ရေပြသနာ ဖြေရှင်းပေးပါ



သျှမ်းသံတော်ဆင့်မှ တစ်ဆင့်

သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်သိစေရန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ ပန်ကန်ရပ်ကွက် ၊ ဟော်ကုန်းရပ်ကွက်နေ ပြည်သူလူထုမှ ရေအခက်အခဲများရှိကြောင်း တင်ပြတောင်းဆိုမှုများကြောင့် မြို့ရေပေးဝေရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ်ဏ္ဍရေးနှစ် ပြည်နယ်ဝန်ကြီးချုပ် (မိုင်းကိုင်) ခရီးစဉ် ၁၉ ရက် ၁၂ လ ၂၀၁၄ ရက်နေ့တွင် ကျပ်သန်း ၂၀၀ စတင်ချပေးခဲ့ပါသည် ။


၂၀၁၃ - ၂၀၁၄ ဘဏ်ဏ္ဍရေးနှစ် ပြည်နယ်ဝန်ကြီးချုပ် ကျေးသီးခရီးစဉ် ၉ ရက် ၁ လ ၂၀၁၄ ရက်နေ့တွင် သိန်း ၁၀၀ ကျပ် ထပ်မံချထားပေးခဲ့ပါသည် ။


၂၀၁၅-၂၀၁၆ ဘဏ်ဏ္ဍနှစ်တွင် မြို့ရေးပေးဝေရေးအဖွဲ့မှ ဆောင်ရွက်မှု ဘဏ်ဏ္ဍငွေ ထပ်မံလိုအပ်သဖြင့် လွှတ်တော် ရံပုံငွေ သိန်းတစ်ထောင်မှ ငွေကျပ် သုံးဆယ့်ငါးသိန်း ထပ်မံတောင်းခံပေးဝေခဲ့သည် ။


မြို့ရေပေးဝေရေး ရံပုံငွေမရခင် ရေတိုင် သုံးတိုင်မှ တစ်လ လျှင် လေး နာရီ ရေပေးခဲ့ပြီး ရေတိုင် တစ်တိုင်ကို သုံးထောင်ကျပ် ရံပုံငွေ အဖြစ် ပေး သွင်းခဲ့သည်။နောက်ပိုင်းတွင် ရေပေးဝေမှု တစ်လ လေးနာရီ လစဉ်ေ ကြး နှစ်ထောင်ကျပ် ကောက်ခံခဲ့ပါသည် ။


ပြည်နယ် ဝန်ကြီးချုပ် ချပေးခဲ့သော ရံပုံငွေဖြင့် ရေတိုင်များ တိုးချဲမှု ငါးတိုင်ခန့် ရှိခဲ့သော်လည်း ရေပုံမှန်မရရှိပါ ။


ယခု အခါ နွေရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ကန်ပိုင်ရပ် ကွက် နှင့် ဟော်ကုန်းရပ်ကွက်နေ ပြည်သူလူထုများ က ရေအခက်အခဲများ အရင်အတိုင်း မပြောင်းလဲ ကြုံနေရပါသည် ။


ယခုထိ ရေပေးဝေရေးမှ တစ်ပတ်လျှင် တစ်နာရီ တစ်လလျှင် လေးကြိမ်ေ ပးခြင်းဖြစ်သော်လည်း ရေပုံမှန်မလာသည်က များသဖြင့် ရံပုံငွေတာ ကုန်ပြီး တိုးတက်မှုမရှိကြောင်းကို သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ် သိစေရန်အတွက် သျှမ်းသံတော်ဆင့်မှ တစ်ဆင့် တင်ပြအပ်ပါသည် ။


ကျေးသီးလူငယ်များအဖွဲ့




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates