွေမပြောသေးနဲ့ဦး ဒါတောင်မှ တန်းတူမပေးဘူးဆိုမှတော့ ရှေ့ဆက်မှာ လည်း မျှတမှုဆိုတာ သိပ်မမြင်ရဘူး ။ ဖိနှိပ်မှု အခွင့်အရေးချိုးဖောက်မှုက ဆက်ရှိဦးမှာဘဲ ။ ဒါကြောင့် မဲဆန္ဒရှင် တွေအနေနဲ့ သေချာစဉ်းစားဖို့ တိုက်တွန်းတာပါ ။ လူငယ်တွေအနေနဲ့လည်း အရမ်းကိုစိုးရိမ်ပူပန် မိပါတယ် ။
မေး။ ။ TYN ရဲ့ရည်ရွယ်ချက်က ဘာလဲ ။
ဖြေ ။ ။ ကျနော်တို့ လူငယ်တွေလည်း ၂ -၃ နှစ်မှာလှုပ်ရှားလာတာက ဖွဲ့စည်းပုံကိုပြင်ဖို့ အားပေးတယ် ။ ၂၀၀၈ က တရားမျှတမှုမရှိဘူး။ တိုက်ပွဲတွေလည်း ရပ်တံ့ဖို့ငြိမ်းချမ်းရေးလုပ်ဖို့ အမြဲတိုက်တွန်းတောင်းဆို လာတယ် ။ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ဖို့ ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ် ။ သဘာဝ - ပတ်ဝန်းကျင်ကို ဖျက်ဆီးထုတ် ရောင်းလို့ နိုင်ငံမဖွံ့ဖြိုးလာဘူး ။ ဒါလူငယ်တွေရဲ့တောင်းဆိုချက်ဖြစ်တယ် ။ ဒီနေ့ကျနော် တို့ လူငယ်တွေဟာ နိုင်ငံရေးအဘက် ဘက်က ကူရမယ် ။ မျက်လုံးကျယ်ကျယ် နားကျယ်ကျယ်ဖွင့်ပြီးလေ့လာရမယ် ။ ပူးပေါင်းပါဝင် ရမယ် ။ ကျနော်တို့လိုချင်တာကို ရောက်အောင်ပေါ့ ။
ကျနော်တို့လူငယ်တွေ အတွေ့အကြုံ ရှိပါတယ် ။ မိုင်းကိုင် မိုင်းတုံ တောင်ကြီးတွေမှာ သဘာဝ ပတ်ဝန်းကျင် အတွက် တောင်းဆိုတုန်းက ဒေသတွင်းလူထုနဲ့ ပေါင်းပြီး လှုပ်ရှားဖူး တောင်ဆို ဖူးတယ် ။ ဆန့်ကျင်ဆန္ဒပြ ဖူးပါတယ် ။ ဒါကြောင့် ဘယ်ဟာက အမျိုးသားနဲ့လူထုဘက်ကို ရပ်တည်တာလဲ ။ ဘယ်ဟာက မရပ်တည်တာလဲ ဆို ကျနော်တို့လူငယ်တွေ ဆုံးဖြတ်တတ် နေပါပြီ ။ ဒါတောင်မဆုံးဖြတ်နိုင်သေးရင်လည်း ကျနော်တို့ ကိုယ့်ခြေပေါ်မရပ်တည်နိုင်သေး တာလို့ဘဲမြင်ပါတယ် ။
မေး ။ ။ တမျိုးသားရေးကိုဆောင်ရွက်ပေးမယ့်သူကို ထောက်ခံအားပေးပါဆိုတာက ဘယ်အဖွဲ့ ဘယ်ပါတီဘက်ကို ကာကွယ်ပေးချင်သလဲ ။
ဖြေ ။ ။ ကျနော်တို့လူငယ်အဖွဲ့ကတော့ ဘယ်ဘက်ကိုမှမယိုင်ပါဘူး ။ ဒါပေမယ့် ရွေးကောက် ပွဲမှာ စောင့်ကြည့် ဖို့ တိုက်တွန်းတာကတော့ တခြားသူတွေ ဒီတာဝန်လာယူတာထက် ကျနော်တို့ လူငယ်တွေက သွားပြီးတာ ၀န်ယူရင်ပိုမကောင်းဘူးလား ။ ကျနော်တို့လူငယ်ထဲက ကိုယ်စားလှယ်လောင်းမှာ ဝင်ပြိုင်တာလဲ ရှိတယ်လေ ။ ဒါကိုလူငယ်တွေ ကြည့်တတ်မယ် နားလည်မယ် လို့ယုံကြည်ပါတယ် ။
တကယ်လို့လူငယ်ဟာ အမျိုးသားရေး နိုင်ငံရေးကိုစိတ်မဝင်စားရင် အဲဒီလူမျိုးဟာ မကြာခင် မှာဘဲ သုဉ်းသွားလိမ့်မယ် ။ ဒါကြောင့် နိုင်ငံရေးကို လေ့လာပါ ။ အမျိုးသားရေး ဘက်က နေရပ်တည်ပေးမယ့်သူကို ထေက်ခံအားပေးပါလို့ တိုက်တွန်းတောင်းဆိုချင် ပါတယ် ။
သဘာဝပတ်ဝန်းကျင်လေ့ လာတတ်စေ ရန် ၊ လူငယ်များအချင်းချင်းရှေ့ဆက်အတူ လက်တွဲဆောင်ရွက်တတ်စေရန် ၊ သျှမ်းပြည် ထွက်သဘာဝ သယံဇာတများ စုပေါင်း ကာကွယ်တတ်ရန်နှင့် လူငယ်များအချင်းချင်း သိကျွမ်းဝင် တတ်စေရန် ရည်ရွယ်ပြီး သျှမ်းပြည်အနှံ့မှ သျှမ်းလူငယ်များကို သျှမ်းလူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်ကာ နှစ်စဉ်နှစ်တိုင်း တောင်တက်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ် ။
Tags: Interview