သျှမ်းပြည်နယ်ဝန်ကြီးချုပ်အသစ် NLD လားရှိုးမှ ဒေါက်တာလင်းထွဋ် အား လွှတ်တော်တွင် အတည်ပြု
ယနေ့ကျင်းပသော ဆဋ္ဌမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှသမ္မတသစ် (လောင်း) ဦးထင်ကျော် က လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဒေါက်တာလင်းထွဋ် အား သျှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်၌ အတည်ပြုကြေငြာ ခဲ့ပါသည် ။
သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်သည့် ဒေါက်တာလင်းထွဋ် |
" အဲ့ဒီထဲမှာပါတဲ့ ထိပ်ဆုံးက ကဏ်ဏ္ဍဖြစ်တဲ့ လူထုအားလုံးရဲ့ဘဝကို ပြောင်း လဲစေဖို့ စတင်ဆောင်ရွက်ပါမယ် ။ ဒါကျနော့ရဲ့ ရည်ရွယ်ချက်ပါဘဲ " ဟု ၄င်းကဆက်ပြောသည် ။
သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာမည့် ဒေါက်တာလင်းထွဋ်ကို သျှမ်းပြည်နယ် အရေး ၊ သျှမ်းပြည်တိုင်း ရင်းသားအရေးကို ကျောသား ရင်သား မခွဲခြားဘဲ တန်းတူညီမျှစွာဖြင့် ကြည့်ရှုဆောင်ရွက်သွား မည်ဟု မျှော်လင့် မိကြောင်း နမ္မတူမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ နန်းစံဟွမ် ကပြောသည် ။
" တိုင်းရင်းသားအနေနဲ့ ပြောရမယ်ဆိုရင်တော့ အားငယ်တာပေါ့ ။ သျှမ်းပြည် တွင်း မှာဆို ဒီလိုတစ်ခါမှ မရှိဖူးဘူးလေ ။ ဖြစ်နိုင်ရင်တော့ ကိုယ့်ရှမ်းလူမျိုးဘဲ ပြန်ဖြစ်ချင်တာပေါ့ " ဟု ၄င်းက ပြောသည် ။
NLD မှ ထုတ်ပြန်သည့်ကြေငြာချက်တွင် အချက် ၄ ချက်ပါရှိပြီး ငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုး ရေး ဆိုသည့် အခန်းကဏ်ဏ္ဍသည် အဓိက အရေး ကြီးပြီး မိမိ ကိုယ်စွမ်း ၊ ဉာဏ်စွမ်းရှိသလောက် ဦးစားပေးဆောင် ရွက်သွား မည်ဟု ဒေါက်တာလင်းထွဋ် ကပြောသည် ။
"သျှမ်းပြည်နယ်သူ / သားအားလုံး ကို မေတ္တာပို့ပါတယ်လို့ ပထဦးဆုံး ပြောချင်ပါတယ် ။ ဘယ်တိုင်းရင်း သားဘဲ ဖြစ်ဖြစ် ဘယ်လူမျိုးစုဘဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးစုတွေကော သျှမ်းပြည်နယ်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူထုအားလုံးကိုကော ကျနော်တို့ နိုင်ငံတော် သီချင်းရဲ့ ပထမဦး ဆုံး ခြေ ဆင်း အပိုဒ် ဖြစ်တဲ့ - တရားမျှတ လွှတ်လပ် ခြင်းနဲ့ မသွေ ၊ ဒို့ပြေ ၊ ဒို့မြေ ။ များလူခပ်သိမ်းအေးငြိမ်းစေဖို့ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့မြေ - ဆိုတဲ့အတိုင်း ကျနော်တို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ ဖက်ဒရယ်ပြည်ထောင် စုကြီြး ဖစ် အောင် အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်" ဟု မီဒီယာများကိုပြောသည် ။
အဆိုပါ NLD ကြေငြာချက်ကို SNLD အနေဖြင့်ကြိုဆိုကြောင်း ၊ သို့သော် တိုင်းရင်းသားညီညွတ်ရေး အတွက် လက်တွေ့ကျကျ လုပ်ဆောင်ရာတွင် အခက်အခဲများ များစွာရင်ဆိုင်ရမည်ဖြစ်ကြောင်း ၊ အဘယ် ကြောင့်ဆိုသော် ယခု NLD မှရွေးချယ်သည့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်သည် သျှမ်းပြည် အရေး ဆောင်ရွက် ဖူးသူမဟုတ်ကြောင်း ၊ သို့သော် SNLD အနေဖြင့် ဖွဲ့စည်း ပုံပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို တတ်နိုင်သည့် ဘက်မှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း SNLD ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ပြောပါသည် ။
NLD အစိုးရသစ် သည် လာမည့် ဧပြီလ ၁ ရက်နေ့တွင် နိုင်ငံတော် အာဏာ ကို ဦးသိန်းစိန်အစိုးရအဖွဲ့ထံမှ လွှဲပြောင်းယူမည်ဖြစ်သည်ဟု လည်းသိရ ပါသည် ။
Tags: News, politic