သျှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကတိသစ္စာပြု



ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် သျှမ်းပြည် နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ၂ ဦး နှင့်တိုင်းရင်းသားရေးရာ ဝန်ကြီး ရ ဦး ရွေးချယ်အတည်ပြုပြီး ကတိသစ္စာပြုကြောင်း သိရသည် ။


အဆိုပါ သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်မှ ရွေးချယ် တင်မြောက်ခြင်းခံထားရသော သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ တပ်မတော် စစ်ဦးစီးချုပ်ရုံးမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် သျှမ်းပြည်နယ် တပ်မတော်သား ကိုယ် စားလှယ် ဗိုလ်မှူးကြီး စိုးမိုးအောင် (ကြည်း) နှင့်  ပြည်နယ်အတွင်းရှိ  တိုင်းရင်းသား ရေးရာ ကိစ္စဆောင်ရွက်နိုင်ရန် တိုင်းရင်းသားရေးရာဝန်ကြီး  ရ ဦးတို့ ရွေးချယ်ခြင်း ခံထားရကြောင်း သိရသည် ။


လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ် ( ၂) သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်း ပါတီ ဒေါ်နန်းမြထွေးမှ - " ဘယ်လိုပြောရမလဲ  အထက်က ချမှတ်လာပြီးသားဆိုတော့ သူတို့နဲ့ ထပ်တူဝမ်းသာပါတယ် ။ ပြောချင်တာကတော့ ကျမတို့ပါတီ အနေနဲ့ အခုတက်လာတဲ့ အစိုးရ ကို လည်း လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ် " ဟု ပြောသည် ။


သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီ (SNLD) သည်  သျှမ်းပြည်နယ်အစိုး ရဖွဲ့ရေးနှင့်  ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကမ်းလှမ်းမှုရှိသော်လည်း ကျားခေါင်းပါတီ ဘက်မှငြင်းဆိုထားကြောင်းသိရသည် ။


ဧပြီ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး၌ သျှမ်းပြည်နယ် ဝန်ကြီးချုပ်မှ ကတိသစ္စာပြုပြီးသော်လည်း မိန့်ခွန်းပြောကြား ခြင်း မရှိသေးကြောင်း သိရသည်။ သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို  ဧပြီ ၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်၌ ကြေညာခဲ့သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates