၂၀၂၀ အောင်နိုင်ရေးအတွက်သာ ကျားဖြူပါတီပြင်ဆင်သွားမည်



၂၀၁၆ မှ ၂၀၂၀ သက်တမ်းအတွင်း ကျားဖြူပါတီအနေဖြင့် အခြားပါတီများ နှင့် ပူးပေါင်းရေးကို ကျင့် သုံး သွားမည် မဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးကိုသာ သေသေချာချာပြင်ဆင်သွား မည်ဟု ပါတီဥက္ကဌ က ပြောသည် ။


သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ( ကျားဖြူပါတီ) ၏ ပဉ္စမအကြိမ်မြောက် ပါတီညီလာခံ၏ သဘောထားကြေညာချက် အပိုဒ် ( ၁) တွင်  ၂၀၁၆-၂၀၂၀ သက် တမ်းအတွင်း ကျားဖြူပါတီသည် မိမိပါတီအားဖျက်သိမ်း၍သော်လည်းကောင်း ၊ ပါတီအခြေခံ မူဝါဒ များကို ပြုပြင် ၍သော်လည်းကောင်း ၊ အခြားပါတီနှင့် ပူးပေါင်းရေးကို ကျင့်သုံးမည်မဟုတ်။ မိမိပါတီ၏ ရည်ရွယ်ချက် ဦးတည်ချက်များနှင့် တူညီသောကိစ္စရပ်များကိုသာလျှင် မည်သည့် ပါတီနှင့် မဆို လက်တွဲဆောင် ရွက်မည်ဟု ကြေညာထားသည် ။


"ပါတီတွေ နှစ်ပါတီ သုံးပါတီတွေပေါင်းပြီး ပါတီတစ်ခုတည်းဖြစ်အောင် ဆိုတာ မဖြစ်နိုင်ဘူး။ မူဝါဒတွေ မတူကြဘူး။ ဥက္ကဌ ရှင်းပြမယ်နော် ။ ရခိုင်တွေ မြင်တယ်မလား ။ ပါတီတွေပေါင်းတော့ ငါထုတ် သူထုတ် မကောင်းဘူး ။ အခုလိုမျိုး ကိုယ့်ပါတီမှာဘဲကိုယ်ကြိုးစားကြ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ်အလုပ်လုပ်ပြီး လွှတ်တော်ထဲဝင်ပြီးမှဘဲ  ပြန်ပူးပေါင်းမှ အဲ့ဒါမှ ပိုမိုကောင်းမွန်မယ် ။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲ အောင် နိုင် ရေးအတွက် ကျားဖြူပါတီက သေသေချာချာပြင်ဆင်သွားမယ်" ဟု ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည် ။


မတ်လ ၂၀ နှင့် ၂၁ ရက်နေ့က တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက် ကိုးကန့်ကျောင်းတွင် ကျားဖြူပါတီ၏ ပဉ္စမကြိမ်မြောက် ညီလာခံကျင်းပရာ မြို့နယ်ပေါင်း ၅၄ မြို့နယ် တက်ရောက်ပြီး လူအင်အား ၃၀၀ ကျော်ခန့်ရှိကြောင်းသိရသည် ။


ကျားဖြူပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီဝင်အင်အား လေးသိန်းကျော်ရှိနေသော်လည်း သျှမ်းပြည်အလယ်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်းတို့တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက် ပွဲရလာဒ် တရားမျှတမှုမရှိခဲ့ကြောင်း ၊ ကျားဖြူပါတီ အနေဖြင့်လည်း မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တနေရာတွင်သာ အနိုင်ရခဲ့ကြောင်း ၊ ထို့ကြောင့် ရှေ့ဆက်တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရေး အတွက်သာ သေသေချာချာပြင်ဆင်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် SNDP ပါတီဥက္ကဌအဖြစ်ရွေး ကောက်တင်မြောက်ခြင်းခံရသော စိုင်းအိုက်ပေါင်းက ပြောသွားဆိုပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates