သျှမ်းပြည်နယ်တဝှမ်း ဆယ်တန်း စာမေးပွဲဖြေဆိုသူ ၄ ပုံ တပုံသာအောင်
သျှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆို သူ လေးသောင်းကျော် ရှိသည့်အနက် စာမေးပွဲ အောင်မြင်သူ ၂၈ ရာခိုင်နှုန်းကျော် သာရှိသည်ဟု ပညာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည် ။
သျှမ်းပြည်နယ်အတွင်း စာမေးပွဲဖြေ ဆိုသူ ၄၁၃၃၄ ဦးရှိသည့် အနက် အောင်မြင်သူ ၁၁၆၄၈ ဦးအောင်မြင်ပြီး ရာခိုင်နှုန်း အားဖြင့် ၂၈.၁၈ ရာခိုင်နှုန်းသာရှိပါသည် ။
ထိုအနက် ဘာသာစုံဂုဏ်ထူးရရှိသူ ၂၉ ဦးရှိပြီး ဂုဏ်ထူးအများ ဆုံးထွက် ရှိသည့် ဘာသာရပ်မှာ ဘောကဗေဒ ဖြစ်ကြောင်းသိရသည် ။
သျှမ်းပြည်နယ်အတွင်း ဂုဏ်ထူးရရှိသူအရေအတွက်မှာ ၂၄၄၁ ဦးရှိပြီး ဘာသာစုံဂုဏ်ထူး ရရှိသူ ၂၆ ဦး ၅ ဘာသာ ဂုဏ်ထူးရှင် ရ၉ ဦး ၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁၀၀ ဦး ၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၇၀ ဦး ၊ ၂ ဘာသာ ဂုဏ်ထူး ရှင် ၃၂၇ ဦး ၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၇၃၉ ဦး ခန့်ရှိသည်ဟုသိရသည် ။
ဂုဏ်ထူးအများ ဆုံးထွက်ရှိသည့် ဘာသာရပ်မှာ ဘောကဗေဒ ဖြစ်ပြီး ဖြေ ဆိုသူနည်းပြီး အနည်းဆုံး ဂုဏ်ထူး ထွက်ရှိသည့် ဘာသာရပ်မှာ သမိုင်း ဖြစ်သည် ။
အောင်ချက် အနည်းဆုံးမြို့နယ်များမှာ သျှမ်းပြည်အရှေ့ပိုင်းမိုင်းယန်းမြို့က ၂ ယောက် ၊ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ၃ ယောက် ၊ မိုင်းပန်မြို့နယ် ၄ ယောက် နှင့် ကျေးသီးမြို့နယ် က ၆ ယောက် သာအောင်မြင်ပါသည် ။
သျှမ်းပြည်နယ်၏ မြို့နယ်အလိုက် အောင်မြင်သူများစာရင်းကိုအောက်ပါလင့်အတိုင်းနှီပ်ကြည့်နိုင်ပါသည် ။ ပညာရေးဝန်ကြီးဌာနမှကူးယူဖော်ပြထားပါသည် ။
https://www.facebook.com/moe.gov.mm/photos/a.925011847605879.1073741828.924512940989103/1003958206377909/?type=3
Tags: Education, News
