ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖမ်းဆီးရမိတာမလန်းသစ်များ ပိုင်ရှင်မဲ့
သျှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ္တုတူးဖော်ရေး ကုမ္ပဏီဝင်း တခုအတွင်း ဖမ်းဆီးရမိတာမလန်းသစ်များ အရေးနှင့် ပတ် သက်ပြီး ကုမ္ပဏီမှ၎င်းတို့နှင့် ပတ်သက်မှု မရှိကြောင်း မတ်လ (၂၆) ရက်နေ့က မီဒီယာများထံ ပြောကြားခဲ့သည် ။
သတ္တုတူးဖော်ရေး ကုမ္ပဏီဝင်း တခုအတွင်း ဖမ်းဆီးရမိ တာမလန်း သစ်များ |
“ ကျမတို့ကုမ္ပဏီက သတ္တု တွင်းဝန်ကြီးဌာနကနေ တရားဝင်လွှဲပြောင်း ယူ ထားတဲ့ ခဲ ၊ သတ္တု သီးသန့်တူးဖော်ရေး ကုမ္ပဏီ တစ်ခုပါ ။ ခုဖမ်း မိတဲ့သစ်တွေ က ကျမတို့နဲ့ မသက်ဆိုင်ပါဘူး ၊ အဲ့ဒီသစ်တွေက အရင်ကုမ္ပဏီလက်ထက် ကတည်းက ရှိထားတဲ့ သစ်တွေပါ ။ ဘယ်ကတည်းကရှိထားတဲ့ပစ္စည်းတွေ သစ်တွေမှန်း မသိဘူး ” ဟု ဟာဘော်စတား ကုမ္ပဏီ ပိုင်ရှင် ဒေါ်ဥမ္မာဝင်း ကပြော သည် ။
ကုမ္ပဏီပိုင်နက်အတွင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော သစ်ကိစ္စနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနမှကုမ္ပဏီအားအကြောင်း တစ်စုံတစ်ရာမေးမြန်းခြင်း မရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည် ။
ဟာဘော်စတား ကုမ္ပဏီသည် အောင်ကြိုးကြာကုမ္ပဏီထံမှ ၂၀၁၅ ခု နှစ်ဆန်းပိုင်းက လွဲပြောင်းရယူခဲ့ပြီး ထိုနှစ်နှောင်း ပိုင်းတွင် ခဲ ၊ သတ္တုများကို တရုတ်နိုင်ငံမှပညာရှင်များနှင့် တူးဖော်ခဲ့သည် ။
လက်ရှိတွင် ထိုနေရာ၌ သတ္တုသန့်စင်စက်ရုံထောင်ထားခြင်းမရှိသေးပဲ ယင်းတူးဖော် ရရှိသော ကုန်ကြမ်းများကို ဘော်ဆိုင်းဒေသ ရှိအကြီးစား သတ္တုသန့်စင် စက်ရုံ GPS-VJ ကုမ္ပဏီသို့ပို့ဆောင်ကာ သတ္တုသန့်စင်ခြင်း များပြုလုပ်လျှက်ရှိသည်ဟု သိရှိရပါသည် ။
Tags: Environment, News