သျှမ်းပြည်နယ် လွှတ်တော်အတွင်း လုပ်ငန်းတာဝန်များခွဲဝေ
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္တနေ့ နှင့် ပဉ္စမနေ့ တွင် သျှမ်းပြည်နယ် လွှတ်တော်အမတ်များထံ ဥက္ကဌ နှင့် အတွင်းရေးမှူး စီစစ်ရေးကော်မတီတာဝန်များ ကို အသီးသီး ခွဲဝေပေးခဲ့ကြကြောင်းသိရသည် ။
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္တနေ့ |
" ကျနော်ကတော့ ကျေနပ်အားရတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့လူတွေ ဒီလို ဘတ် ဂျတ် ကော်မတီထဲ အတွင်းရေးမှူး ဖြစ်ခွင့်ရလို့ ။ ဘာကြောင့်လဲဆိုတော့ ဒေသန္တရ စီမံကိန်းနဲ့ ဘတ် ဂျတ်က ကျနော်တို့ သျှမ်းပြည်နယ်ထဲမှာဆို အရမ်းအရေးကြီးလို့" ဟု ၄င်းကဆက်ပြော သည် ။
ဒေသန္တရစီမံကိန်း နှင့် ဘဏ္ဍာငွေ ငွေ အရ - အသုံး ဆိုင်ရာ စီိစစ်ရေးကော်မတီ၏ အတွင်း ရေးမှူး မှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ နန်းစန်းစန်းအေးဖြစ်ပြီး တိုင်ကြားစာ စီစစ်ရေးကော်မတီ၏ ဥက္ကဌ သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးစိုင်းမျိုးမြင့် တို့ဖြစ်ကြောင်း သိရသည် ။
မတ်လ ၂၅ ရက်နေ့တွင် သျှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များနှင့် ကျန်းမာရေး၊ ပညာ ရေးမြှင့် တင် မှု ကော်မတီ၏ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်များ ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့် ၊ သက်တမ်း လျာထားခြင်းများ တို့ဖြစ်ကြောင်း သျှမ်းပြည်နယ် လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည် ။
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို မတ်လ (၂၄-၂၅ ) နှစ်ရက် သာကျင်းပပြီး လွှတ်တော်အမတ် ၁၃၇ ဦးအနက် ၄ ဦး ပျက်ကွက်သည်ဟု သိရသည် ။
ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့အား လာမည့် မတ်လ ၂၈ ရက်နေ့ တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း ကြေငြာထား သည် ။
Tags: News, politic