ရွေးကောက်ပွဲကာလ RCSS/SSA နာမည် အလွဲသုံးစားမပြုလုပ်ရန် RCSS သတိပေး
ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီ တခုက ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နာမည်ဖြင့် မဲဆွယ်စည်းရုံးမှုသည် နာမည်အလွှဲသုံးစားမှုတခုဖြစ်ပြီး RCSS/SSA အနေဖြင့် မည်သည့် ပါတီဘက်ကိုမှ ဘက်လိုက်ရပ်တည်ခြင်း မရှိကြောင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည် ။
ရွေးကောက်ပွဲ အောင်နိုင်ဖို့ အတွက် နိုင်ငံရေးပါတီတခုက - “ လူထုအတွက် စဝ်ယွက်စစ် မှာကြားချက် ” ဆိုသည့် ခေါင်းစဉ်ဖြင့် RCSS/SSA နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၏ နာ မည်အား အသုံးပြုထား ကြောင်း ၊ ထိုစာသည် RCSS/SSA ၏ သဘောထား မဟုတ် ကြောင်း ၊ မည်သည့် နိုင်ငံရေး ပါတီဘက်ကိုမှ RCSS/SSA ဘက်လိုက်ရပ်တည်ခြင်း မရှိကြောင်း ပြော သည် ။
“ စာကိုအရင်ကြည့်လိုက်ပါ ။ RCSS/SSA တရားဝင်ထုတ်ပြန်စာတွေဆိုရင် ကျနော်တို့ရဲ့ အမှတ်တံဆိပ် ၊ တံဆိပ်တုံး ပါမယ် ။ ဒါက အလွှဲသုံးစားမှု တခုပဲ ။ ကျနော်တို့ အဖွဲ့အစည်း နာမည် အလွှဲသုံးစားပြုနေတဲ့သူတွေကို အပြစ်ပေးဖို့ အဆင့်သုံး သတ်မှတ်ထားတယ် ” - ဟု ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည် ။
အခုလို နာမည်အလွဲသုံးစားပြီး ရေးသားထုတ်ဝေတဲ့ဒီစာစောင်ဟာ ရွေးကောက်ပွဲရဲ့ Code if Conduct ကို ဆန့်ကျင်တာဘဲ ။ ဒါဟာ တရားမျှတမှုမရှိဘူး ။ ဘက်လိုက်တာဘဲ ။ ဒါတွေကို ဒု ဗိုလ်ချုပ်ကြီးယွက်စစ်ပြောသည်ဖြစ်စေ ဒီစာဟာ ဒီတရက် ၂ ရက်အတွင်း ပျံ့နေတော့ ဒါဟာရွေးကောက်ပွဲကို မျှတမှုမရှိအောင် လုပ်နေတာဘဲ ဖြစ်တယ်လို့ မြင်ပါတယ် ။ ဒါကို SNLD က လက်မခံနိုင်ပါဘူး ။ အပြင်းအထန်ရှုံ့ချပါတယ် ။ - ဟု SNLD ပါတီပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကလည်း ပြောဆိုသည် ။
ပထမအချက် RCSS/SSA နာမည်ကို သုံးကာ အကောင်းဖြစ်စေ ၊ အဆိုးဖြစ်စေ လုံးဝအသုံး မပြုရန် ၊ အသုံးပြုသူအား စစ်ဆေးတွေ့ရှိပါက ခေါ်ယူစစ်ဆေးသွားရန် ၊ ထင်ရှားပေါ် လွင် မှုရှိပါက ချမှတ်ထားသည့် RCSS/SSA စည်းမျဉ်းစည်းကမ်းအရ အရေးယူ အပြစ်ပေး သွား မည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ဗိုလ်မှူးကြီး စိုင်းလှ က ဆက်လက်ပြော ကြားသည် ။
Tags: General, News