တိုက်ပွဲကြောင့် ကျောက်မဲမြို့အနီး မန္တလေး မူဆယ် ကားလမ်းမှာ ခေတ္တ လမ်းပိတ်ဆို့မှုဖြစ်
ကျာက်မဲမြို့နယ် မန္တလေး - မူဆယ်လမ်းမပေါ်ရှိ နောင်ပိန်ကျေးရွာအနီးတွင် ယနေ့ မေလ ၁၆ ရက်နေ့ နေ့လည်ပိုင်းက အစိုးရ တပ်မတော်နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA တပ်များအကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည် ။
တိုက်ပွဲကြောင့် လမ်းမ တွင် ကားများ ခေတ္တပိတ်ဆို့မှုဖြစ်ခဲ့ပြီး ညနေ ၄ နာရီခန့်တိုက်ပွဲပြီးဆုံးမှသာ ကားလမ်းပြန်ပွင့် ကြောင်း ဒေသခံများထံမှ သိရသည် ။
Tags: short news