သျှမ်းစာပေပျံ့ပွါးအတွက် နမ့်ခမ်းမြို့ မန့်ကွန်လုံရွာ ၁၁ ကြိမ်မြောက် နွေရာသီသျှမ်းစာသင်တန်းဆင်းပွဲ ကျင်းပ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ကွန်လုံအုပ်စုမှာ နွေရာသီ သျှမ်းစာပေ သင်ကြား ရေးအဖွဲ့ရဲ့ ၁၁ ကြိမ်မြောက် သျှမ်းစာပေသင်တန်းဆင်းပွဲကို မေလ ၂၉ ရက်နေ့ မှာ ကျင်းပခဲ့ပါတယ် ။
သျှမ်းစာပေယဉ်ကျေးမှုအသင်းဥက္ကဌ စိုင်းဆမ်မွန်ကတော့ “ ကျနော်တို့ စာပေယဉ် ကျေးမှုအဖွဲ့ရဲ့ ဆောင်ပုဒ်အတိုင်း မိမိစာပေယဉ်ကျေးမှုကို စုဆောင်း၊ သိမ်းဆည်း၊ မြှင့်တင်ဖို့အတွက် ဖြစ်တယ်။ စာပေယဉ်ကျေးမှုမြှင့်မားမှ အမျိုးသားရေး မြင့်မား တယ် ။” လို့ပြောပြပါတယ် ။
ဒီသင်တန်းဆင်းပွဲကို ဆရာတော်သံဃာတော်တွေရဲ့ဦးဆောင်မှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး တက်ရောက်သူ သံဃာတော်တွေ ၊ သင်တန်းဆရာတွေနဲ့ သင်တန်းသားတွေ ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်းသိရပါတယ် ။
ဆရာတော် ဦးပန္တိတကတော့ - “ စာပေယဉ်ကျေးမှုတိုးတက်ရေးအတွက် နောက်ကနေ ပံ့ပိုးပေးတဲ့ ရပ်ကွက်ထောက်ကူပြုအဖွဲ့တွေ ၊ ရပ်မိရပ်ဖ တွေအပေါ် မူတည်ပါတယ် ။ ပံ့ပိုးမှု ခိုင်မာမှ စာပေယဉ်ကျေးမှု တိုးတက်ပျံ့ပွားမယ်။ရေရှည်တည်တံ့မယ် ” - လို့ ပြောပါတယ် ။
၁၁ ကြိမ်မြောက် နမ့်ခမ်းမြို့ ဝမ့်လုံအုပ်စုက သျှမ်းစာပေသင်ကြားရေးသင်တန်းဟာ မတ်လ ၆ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ သင် တန်း ဆင်းပွဲကိုတော့ မေလ ၂၉ ရက် မှာကျင်းပခဲ့တာဖြစ်ပါတယ် ။
အလားတူ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲမှာ ဧပြီလ ၂၆ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ ပြုလုပ်တဲ့ ၁၁ ကြိမ်မြောက် သျှမ်းစာပေသင်တန်းကိုလည်း မေလ ၂၉ ရက်နေ့မှာ သင်တန်းဆင်းပွဲပြုလုပ်ကျင်းပခဲ့ကြောင်းသိရပါတယ် ။
Tags: Culture, News