တော်လှန်ရေးစာပေ ပထမဆုံးရေးသည့် သျှမ်းသမိုင်းဝင်တော်လှန်ရေးသမား ဗိုလ်ချုပ်ခေးဆေ ကွယ်လွန်



သျှမ်းတော်လှန်ရေးသမား ဆေထောဝ့် အမည်ရ ဗိုလ်ချုပ်ခေးဆေ အသက် ၉၃ နှစ်သည် သက်ကြီးရောဂါ ဖြင့် ဧပြီလ ၁၁ ရက်နေ့တွင် ကွယ်လွန်ပြီး ဧပြီ ၁၉ ရက် မွန်းလွဲပိုင်း၌ ဝပ့်တင်ထတ် ခေါ် လွယ်ဆကစ် စေတီတော် တောင်ခြေဘုန်းတော်ကြီးကျောင်း လွယ်ဆကစ်မြို့နယ် တွင် မီးသင်္ဂြိုလ်မည်ဟု သိရသည် ။

သျှမ်းသမိုင်းဝင်တော်လှန်ရေးသမား ဗိုလ်ချုပ်ခေးဆေ
ပေါ့ထောဝ်ခေးဆေ သည် လောဝ်နိုင်ငံ (လာအို) - ဗီယက်နမ်နိုင်ငံ နယ်စပ်တွင် ၁၉၂၃ ခု တွင် မွေးဖွားသည့် တိုင်းလမ် သျှမ်းအမျိုးသားဖြစ်သည်။ ငယ်စဉ်က ထိုင်းနိုင်ငံသို့ ပထမ ဆုံးပြောင်းရွေ့သည် ။ ထိုမှ တဆင့် အရှင် ပန္တိတ ဆိုသည့်အမည်ဖြင့် ရဟန်းပျိုဘ၀ ကတည်းက သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာ၍ လားရှိုးမြို့ ကျောင်း ခေးတိုင်း (ကျောင်းတိုက်) တွင် ကျောင်းထိုင်သည် ။


၁၉၄၈ တွင် သျှမ်းပြည် သျှမ်းအမျိုးသား စာအုပ်ဖြင့် ပထမ ဆုံးရေးသားထုတ်ဝေသည်။ ၁၉၅၇ ခု တွင် ပင်လုံကတိ အလိမ်ခံရသည့်ကြောင်း ၊ သျှမ်းလူမျိုးများတော်လှန်ဖို့လိုကြောင်း ဆိုသည့် သျှမ်းလူမျိုးသိသင့်ပြီ (ႁူႉတူဝ္တႃႉတႆး) ဆိုသည့် စာအုပ် နှင့် တိုင်းပြည်ကို ပြန်လည်တိုက်ယူသည့်နည်း ( လ္ဂဿး္မျ်းမိုင်း) စသည့် စာအုပ်စာပေများ ရေးသားထုတ်ဝေသည် ။


“ အဲဒီတုန်းက သျှမ်းတွေက ဗမာစာမဖတ်တတ်ဘူးလေ ။ ဗမာစာပေမှာဆိုရင် တောင်ကြီး ဦးထွန်းမြင့် စာပေတွေကို ဖတ်ပြီးတောခိုကြတယ် ။ ဗမာစာ မတတ်တဲ့သူတွေကတော့ စဝ်ခေးဆေရဲ့ စာပေတွေကို ဖတ်ပြီးတောခိုကြတယ် ။ ဗမာစစ်အုပ်စု သူ့ရဲ့ကျောင်းတော်ကို ထရက်တာ နဲ့ သွားရောက်တိုက်ခိုက်ဖျက်ဆီးတော့ သူလဲ သင်္ဃန်းဝတ်နဲ့ တော ခိုလိုက်ရတယ် ။ ပြီးမှ လူဝတ်လဲလိုက်တယ် ” - ဟု သျှမ်းတော်လှန်ရေးသမားတဦးဖြစ်သည့် လက်ရှိပြည် ထောင်စု အင်စတီကျုတာရိုက်တာ ဦးခွန်စိုင်းက ပြောသည် ။


ပေါ့ထောဝ်ခေးဆေ သည် သျှမ်းတော်လှန်ရေးစတင်ခဲ့သည့် နွံစစ်ဟန်စစ်တပ်တွင်လည်း ပါဝင်ကာ အမျိုးသားရေးအတွက် တိုက်ပွဲဝင်ခဲ့သူတဦးလည်း ဖြစ်ပါသည် ။


ဆစ်ဆောင်ပန်းနား (တဿးသိပ်းသွင်ပ္မ်း္မြး) သျှမ်းအမျိုးသမီး နန်းရှဲန်ဟုန်  နှင့် အိမ် ထောင်ပြုကာ စိုင်းအူမိန်း ကွယ်လွန်၊  စိုင်းအူတိုင်း၊ စိုင်းအူဟိန်း ဆိုသည့် သားသုံးဦးထွန်းကားသည်။ ၎င်း၏ အသုဘ အခမ်းအနားအားလည်း ကွယ်လွန်သည့်ရက် ဧပြီ ၁၁ ရက်နေ့မှ နောက်ဆုံးနေ့ ဧပြီ ၁၉ အထိ သျှမ်းတော်လှန်ရေး သမားများ နှင့် ရပ်နီးရပ်ဝေး မိတ်ဆွေ သင်္ဂဟများက အလှည့်ကျ အလှူအဒါန ပြုကြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates