အဝတ်စ ဖြင့်ဖုံးထားသောအဖြေကို သိလို
သို့- သျှမ်းသံတော်ဆင့်မှတဆင့် ဖော်ပြပေးစေလို
သျှမ်း / ရှေ့ ထိုင်း-မြန်မာ နယ်စပ်မြို့ အဖြစ် လူသိများပြီး သျှမ်းတိုင်းရင်း သား တွေ အစဉ်အဆက် နေထိုင်လာခဲ့တဲ့တာချီလိတ် မြို့ အဝင် ဆိုင်းပုဒ် ငယ် ကို သျှမ်းပြည်နယ် စည်ပင်ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ သျှမ်းစာဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေးသား စိုက်ထူထားတာကို သျှမ်းတိုင်းရင်းသူ တယောက် အနေနဲ့ ကျေနပ် ဝမ်းသာ ဂုဏ်ယူ ပြီး ကြည့်လို့ မဝ ဖြစ်ခဲ့ရပါတယ် ။
ထို့အတူ ပဲ သျှမ်းပြည်နယ်အတွင်းရှိ မြို့တွေ ရဲ့ နာမည်တွေကို သျှမ်းစာ နဲ့ ရေးသားထားတဲ့ မြို့အဝင် ဆိုင်းဘုတ် (လွဿလ္လမ်) လွိုင်လင် ၊ (လၢႆးၶႃႈ ) လဲခ်ား ၊ (သႅၼ္ဝီ)သိႏၷီ ၊ (လ္ဂင်း္ဓိုဝ်း) လင်းခေး ၊ (မိုင်း္ဒိုင်) မိုင်းကိုင် -ပြုလုပ်နေဆဲ ၊ (္မမှ်္ဓူမ်း) နမ့်ခမ်းမြို့ တွေကိုတွေ့ရလို့ ဖက်ဒရယ် ပြည်ထောင်စု ဆီသို့ ဦးတည် နေတာကိုတပိုင်းတစ ကျေနပ် ခဲ့မိပါတယ် ။
ဒီလိုပါပဲ မွန်ပြည်နယ် ရဲ့ လွှတ်တော် အဆောက် အအုံကြီးရှေ့မှာလည်း မွန်စာပေနဲ့ မြန်မာစာ၊အင်္ဂလိပ်စာတို့နဲ့ ခမ်းနားစွာရေးသားထားတာကို ပုံပါ အတိုင်း တွေ့မြင်ခဲ့ရလို့ မွန် ပြည်နယ်နဲ့မွန်လူမျိုးများ အတွက် ဂုဏ်ယူမိပါ တယ်။ ဒါပေမဲ့ လူစုံ သက်စုံ မြင်ခွင့်မရသေးတဲ့ တာချီလိတ်မြို့အဝင် အလှကိုတော့ဒီနေ့ ပုံမှာမြင်ရတဲ့အတိုင်း အဝတ်စ နဲ့ ဖုန်းအုပ်ထား လိုက် တာ ဘာကြောင့်လဲ ဆိုတာ ကျမ လိုပဲ ကျန်တဲ့သူတွေလည်းသိချင်မယ် လို့ ကျမ ထင်ပါတယ် ။ ၄င်းကဲ့သို့ ပဲ တောင်ကြီးမြို့ နယ် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသမှ ကျေးရွာ အဝင်တွေမှာ ပအိုဝ်း စာတွေနဲ့ လွတ်လပ်စွာ ရေးသား ထား တာ အမြောက်အများ တွေ့မြင်နိုင်ပါတယ် ။
အခုတော့ အဝတ်စ ဖြင့် ဖုံးအုပ်ထားသော တာချီလိတ်မြို့အဝင် ဆိုင်းဘုတ် ရဲ့အဖြေကို သက်ဆိုင်ရာ ဝန်ကြီးနှင့်မြို့အုပ်ချုပ်ရေးပိုင်းမှ လူကြီးမင်းများ ၊တာချီလိတ်မြို့နေပြည်သူများ ထံမှကျေနပ်စွာ ကြားသိလိုပါကြောင်း ။
( ကြားထားတဲ့ ၊ခိုင်လုံတဲ့ သတင်း အတိုင်းတော့ မဖြစ်စေလိုပါကြောင်း)
**လူမျိုးရေး မုန်းတီး မှုကို မလိုလားပါ **
***တိုင်းရင်းသား အချင်းချင်း နှိမ့်ချ ခြင်း၊ဖိနှိပ်ခြင်း ကင်းဝေးကြပါစေ ။**
မှ-
လူထုအားလုံးနဲ့ထပ်တူ ခံစားရတဲ့ တောင်ကြီးသူတဦး
Tags: Letter to Editor

