တရုတ် - အမေရိကန် ပါဝါလွန်ဆွဲပွဲကြားက မြန်မာ့ငြိမ်းချမ်းရေး NLD အစိုးရ မည်သို့ကိုင်သွယ်မည်နည်း ????



ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၏ နိုင်ငံရေးမူဘောင် သဘောတူညီ ချက်အတိုင်းဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေးလတကြိမ် ပြန်လည်ကျင်းပရမည်ဖြစ်သည် ။ သို့သော် NLD အစိုးရမှ ယခင်အစိုး ရက ဆောင်ရွက်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် မြန်မာ့ ငြိမ်းချမ်း ရေးစင်တာတို့ကို လွှဲပြောင်းရယူခြင်း မရှိသေး မှုကြောင့် လာမည့် မေလအတွင်း ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံကို ဆက် လက်ကျင်းပရန် မဖြစ်နိုင်တော့ကြောင်း သိရသည် ။


“ အခုထိ ကျနော်တို့ရဲ့ လုပ်ငန်းတွေကို NLD ဘက်က လာလွှဲပြောင်းမယူသေး ဘူးဗျ ။ သူတို့လည်း အလုပ်များနေတယ် ထင်တယ် ” - ဟု ယခင် ၀န်ကြီးေ ဟာင်း ဦးအောင်မင်းဦးဆောင်ခဲ့သော မြန်မာငြိမ်းချမ်းရေး နှင့် ပြန်လည် ထူထောင်ရေးဗဟိုဌာနမှ တာဝန်ရှိသူတဦးကလည်း အတည်ပြုပြောဆိုသည် ။


လတ်တလော အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ ရှိနေပြီး လက် မှတ် ထိုးရန် ကျန်ရှိနေသည့် အဖွဲ့ ၁၃ ဖွဲ့လည်း ရှိနေပါသည် ။ ပြည် တွင်းငြိမ်း ချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ NLD အစိုးရမှ ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအဖြစ် ကြေငြာထားပါသည် ။


“ အခုက သူတို့ MPC ငြိမ်းချမ်းရေးစင်တာ အသစ်ပြန်ဖွဲ့တာကလည်း မပြီးသေးဘူး ။ တဘက်မှာလည်း အပစ်မရပ်သေးတဲ့ အဖွဲ့ တွေကလည်း ရှိသေးတယ် ။ အဲဒီတော့ ဆွေးနွေးမှုတွေ ဆက်ဖြစ်ဖို့ ဘယ်လိုလာဦးမလဲ မသိသေး ဘူး။ ကြာမလား နှေးမလား ဆိုတာပေါ့ ။ တချိန်တည်းမှာလည်း အပစ် မရပ်ေ သးတဲ့အဖွဲ့တွေရဲ့ နယ်မြေတွေအတွင်းမှာ စစ်ရေးအရ တိုးချဲ့မှုတွေ ရှိနေတော့ ဆွေးနွေးပွဲတွေ ပြန်မစနိုင်သေးပဲ ပဋိပက္ခတွေ ပြန်ဖြစ်လာရင် ထိန်းသိမ်း ရမှာ ခက်ကုန်မှာလည်း စိုးရိမ်တယ် ” ဟု သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလက လည်း ပြောဆိုသည် ။


ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်ပြည်ေ ထာင်စုတွင် အခြေခံ ရမည့်ပုံစံများ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို သယံဇာတခွဲဝေရေး ၊ အခွန်ကောက်ခံခွင့် ပိုမိုပေးရေး ၊ လုံခြုံရေး ကဏ်ဏ္ဍ ပြုပြ င်ပြောင်းလဲရေး တို့နှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြသည် ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပစ်ခတ်ရပ်စဲရေးမှ ပြန်လည်ထူထောင်ရေး ၊ နိုင်ငံရေးအရ သဘောတူညီမှု ၊ ဖွံ့ဖြိုးရေး ၊ စစ်လက်နက်ဖြုတ်သိမ်းခြင်း ၊ တပ်ပိုင်း ဆိုင် ရာ ပေါင်း စည်းခြင်း စသဖြင့် အဆင့်ဆင့်သွားရသည့် လုပ်ငန်းစဉ်ဖြစ်ေ သာကြောင့် ယခုကဲ့သို့ အပစ်ရပ်သည့်အဖွဲ့ရပ် မရပ်သည့်အဖွဲ့ကျန်နေ အားလုံးက လက်နက် ကိုင်ထားသည့် အခြေအနေတွင် ဆွေးနွေးပွဲများ ဆော လျင်စွာ ပြန်စရန် လိုနေကြောင်း သုံးသပ်မှုများလည်းရှိသည် ။


“ အနည်းဆုံးညီလာခံလုပ်ဖို့က သုံးလလောက် ပြင်ဆင်ရတယ်။ အခုအတိုင်းဆိုရင် သြဂုတ်လောက် ပြန်စရင်တောင် မဆိုးဘူး ပြောရမယ် ။ တကယ်လည်း ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့ လက်နက်ကိုင် ပြသနာ ချုပ်ငြိမ်းရေးတို့မှာ ဆွေးနွေးမှု တွေက အရေးပါတဲ့အတွက် ဆွေးနွေးပွဲတွေက ပုံမှန်ဖြစ်နေဖို့လိုတယ် ။ အခုပဲ လက်မှတ်မထိုးတဲ့အဖွဲ့တွေလည်း ရှိနေတော့ အောက်ခြေမှာ ပဋိပက္ခတွေပြန်ဖြစ်ရင် နိုင်ငံရေးအရ ဆွေးနွေးတဲ့အခြေနေမရောက်ပဲ ပဋိပက္ခတွေ လိုက်လိုက်ရှင်းနေရတာနဲ့ အချိန်ကုန်နေတာမျိုးလည်း ဖြစ်နိုင်တယ် ။ အဲလို ဆိုရင်တော့မကောင်းဘူးဗျ ” ဟု နိုင်ငံရေး လေ့လာသူ တဦးဖြစ်သည့် ဦးကျော် လင်းဦး က သုံးသပ်သည် ။


သမ္မတ ဦးသိန်းစိန် အစိုးရတက်စ ကာလနှင့် NLD အစိုးရ တက်စ ကာလ ကွာခြားချက်မှာ တိုင်းရင်းသားလက်နက်ကိုင် အင်အား စုများအနေဖြင့် ယခုအချိန်သည် နှစ်ပေါင်း ၂၀ အတွင်း ၄င်းတို့၏ အင်အားအကောင်းဆုံး အချိန်သို့ ရောက်ရှိနေပြီး လက်နက် ကိုင် ပြသနာအပြင် တိုင်းရင်းသား နယ်မြေများတွင် မူးယစ်ဆေးဝါးအလွန်ကျွံထုတ်လုပ်ေ ရာင်းဝယ်မှု ၊ အိမ်နီးချင်း နိုင်ငံ များ၏ မြန်မာ့ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးအပေါ် ပထဝီနိုင်ငံရေးအရ အသုံးချမှု ၊ လက်နက်ပေါများလာမှု စသည့် အချက်များ လည်းရှိနေကာ NLD အစိုးရမှာလည်း တပ်မတော်နှင့် နီးစပ်ရန် မနည်းကြိုးပမ်းနေရသည့် ကာလဖြစ်နေပါသည် ။


“ ပွင့်ပွင့်လင်းလင်းပြောရရင် ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်အပြီးမှာ ဦးဗဆွေ ( ယခင် ဖဆပလ ) ပြောခဲ့ တာ တစ်ခုရှိတယ် ။ သူက ဘာပြော လဲဆိုတော့ ဗမာပြည်ငြိမ်းချမ်းရေးရဖို့က နိုင်ငံတကာနိုင်ငံရေးနဲ့ ဆက်စပ်နေ တယ်တဲ့။ စစ်အေးခေတ်ပေါ့လေ။ အနောက်အုပ်စုမူဝါဒ မပြောင်းသရွှေ့ လူမျိုးစုလက်နက်ကိုင်တွေနဲ့ကျနော် တို့ ပြေလည်ဖို့ သိပ်မလွယ်ဘူးပေါ့လေ ။ အလားတူ အရှေ့အုပ်စု ပေါ်လစီ မပြောင်းသရွှေ့ ကွန်မြူနစ် သူပုန်နဲ့ ပြေ လည် ဖို့ ကျနော်တို့ မလွယ်ဘူး။ သူပြောတာက စစ်အေးခေတ် က ။ အခုက စစ်အေးတော့ မရှိတော့ဘူး ။ ဒါပေမဲ့ ဂရိတ်ပါဝါယှဉ်ပြိုင်မှုက ရှိနေတယ် ။


ဂရိတ်ပါဝါ ယှဉ်ပြိုင်မှု စက်ဝန်းထဲမှာရှိနေ တယ်။ အဲဒီအချက်နဲ့ ယှဉ်ကြည့်ရင် ဦးဗဆွေရဲ့ စကားက အခုအချိန်အထိမှနေသေးတယ်လို့ ပြောလို့ရတယ် ။ ဦးသိန်းစိန် ရှေ့ ဦးသန်းရွှေလက်ထက်မှာ ဆွေးနွေးပွဲတွေလုပ်ခဲ့တယ် ။ KNU ကလွှဲလို့ ကျန်တာတွေနဲ့ ပြေလည် တယ်။ အဲဒီတုန်းက KNU ကို နောက် ခံပေးတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ကျနော်တို့က ရန်ဖြစ်နေတယ် ။ ဒါက တချက်ပေါ့ ။ ဦးသိန်းစိန်လက်ထက်မှာ တော်တော် များများ ပြေလည် တယ် ဒါပေမဲ့ KIA နဲ့ မပြေလည်ဘူး။ KIA ရဲ့ နောက်မှာ ဘယ်သူရှိသလဲဆိုတော့ တရုတ်ရှိနေ တယ်။ ကျနော်တို့က ကမ္ဘာ့နိုင်ငံရေး မပြောင်းသရွှေ့ ကျနော်တို့ လုပ်ဖို့ ခက်တယ် ။ ကမ္ဘာ့နိုင်ငံရေးပြောင်းဖို့က လည်း ကျနော်တို့ တိုင်းပြည် ငယ်လေး အခြေနေနဲ့ လုပ်ဖို့ မဖြစ်နိုင်ဘူး ။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ဘယ်လို ကစားရမလဲဆိုတော့ တရုတ် ၊ အမေရိကန် ၊ ပါဝါလွန်ဆွဲပွဲမှာ ဘယ်ဘက်မှာမှ မပါပဲ သန့်သန့်လေးနေဖို့ လိုတယ် ။ ကိုယ်အကျိုးစီးပွား မထိခိုက်တဲ့ အခြေနေမှာ တရုတ်နဲ့ လည်း ခင်ခင်မင်မင်ဆက်ဆံရမယ် ။ အမေရိကန်နဲ့လည်း ခင်ခင်မင်မင် ဆက်ဆံရမယ် ။ အဲဒီကြားထဲမှာ ခွပြီးနေ တတ် ဖို့လိုတယ် ။ ပြည်တွင်းမှာတော့ ရှင်းရှင်းပြောရရင် ကိုယ့်ပြည် တွင်းအင် အားစုတွေကို တတ်နိုင်သမျှ စည်းရုံးထားဖို့လိုတယ် ။ ပထမ ဥပဒေဘောင် အတွင်းမှာရှိတဲ့ လူမျိုးစုတွေနဲ့ ပါတီတွေနဲ့ တသားတည်းဖြစ်အောင် စည်းရုံး ရမယ် ။ တပ်မတော်နဲ့ ဘယ်လောက်ပဲ သဘောထားကွဲလွဲမှုရှိရှိ သိပ်ကွဲလို့ မဖြစ်ဘူး။ ဖြစ်နိုင်ရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေး ပွဲတွေ မြန်မြန်ခေါ်ပြီးညှိညှိနှိုင်းနှိုင်း လုပ်သင့်တယ် ။ ပြည်တွင်း ပြည်ပ နှစ် ဘက်ပြင်ရင်တော့ အခြေနေတွေက သိပ်ပြီးဆိုးမယ် မထင်ပါဘူး ” ဟု နိုင်ငံရေး လေ့လာသူ စာရေးဆရာ ဦးကျော်ဝင်းက သုံးသပ်သည် ။


လတ်တလော ကာလအတွင်းပင် အစိုးရတပ်မတော်နှင့် KIA ၊ ရခိုင် AA စသည့်အဖွဲ့များအကြား ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး သျှမ်းတပ်မတော်မြောက်ပိုင်းနှင့်လည်း စစ်ရေး တင်းမာ မှုရှိနေကာ တအာင်းပလောင်တပ်ဖွဲ့နှင့်လည်း တိုက်ခိုက်မှုများ ရှိနေပါသည် ။

ဆောင်းပါးရှင် - စိုင်းအောင်ဆိုင်း




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates