TNLA ကို တပ်မတော်က ထိုးစစ်ဆင် လေယာဉ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ခရိုင်အတွင်း မြန်မာ့ တပ်မတော်ကတအာင်း အမျိုး သားလွတ်မြောက်ရေး တပ်မတော် TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ရာ မတ်လဆန်း ပိုင်းမှ စ၍ ယနေ့အထိတိုက်ပွဲကြီး ၁၅ ကြိမ်ဖြစ် ပွားပြီး တိုက်ဂျတ်လေ ယာဉ် ၊ တိုက်ပွဲ ဝင် ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် တိုက်ခိုက် ကြောင်း သိရသည် ။


သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရ တပ်မတော်မှ တပ်မ အင်အား ရ ခု ၊ ကွပ်ကဲရေး တပ် ရ ခု အင်အား ထောင်ဂဏန်းဖြည့်တင်းလှုပ်ရှားမှုကြောင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာသည် ။


ကျောက်မဲခရိုင်အတွင်းရှိ TNLA တပ် ခြေကုတ်ထားရာ တောင်ကုန်းအား အစိုးရ တပ် မတော် မှ တိုက် လေယာဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည် ဟု ဆိုသည် ။


မတ်လ  ၁၀ ရက်နေ့တွင် ၃ ကြိမ်၊ မတ်လ ၈ ရက်တွင် ၄ ကြိမ် ၊ မတ်လ ၆ ရက်တွင် ၄ ကြိမ် ၊ မတ ၁ ရက်မှစ၍ တိုက်လေယာဉ်ဖြင့်သုံးကြိမ်အပြင် အခြားရက်တွင် လည်း တိုက်ပွဲများ ဖြစ်ပွားသေးကြောင်း TNLA  ပြန် ကြားရေးဌာန က ထုတ်ပြန်ထားသည် ။


TNLA ပြန်ကြားရေးအရာရှိ တာ့ပန်းလှ က - အစိုးရ တပ်မတော်မှ တပ် မကြီးများ ၊ စကခ ၊ ဒကစ များ အင်အားထောင်ချီ ဖြည့်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သျှမ်းသံတော်ဆင့်အား ပြောသည် ။


တိုက်ပွဲကြောင့် နှစ်ဘက်အကျအဆုံးများသည် ဟု ဒေသခံများ ပြောပြချက်အရ သိရသည် ။


မြန်မာ့တပ်မတော်သည် ဖေဖေါ်ဝါရီ ၁၇ ရက် ပြည်နယ်လွှတ်တော် ၊ ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်ချက်အရ လူထု အကျိုးစီးပွားထိပါးနေသည့်လက် နက်ကိုင်တပ်ဖွဲ့များအား ရှင်းလင်းသွားမည်ဟု ဖေဖေါ်ဝါရီ ၂၄ ရက်ကာ ကွယ်ရေးဝန်ကြီးဌာနက မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန် သည့် နောက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း သို့ အင်အားအလုံးအရင်းဖြည့် တင်း ကာ ထိုးစစ်ဆင်နေခြင်းဖြစ် သည် ။


ထိုအတွက် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ၊ မန်တုံ ၊ ကျောက်မဲ ၊ နမ့်ဆန် ၊ ကွတ်ခိုင် ၊ မူစယ်မြို့နယ် အတွင်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလာနေခြင်းဖြစ်သည်။ ဆင်နွဲသည့် တိုက်ပွဲများကြောင့်လည်း ဒေသခံ ထောင်ဂဏန်း စစ်ဘေး စစ်ဒဏ် သင့်နေဆဲဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates