သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်တော်တို့ မိုးမိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်



သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်ခရိုင်အတွင်းမှာ မြန်မာ့တပ်မတော် နှင့် NCA လက်မှတ် မထိုး သည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားရာ နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့သည် ။


မတ်  ၉ ရက်နေ့တွင် မိုးမိတ်မြို့ အရှေ့မြောက်ဘက် ၃ မိုင်အကွာ နမ့်မိတ်ချောင်း မြောက် ဘက်ခြမ်း သရက်ချိုရွာ နှင့် ညောင်နီရွာအကြား တွင် မြန်မာ့တပ်မတော် နှင့် သျှမ်းပြည် တပ် မတော် SSPP/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည် ။


“ အခု အဲဒီဒေသက ရွာသားတွေ မိုးမိတ်မြို့ထဲကို တိမ်းရှောင်လာနေတယ် ။ တိုက်ပွဲက မနေ့ တုန်းက ဖြစ်တာ။ ဗမာ့ တပ်မတော်လဲသေတယ် ၊ နှစ်ဘက်လုံးသေတယ် ။ ဘယ်လောက်လဲ ဆိုတာတော့ အတိအကျ မသိဘူး ” - ဟု မိုမိတ်သား စိုင်းသီ က ပြောသည် ။


မြန်မာ့တပ်မတော်ဘက် ၄ ဦးထိခိုက်သေဆုံးပြီး ၃ ဦးဒဏ်ရာရှိသည်ဟု နီးစပ်သည့် ကျန်းမာ ရေး အသိုင်းအဝိုင်းက ပြောသော်လည်း အတည်မပြုနိုင်သေးပေ ။


သျှမ်းပြည်တပ်မတော် ဘက်တွင်မူနှစ်ဦး ထိခိုက်သည်ဟု အမည်မဖေါ်လိုသည့် တပ်မှူး က ပြောသည် ။


ထို့အတူ မတ် ၁၀ ရက်ကလည်း ကျောက်မဲမြို့ နယ် အတွင်း  မြန်မာ့တပ်မတော် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့သည် ။ တိုက်ပွဲတွင် မြန်မာ့တပ်မတော် ဘက်မှ တိုက်လေယာဉ်ကိုကြိမ်ကြိမ် အသုံးပြုတိုက်ခိုက်နေသည်ဟု TNLA ပြန်ကြားရေး ဌာန က ထုတ်ပြန်ထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates