NCA ကြောင့် တိုင်းရင်းသား စိတ်ဝမ်းကွဲမှုမဖြစ်စေလိုကြောင်း CSSU ဥက္ကဌအဖွင့် မိန့်ခွန်းပြော
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်နှင့် ပတ်သက်၍ စိတ်ဝမ်းကွဲမှုများ မဖြစ်စေ လိုကြောင်း သျှမ်းပြည်ညီညွတ်ရေးကော်မတီ ၅ ကြိမ်မြောက်ညီလာခံ၏ အဖွင့်မိန့်ခွန်းတွင် ဥက္ကဌအဖြစ်တာဝန်ယူ ထားသည့် စဝ်ယွက်ဆစ်က ပြောကြားလိုက်သည် ။
NCA ကို တိုင်းရင်းသား တဖွဲ့ချင်းစီအလိုက် နားလည်သဘောပေါက်လက်ခံမှုက မတူညီကြ လို့ NCA ကြောင့် စိတ်ဝမ်းကွဲမှုတွေမဖြစ်စေလိုဘူး။ NCA ကိုအရင်းပြုပြီး ရှေ့ဆက် လုပ် ငန်း များအတွက် လက်တွဲ ဆောင်ရွက်သွားဖို့အတွက်ဘဲ ဆွေးနွေးသွားဖို့လိုတယ် ။ စည်းလုံး ညီညွတ်မှုမရှိရင်လုပ်ငန်းများ အောင်မြင် မှာမဟုတ်ဘူး - အစရှိ စည်းလုံးညီညွတ်ရေး အတွက် RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်က မိန့်ခွန်းပြောကြားခဲ့သည် ။
ညီလာခံခေါင်းစဉ်ဖြစ်သည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် စည်းလုံးညီညွတ်ရေး အပါအဝင် ကော်မတီ၏ နာမည်မှာလည်း ညီညွတ်ရေးဆိုသည့် ခေါင်းစဉ်ပါဝင်သည့်အတွက် စည်းလုံး ညီညွတ်မှုမရှိပဲ အောင်မြင်မည် မဟုတ်ကြောင်းလည်း ဥက္ကဌက ပြောဆိုသည် ။
လက်ရှိအချိန်တွင် တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေး ထိုးထား သည့်အဖွဲ့ ၈ ဖွဲ့ ၊ လက်မှတ်မထိုးထားသည့် လက်ကျန်အဖွဲ့ ၁၃ဖွဲ့ရှိနေပြီး သျှမ်းလက်နက် ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် သျှမ်း တပ်မတော်မြောက်ပိုင်း SSPP/SSA မှာ ပါဝင်လက်မှတ် ရေးထိုးရခြင်း မရှိသေးပေ ။
သျှမ်းပြည်ညီညွတ်ရေးကော်မတီ ၅ ကြိမ်မြောက်ညီလာခံကို မတ်လ ၃ ရက်မှ ၅ ရက်နေ့ အထိ ရန်ကုန်မြို့ မီကာဆာ ဟိုတယ်တွင် ပြုလုပ်ပါသည် ။
၅ ကြိမ်မြောက်ညီလာခံမှ အလုပ်အမှုဆောင်ကော်မတီ နှင့် ဥက္ကဌ ကိုပြန်လည်ရွေးချယ် တင်မြောက်မည်ဖြစ်သည် ။
ပါတီပူးပေါင်းရေး လက်နက်ကိုင်ပူးပေါင်းရေးတို့အတွက် ရည်ရွယ်သည့် ညီလာခံသို့ ကျားဖြူပါတီ တက်ရောက်ခြင်း မရှိပေ ။
Tags: News, politic