ဒုဌဝတီမြစ်ပေါ် ရေကာတာကြီးများတည်ဆောက်မှုရပ်တန့်ရေး သီပေါသား များတောင်းဆို
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ခေါ် ဒုဌဝတီမြစ်ပေါ် တည်ဆောက်နေ သည့် ရေကာတာကြီး များ ရပ်တန့်ပေးပါရန် ၊ ဒုဌဝတီမြစ်ရေအား လွတ်လပ် စွာ စီးဆင်းခွင့်ပေးပါရန် ဒေသအတွင်း နေထိုင်သည့် လူထု ၂၀၀ ခန့်က ယနေ့ မတ် ၃၀ ရက်က မြစ်ကမ်းနံဘေးတွင် စုပေါင်း တောင်းဆိုလိုက်သည် ။
သီပေါမြို့ မြောက်ဘက် ၇ မိုင်အကွာ တာတေကျေးရွာ လီလုရေကာတာ တည်ဆောက် သည့် နေရာ အနီးတွင် ဒေသခံ ၂၀၀ ခန့်က ဒုဌဝတီမြစ် ကမ္ဘာ တည်တရွေ့တည်တံ့စွာ စီးဆင်းနိုင်ရေး ၊ ဒုဌဝတီမြစ် သန့်ရှင်း သာယာလှပရေး ၊ ဒုဌဝတီမြစ်ရေသည် ၎င်းတို့၏ အသက်သွေး ကြောဖြစ်သည့်အတွက် လက်တွဲကာကွယ်စောင့်ရှောက်သွားရေး စသည့်အချက်များအား စုပေါင်းတောင်းဆိုကြသည် ။
ဒုဌဝတီမြစ်ကာကွယ်စောင့်လျှောက်ရေး ပြောရေးဆိုခွင့်ရှိသူ နန်းလောဝ်ခမ်း က - “ တာ့လုံ ဆည်ခေါ် အထက်ရဲရွာရေကာတာ တည်ဆောက်နေတာက ပွင့်လင်းမြင်သာမှုမရှိဘူး ၊ ဒီရေ ကာတာကြောင့် ကျမတို့အားလုံးနေရပ်ကနေ ထွက်ခွါတိမ်းရှောင်ရမယ် ။ ရပ်ရွာ ၊ စေတီ ၊ ပုထိုးတွေ ရေအောက်ရောက် သွားမယ် ၊ ဒါ့ကြောင့် ဒီစီမံကိန်းရပ်တန့်ဖို့ စုပေါင်းတောင်း ဆိုကြတာ ဖြစ်ပါတယ် ” - ဟု သျှမ်းသံတော်ဆင့် သို့ပြောသည် ။
အဆိုပါ ဆုတောင်းပွဲမှ ထုတ်ပြတ်ကြေငြာချက်တစောင်ထုတ်ပြန်ကာ သီပေါမြို့ ချမ်းသာ ဂါးဒဲန်းခန်းမ တွင် ယနေ့ညနေပိုင်းက သတင်းစာရှင်းလင်း ပွဲ တရပ်ကျင်းပသည် ။
“ စုပေါင်းကာကွယ်ရမှကျနော်တို့ရဲ့အခွင့်အရေးပဲ။ အခု မလုပ်ထား ရင် နောင် လာနောက် သားတွေအတွက် ဘာမှ ကျန်တော့မှာမဟုတ်ဘူး ” - ဟု လူ့အခွင့် အရေးမဏ္ဌိုင်မှ စိုင်းဟော်ဆိုင် ကပြောသည် ။
နမ္မတူမြစ်ပေါ်တွင် ကျောက်မဲမြို့နယ်အတွင်း တည်ဆောက်မည့် တာလုံ ဆည်ခေါ် အထက်ရဲ ရွာနှင့် သီပေါမြို့နယ် တာတေကျေးရွာဘက် လီလုရေ ကာတာများ အား ဦးသိန်းစိန်အစိုးရ ခွင့်ပြုမိန့်ဖြင့်တည်ဆောက်နေ ဆဲဖြစ် သည် ။ နောင်ချိုမြို့နယ်အတွင်းရှိ အလယ်ရဲရွာတွင် လည်း ရေကာတာ တည်ဆောက်ထားသည် ။
Tags: Human Right, News