RCSS/SSA ခေါင်းဆောင် ဒုတိယချုပ်ကြီးယွက်စစ် နှင့် PNO ခေါင်းဆောင်တို့ စုပေါင်းကာ တောင်ကြီးမြို့ ကက္ကူမွေတော်၌ ထီးတင်မည်



သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ကမကထ ပြုမှု ၊ PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တို့ ဝိုင်းရံပံ့ပိုးမှုတို့ဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ တောင်ကြီးမြို့ နယ် ကက္ကူမွေ တော်ဘုရားဝင်းအတွင်းရှိ လိုတရစေတီတော် အား ပြန်လည်မွမ်းမံ၍ ထီးတော်တင်မည်ဟု သိရသည် ။




မေလ ၂၁ ရက် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ တောင်ကြီးမြို့အရှေ့တောင်ဘက် မိုင် ၂၀ ကျော် ကွာရှိ ကက္ကူမွေတော် စေတီတော်ဝင်း အတွင်းရှိ စေတီတော်များအနက် လိုတရစေတီတော် အမည်ရှိ စေတီတော် တဆူအား သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် စစ်နှင့် ဇနီး နန်းလိန်ခမ်း မိသားစုတို့အမှူးပြုကာ  ထီးတော်တင်ပွဲကျင်းပမည်ဟု သိရသည် ။


အဆိုပါပွဲတော်ဖြစ်မြောက်ရေးအတွက် PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင် ခွန်စံလွင် နှင့်အဖွဲ့က ဝိုင်းရံ ပံ့ပိုးကာ ထီးတော် တင်မည်ဟု ပွဲတော် ဖြစ်မြောက်ရေးကော်မတီ ဝင် စဝ်ပင်ခမ်းက ဤကဲ့သို့ ပြောသည် ။


“ ဒီပွဲက ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က အလှူ ရှင်လေ ။ ပွဲဖြစ်ဖို့က PNO တို့က တာဝန်ယူတာ ။ ဧည့်ခံကျွေးမွေးတာက အစ လုပ်အားဒါန အားလုံး ပေါ့ ။ ပွဲက ၂၀ နဲ့ ၂၁ ရက် ။ ဇါတ်သဘင်က သျှမ်းကော ၊ ပအိုဝ်းကော တညစီလေ ၊ စင်တင်တေးဂီတ ကတော့ ပူးတွဲပေါ့ ” - ဟု စဝ်ပင်ခမ်းက ပြောသည် ။


ပွဲတော်တွင် နောင်မွန်သျှမ်းဇာတ်သဘင် ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် တို့ တည်ထောင်ပေးထားသည့် ပအိုဝ်းဇါတ်အဖွဲ့တို့ ဖြေဖျော်မည်ဖြစ်ပြီး ပအိုဝ်း - သျှမ်း ခေတ်သစ်အဆိုတော်များလည်း တက်ရောက်မည်ဟု သိရသည် ။


ပွဲတော် အခမ်းအနားအားတက်ရောက်ရန် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ၊ စစ်ခေါင်း ဆောင်များ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ ၊ တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပါအဝင် NCA လက်မှတ် မထိုးသေးသည့် မိုင်းလားတပ်ဖွဲ့ ၊ ၀ တပ်ဖွဲ့ စသည့် အဖွဲ့အစည်းများအားလုံးလည်း ဖိတ်ကြားထားသည်ဟုသိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates