လူငယ် စွမ်းရည် မြင့်တင်ရေး သင်တန်း ပင်လုံမြို့တွင်ပြုလုပ်
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ပင်လုံမြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် ကွန်ရက် (TYN ) ၊ ပင်လုံမြို့ သျှမ်းစာပေ ယဉ်ကျေးမှု နှင့် လားရှိုးမြို့ ခမ်းကူစင်တာ တို့ပူး ပေါင်း၍ ပထမအကြိမ် လူငယ် စွမ်းရည် မြင့်တင်ရေး သင်တန်း သုံးရက် ပြုလုပ်ခဲ့သည် ။
သျှမ်းလူငယ်များ၏ ဘဝအရည်အသွေး လျော့ကျလာခြင်း ၊ သျှမ်းပြည်နယ်အတွင်း သန်းခေါင် စာရင်းကောက်ယူရာမှသိရှိချက်အရ စာတတ်မြောက်မှုနှုန်း နည်းပါးလာ သည် ဟုတွေ့ရှိရ သောကြောင့် လူငယ်များဘဝတွင် လက်တွေ့အသုံးချနိုင်မည့် စွမ်းရည်မြင့်တင် ပေးရန် လိုအပ်သည်ဟု ခမ်းကူစင်တာမှ သင်တန်းဆရာ စိုင်းဆိုင်မိန်း ကပြောသည် ။
" လူငယ်တွေ ဘဝအတွက် လိုအပ်မယ့် အရည်အသွေးတွေကို မြင့်တင်ပေးဖို့ ။ နောက် တစ်ခု က ကျနော်တို့ ဒီလူငယ်တွေဆိုတာ အနာဂတ်ရဲ့ခေါင်းဆောင်ကောင်းတွေ ဖြစ်တာပေါ့နော် ။ ဒါကြောင့် လူငယ်တွေ အနာဂတ် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ် ပြီးတော့ မှ စီမံခန့်ခွဲကောင်း တဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်း လုပ်ရခြင်းဖြစ်ပါတယ် " ဟု ၄င်းက ပြောသည် ။
အဆိုပါ သင်တန်းသို့ ပင်လုံမှလူငယ် ၃၂ ဦး တက်ရောက်ပြီး မတ်လ ၃၀ မှ ဧပြီ ၁ ရက်နေ့ထိ ၃ ရက်သာ ပြုလုပ်သွားမည်ဟု သိရသည် ။
" ယနေ့ခေတ်လူငယ်တွေကို ပြောချင်တာတော့ ပညာရေးပိုင်းမှာ စိတ်ပါဝင်စား လာ အောင် အရင်ဆုံးတော့ ကိုယ့်ဘဝကို ပြန်လည်ထူထောင်ဖို့ ၊ တာဝန်ယူတတ်တဲ့ လူငယ် ၊ နိုင်ငံရေး ၊ အမျိုးသားရေး ပြောင်းလဲလာတဲ့ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင် တတ်တဲ့လူငယ် ၊ အမျိုးသားရေးအတွက် တန်ဖိုးရှိတဲ့ လူငယ်တွေဖြစ် လာစေချင် ပါ တယ် " ဟု ပင်လုံမြို့ သျှမ်းလူငယ်ခေါင်းဆောင် စိုင်းဆု ကပြောသည် ။
လူငယ်စွမ်းရည်မြင့်တင်ရေး သင်တန်းတွင် (life skill for youth) လူငယ်များ၏ ဘဝ တစ်သက်တာအတွက် အရည်အသွေး ၊ (Leadership ) ခေါင်းဆောင်မှု ပညာ နှင့် (Management ) စီမံခန့်ခွဲမှု စသည်တို့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း စိုင်းဆိုင်မိန်း ကပြောသည် ။
" အဓိကကတော့ ကျွန်တော်တို့ ဒီ life skill ဘဝတစ်သက်မှာ လူငယ်တွေဘာ အရည် အသွေး ကို ပြန်ပြီးတော့မှ ပြုစုပျိုးထောင်ဖို့လိုသလဲ နောက်တစ်ခုက ဒီခေါင်းဆောင်မှု ပညာပေါ့နော် ။ ဒီခေါင်းဆောင်မှုက ဘယ်လိုပုံစံ ခေါင်းဆောင်မှုတွေရှိလည်း နိုင်ငံတ ကာရဲ့ ခေါင်းဆောင်မှု နဲ့ ဒီပြည်တွင်းက ခေါင်းဆောင်မှု ပုံစံတွေကို ကျနော်တို့ လေ့ လာသွားမယ်။ နောက်တစ်ခုက စီမံခန့်ခွဲမှုပေါ့နော် ။ စီမံခန့်ခွဲမှု လုပ်တဲ့နေရာမှာ ဒီစီမံကိန်းကြီးကြီးတွေမဟုတ်တာတောင်မှ ကိုယ့်ရဲ့ ဒီ personal အတွက်ဘဲဖြစ်ဖြစ် ပြီးတော့ ကိုယ့်ရဲ့ မိသားစုအတွက် ဖြစ်ဖြစ် သူနဲ့သက်ဆိုင်တဲ့ ကျနော်တို့ ဒီ သူ့နဲ့ ရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့အတွက် စီမံခန့်ခွဲတတ်အောင်ပေါ့နော်။ အဲ့ဒီအတွက် ပြောပြသွားမှာဖြစ်တယ် " ဟု ၄င်းက ပြောသည် ။
လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းတွင် သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ် ၊ သိန္ဒီမြို့နယ် ၊ နောင်ချို ၊ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ၊ ကာလိမြို့နယ် နှင့် မိုးမိတ်မြို့နယ်များ သင်တန်းဆက်ပေးသွားရန်ရှိပြီး တခြားမြို့နယ်များတွင်လည်း ကမ်းလှမ်းထားမှုများ ရှိကြောင်း စိုင်းဆိုင်မိန်း ကပြောသည် ။
Tags: Education, News